Showing posts with label Champion League. Show all posts
Bursaspor 0-3 Manchester United – UEFA Champions League – Tuesday, November 2, 2010
SCORING SUMMARY | |
Bursaspor 0 | 3 Manchester United |
Darren Fletcher (48) | |
Gabriel Obertan (73) | |
Bebé (77) |
MATCH STATS | ||
Bursaspor | Manchester United | |
Shots (on Goal) | 15(6) | 12(5) |
Fouls | 4 | 10 |
Corner Kicks | 7 | 6 |
Offsides | 0 | 5 |
Time of Possession | 38% | 62% |
Yellow Cards | 0 | 0 |
Red Cards | 0 | 0 |
Saves | 2 | 6 |
မန်ယူနိုက်တက် vs ဘာစက်စ်ပို (အဝေး)
၂ ဖက်အသင်းရဲ့ အနေအထား
ဒီနေ့ ပွဲ အပြီးနိုင်ပွဲဖြစ်လို့ ရှိရင် အုပ်စုပွဲတက်ဖို့ ဖာဂီပြောထားတဲ့ လိုအပ်တဲ့ ၁၀ မှတ်ရပြီမို့ မန်ယူနိုက်တက်အဖို့ နောက်ပွဲတွေ ဒူးနှံနေလို့ ရလောက်ပြီလို့ ထင်ပါတယ်။ ၃ မှတ်အပြည့်ရလောက်အောင်လွယ်ကူတဲ့ပွဲမျိုးလားဆိုရင်တော့ တာကီ(တူရကီ)ချန်ပီယံတို့ အုပ်စုပွဲမှာ နိုင်ပွဲမရှိ သွင်းဂိုးမရှိမို့ လွယ်လိမ့်မယ်လို့ ထင်မှတ်ကောင်းထင်မှတ်လို့ ရပါတယ်။ ဒါပေမဲ့ တာကီတို့ အိမ်ကွင်းဖြစ်တဲ့အပြင် သူတို့ နေရာမှာ တမူထူးခြားတဲ့ အားပေးမှု့ မျိုးနဲ့ နာည်ကြီးတာဆိုတော့မထင်မှတ်တဲ့ ရလဒ်တွေ ဖြစ်တတ်ပါတယ်။ ဒီလိုအဖြစ်မျိုးအတွက် မျှော်လင့်တကြီးနဲ့ သမိုင်းကြောင်းကိုရွှေစာလုံးဖော်မယ်လို့ ပြောသူကတော့ သူတို့  မန်နေဂျာကိုယ်တိုင်ပါပဲ။ ဗန်လင်စီယာနဲ့ အိမ်ကွင်းပွဲမှာတော့ ၄-၀ နဲ့ ရှုံးထားတယ်ဆိုပေမဲ့ အဲ့ဒီ့နောက် သူတို့ အမှတ်ပေးဇယားမှာ ရှုံးပွဲမရှိ ထိပ်ဆုံးကမို့ ယုံကြည်ချက်အပြည့်ဖြစ်နေတဲ့အတွက် ဒါကိုတော့ သတိပြုရလိမ့်ယ်။
မန်ယူနိုက်တက် အခြေအနေက ပြီးခဲ့တဲ့ ၄ ပွဲလုံးမှာ အမှတ်ပြည့် ၁၂ မှတ်ယူထားနိုင်ခဲ့ပါတယ်။ နောက်ဆုံးပွဲစပါးနဲ့ ပွဲမှာ ကစားကွက်အသားစီးနဲ့ ပေးဂိုးမရှိတာက ယူနိုက်တက်ကို ယုံကြည်ချက်တိုးတက်စေတဲ့တချက်ပါ။ ဖာဂီကိုယ်တိုင် ယုံကြည်မှု့ လွန်ကဲပြီး မပေါ့ဆဖို့ ဒီလို သတိပေးထားပါတယ်။
ပြီးခဲ့တဲ့ရင်ဆိုင်ပွဲ”အမှတ်ပေးဇယားမှာ ထိပ်ဆုံးဖြစ်နေတဲ့ အသင်းမျိုးကို အမြဲလေးစားမှု့ ရှိရလိမ့်မယ်။ တူရကီလိဂ်ပာာခက်ခဲကြောင်း
သိပြီးသားပါ။ ပြီးခဲ့တဲ့ ဘက်စီတက်စ်၊ ဂါလာတာစာရေး နဲ့ ဖီနန်ဘချီ တို့ နဲ့ ကြုံဖူးပြီး စမ်းသပ်ခဲ့ပြီးမို့ အင်္ဂါနေ့ ပွဲမှာလည်း ဒီလိုမျိုးပဲ ခက်ခဲတဲ့ ပွဲမျိုးဖြစ်လိမ့်မယ်လို့ မျှော်လင့်လို့ ရပါတယ်။”
၂ ဖက်အသင်းတွေ့ တုန်းက နာနီရဲ့ ၇ မိနစ် ဂိုးတလုံးထဲနဲ့အိုထရပ်ဖို့ ဒ်မှာ ပွဲအပြီးထိဦးဆောင်နိုင်ခဲ့ပါတယ်။ လူစာရင်းအရ ပွဲထွက်ကစားသမားတွေထဲမှာ ဦးဆောင်တိုက်စစ်မှူးဖြစ်တဲ့ ဗာဘာတော့နဲ့ ပာာနန်ဒက်စ်တို့ မပါဝင်ပဲ နောက်တန်းကိုလည်း စမောလင်း နဲ့ ဖြည့်ကစားသွားတာပါ။ ၁ ဂိုးအသာဖြစ်ပေမဲ့ တာကီအသင်းဖက်က ခြေချင်းယှဉ်ပြီးတန်ပြန်တိုက်စစ်မရှိသလောက်ကို ရှားပါတယ်။ သူတို့ ရဲ့ ဂိုးပေါက်မှန်တဲ့ ကန်သွင်းချက် ၁ လုံးသာရှိခဲ့ပါတယ်။
ဒီတခေါက် အိုးထရပ်ဖို့ ဒ်ပွဲနဲ့ ခြားနားတဲ့ခြေကိုရင်ဆိုင် ရဖို့ တာကီ(တူရကီ)တို့ အားထည့်ကစားပါလိမ့်မယ်။
ယူနိုက်တက်ဖြစ်နိုင်ချေပွဲထွက်
ဒီနေ့ ပွဲမှာ အင်ဂျူရီကြောင့်မပါနိုင်မဲ့ ရီရို၊ အီဗန်၊ မက်ခေါဒါး၊ ဂစ်ဖ်ဆင် နဲ့ အန်ဒါဆင် တို့ မပါဝင်နိုင်ပါဘူး။ သူတို့ နဲ့ အတူ ရွန်နီ ၊ ဂစ်နဲ့ အိုဝင်တို့ လည်း ပါဝင်ဖို့ မရှိပါ။ အိုဘာတန်၊ ဘီဘီ တို့ လည်း အနည်းဆုံး တစိတ်တပိုင်းဖြစ်ဖြစ် ပါဝင်ကစားစေမယ်လို့ ယူဆမိတယ်။ နောက်တန်းမှာတော့ စမောလင်းနဲ့ ဗစ်ဒစ်တို့ အတွဲကို အရင်ပွဲကလိုပဲ ရာဖာရဲနဲ့ အဲဗရာတို့ နဲ့ အတူမြင်နိုင်ပါတယ်။ အလယ်ကိုတော့ ၁၃ပွဲထွက်အတွက် ၇ ဂိုးနဲ့ ၉ လုံးဆင်ပေးထားတဲ့ နာနီကို ထဲ့ကစားဖို့ မြင်ပြီး ပတ်ကျိဆန်ကိုလည်း ကဲရစ်နဲ့ ဖလပ်ချာတို့ နဲ့ အတူပွဲထွက်နိုင်ပါတယ်။ ဒီပွဲထူးခြားမှု့ တခုက တိုက်စစ်မှူး တစ်ယောက်သာထားပြီး ယူရုတ်ပွဲကိုပွဲထွက်လေ့ရှိတဲ့အတွက် ရှေ့ မှာ ပာာနန်ဒက်စ် ဒါမှမပာုတ် ဗာဘာကို သာအထောင်တိုက်စစ်မှူးအနေနဲ့ မြင်ခွင့်ရနိုင်ပါတယ်။ ဒါကြောင့် အလယ်မှာ အိုဘာတန် နာနီနဲ့ အတူပွဲထွက်လေမလားဆိုတာ စောင့်ကြည့်ရမဲ့ အချက်တခုပါ။ ဒီလိုသာဆိုရင်တော့ အစွမ်းအစမသေးတဲ့ အိုဘာတန်အဖို့ မိမိဘာလိုစွမ်းဆောင်နိုင်ကြောင်းယုံကြည်ချက်ပေးဖို့ မပာာအခွင့်ကောင်းတခုမို့ ပိုင်ပိုင်နိုင်နိုင်အသုံးချစေချင်တာပဲ။ နာနီ ညာနဲ့ အိုဘာတန် ဘယ်ဝန်းက တိုက်စစ်အတွဲကို ရှေ့ အနာဂတ်မှာ မြင်ရဖို့ အတွက်ပါ။ ဂိုးသမားနေရာမှာတော့ ကူးချက်က တာဝန်ယူဖို များပါတယ်။ အရံအားဖြင့်တော့ ဂိုးသမား အာမို့ စ်နဲ့ အတူ စကိုး၊ ဘရောင်း၊ အိုရှေး၊ ဘီဘီနဲ့ ဗာဘာဒါမှမပာုတ် ချီချာရီတို့ တို့ ဖြစ်နိုင်ပါတယ်။
ပွဲခန့် မှန်းချက်
ဒီပွဲကနေ လိုအပ်တဲ့အမှတ်ကို ရယူနိုင်ခဲ့ပြီးရင် ချန်ပီယံလိဂ်အုပ်စုပွဲအတွက် ဒီဇင်ဘာလကုန်အထိ စိတ်ချလက်ချနဲ့ ကစားလို့ ရပြီမို့ အနိုင်ကိုသာခန့် မှန်းမိပါတယ်။ ရလဒ်ကတော့ ၂-၀ ဗျာ။


Manchester United 1-0 Bursaspor

Manchester United 1-0 Bursaspor
Goals
Nani (7′)
Statistics
Possession: 64%
Corners: 6
Shots (On Target): 12 (4)
Fouls Conceded (Suffered): 11 (11)
Bookings: Nani
Attendance: 72,610
Team: Kus, Rafael, Vida, Smalling, Evra, Anderson. Carrick, Fletch, Nani, Kiko, Park.
Subs: Amos, Nev, Berb, Chicharito, Bebe, O’shea and Obertan.
ဟာနန်ဒက်ဇ် ဂိုးနဲ့ စပိန်မြေမှာ အနိုင်ရခဲ့တဲ့ သရဲနီတပ်သားများ
![]() |
Javier Hernandez slots the winning goal for Manchester United |
ဗလန်စီယာပွဲ အနိုင်ပဲ ယူပါရစေ
အုပ်စုပွဲအတွက် အသင်းရတော်တယ်လို့ ဘယ်သူများဆိုလေမသိ။ ကြည့်ရတာ ဗီလာနဲ့ ဆေးဗားတို့ ထုတ်ပြီး ဗလန်စီယာ တပ်ပျက်လိမ့်မယ်လို့ ယူဆကြသလို ရိန်းဂျားက စကော့တလန်က ချန်ပီယံမို့ အထင်သေးတယ်နဲ့ တူပါတယ်။ ထင်သလိုမပာုတ်တဲ့အထဲမှာတော့ အုပ်စုကြကတည်းက ပြောသလောက်တော့လွယ်မယ်လို့ မထင်မိ တာက ကျနော်! စကော့သားဖြစ်နေလို့ ရိန်းဂျားအနေနဲ့ လဲ တော်ရုံနဲ့ အရှုံးမပေးချင်ဘူးမလား။ အထူးသဖြင့် ရိန်းဂျားမြို့ ဂလာစကို မှာမွေး ရိန်းဂျားမှာကစားပြီး ပြိုင်ဖက် အက်ဘာဒင်းကို ယူရုတ် အကောင်းဆုံးတနေရာပို့ ပေးသူအနေနဲ့ စကော့သားအချင်းချင်း ကြုံလိုက်တိုင်း အမြဲလိုအကောင်းဆုံးခံကစားချင်ကြတာချည်းပဲမလား။ ဒီနေ့ ဗလန်စီယာနဲ့ ပွဲအတွက် ကိုတော့ ဆာအဲလပ်စ် က ဒီလိုပွဲမျိုးလွယ်မယ်ထင်ရင်တော့ အရူးပဲဖြစ်လိမ့်မယ် လို တောင်ထုတ်ဖော်ပြောလေရဲ့။
“ပြီးခဲ့တဲ့နှစ်တွေမှာ ဗလန်စီယာရဲ့ အိမ်ကွင်းရလဒ်က အတော်လေးကောင်းတယ်။ ဒီအချက်ကို မလေးစားရင်တော့ ရူးတာပဲ။ စပိန်မှာ ဖလားအနိုင်ယူတဲ့အသင်းမျိုးမွေးထုတ်ပေးတဲ့ အစဉ်အလာက အသိအမှတ်မပြုလို့ ကိုမရတာ။ စပိန်ဘောလုံးအဆင့်အတန်းက အမြဲလိုလိုကောင်းနေတဲ့အတွက် ဒါပေါ့ဗျာ အနိုင်ယူဖို့ ခက်ခဲတဲ့နေရာပါပဲ။”
ခံငြင်းပြီး လွယ်မယ်လို့ ထင်ရဲတဲ့သူလည်း ရှိလိမ့်မယ် မထင်ဘူးနော်။ စပိန်လိုလိဂ်မှာ ထိပ်ဆုံးက ပြေးနေတဲ့အသင်းကို အလေးထားသင့်တာအမှန်ပါပဲ။ မထားလို့ လဲမရဘူးလေ စပိန်အသင်းတွေက အင်္ဂလန်ထိပ်သီးတွေကို အသဲခွဲလိုက်တာ သိပ်မကြာသေးပဲကိုဗျ။ ကိုယ်တွေ့ အရဆိုရင် ပြီးခဲ့တဲ့ ၇ နှစ် ၈ နှစ်လောက်ကနဲ့ တူတယ် စပိန်ဇယားထိပ်ဦးဆောင်နေတဲ့ ဒီပိုတီဗို နဲ့ တွေ့ တုန်းက ဒီအသင်းတော့ ရီရဲလဲမပာုတ် ဘာကာလည်းမပာုတ် နာမည်ကြီးတဲ့အထဲ မြင်နေမကျတဲ့အသင်းမို့ အေးဆေးပဲလို့ တွက်ကာမှ မန်ယူကဝယ်မယ်လို့ နောက်ပိုင်းနာမည်ထွက်လာတဲ့ ဒီယေဂိုထရစ္စတန်တို့ နှိပ်စက်သွားပါလေရော။ မန်ယူအဖို့ စပိန်ဇယားထိပ်အသင်းနဲ့  “တခါသေဘူးပျဉ်ဖိုးနားလည်” နေလောက်ပြီလို့ ယူဆပါရဲ့။ ဖာဂီကိုယ်တိုင် ပြီးခဲ့တဲ့ ကားလင်းပွဲကိုအလွတ်ခံပြီး ဗလန်စီယာနဲ့ အန်တလက်တီကို ပွဲသွားကြည့်ထားတယ်လေ။ ဒီတခါတော့ ဖာဂီအကောင်းဆုံး ပြင်ဆင်ပြီး စပိန်မြေကိုရောက်လာပြီလို့ ထင်တာပဲ။ ဒါကြောင့်လည်း ဖာဂီရဲ့ လိုင်းအပ်က ကိုရို့ စ်ဆိုသလို ၄-၅-၁ ဖြစ်ဖို့ များပြီး ကစားမဲ့နေရာမှာ ဖလပ်ချာ၊ နာနီ၊ အန်ဒါဆင်၊ ကားရစ်၊ နဲ့ ပတ်ဂျီဆန် ဒါမှမပာုတ် ဂစ်ဖ်ဆင်တို့ ဝင်နွဲဖို့ ယူဆပါတယ်။ အောက်ကြေးတောင်ပေါက်နေတဲ့ မန်ယူအဖို့ သရေက အကောင်းဆုံးရလဒ်လေလားလို့ အများတကာထင်မှတ်ထားပေမဲ့ ကျနော်တော့ ၁-၀ လောက်ကပ်နိုင်ဖို့ မျှောင်လင့်တာပဲ။
့အကြောင်းရင်းကဒီလို ဂစ်ပေါင်တွင်းကြောဒဏ်ရာကြောင့် မပါဝင်နိုင်သလို စကိုးလ်လည်း ဒဏ်ရာမကင်းဖြစ်နေလို့ ၁၀ရက်လောက် ဝင်ပါမယ်မပာုတ်ဘူးလို့ ဆိုထားတာကြောင့် ရွှေအိုရောင်ခေတ်ရောက်နေတဲ့ ဂစ်နဲ့ စကိုးတို့ မပါပဲ ယူရုတ်ပွဲကို နိုင်လိုက်ခြင်းက ကျန်ကစားသမားတွေကို စိတ်ဓါတ်အပာာရ ပေးနိုင်သလို ၃ ပတ်နားနေမဲ့ ရွန်နီ အတွက် ပိုပြီးအသက်ရှုချောင်လိမ့်မယ်လေ။ ရွန်နီ ထဲ့ကစားတော့ ထဲ့ကစားလို့ မထဲ့ပြန်ရင်လဲ မထဲ့ရကောင်းလား အမြဲလို “ဆီလိုအပေါက်ရှာ”နေတဲ့ မီဒီယာတွေ ပါးစပ်ပိတ်ပြီး တခြားဖက်လှည့်သွားအောင်လုပ်ဖို့ နည်းလမ်းတရပ်က သူတို့ မှန်းတာကို အမှားဖြစ်အောင်လုပ်ပြဖို့ ပဲရှိတာမို့ ပါ။ သူတို့ တတွေ ရွန်နီခြေပျက်နေတဲ့ ဇာတ်ထုတ်နဲ့ ပဲ မန်ယူနိုက်တက်တခုလုံးလည်း ကုန်းကောက်စရာမရှိအောင် မွဲတေကျဆုံးသွားပြီလို့ တဖွဲ့ တနွဲ့ ရေးချင်နေတာ လက်တပြင်ပြင်နဲ့ ဆိုတော့။ မန်ယူအခြေမလှရင် သူတို့ ပျှော် ပြီးအာရွှင်သလို သူတို့ အမှားကောက်ပြီး မန်ယူကိုအသက်အောင့် ချီးကျူးနေရင် ကျနော်ပျှော်တယ်လေ။ ဒါကြောင့်ဘယ်လိုပဲ အောက်ကြေးပေါက်ပေါက် အနိုင်ကိုပဲ တဖက်သတ်မျှော်လင့်မိတာပဲ။
ပြီးခဲ့တဲ့ ယူရုတ်ပွဲ ၁၁ ပွဲ အရှုံးမရှိ ဗလန်စီယာနဲ့ ပွဲ အဖို့ တော့ ဖာဂီကပဲ
“ရိန်းဂျားဂိုးမရှိသရေကျတာတော့ စိတ်ပျက်စရာပဲ ဒါပေမဲ့ အုပ်စုပွဲတက်ဖို့ နောက်ထပ် ၅ ပွဲကစားဖို့ ကျန်နေပါသေးတယ်။ ဒီပွဲက ခက်ခဲမှာမလွဲပါဘူး ဒါကလည်း ယူရုတ်ဖလားရဲ့ အနှစ်သာရ တစ်ခုပါ ဘောလုံးအင်အာကြီးတွေဖြစ်တဲ့ စပိန် အီတလီနဲ့ ဂျာမနီနိုင်ငံတွေရဲ့ အကောင်းဆုံးဆိုတဲ့ အသင်းမျိုးတွေ နဲ့ ရင်ဆိုင်ရတာကိုက အကောင်းဆုံး ဖလားပြိုင်ပွဲဖြစ်စေတာမပာုတ်လား”
ဒါပေါ့ဗျာ ချန်ပီယံလိဂ်လေဗျာ။ မီဒီယာတွေ လိုချင်တဲ့ ဒီပွဲအပြီးရလဒ် ဆိုတာထက် စပိန်ရဲမြေမှာ အကြီးကျယ်ဆုံးဖလားကို လက်ရှိအကောင်းဆုံး စပိန်အသင်းနဲ့ ဆင်နွဲမှာမို့ ဒါကိုအဓိကစိတ်သွင်းပြီး ဘောလုံးအရသာခံဖို့ လဲ မေ့မနေဖို့ ကျနော့်ကိုကျနော် သတိပေးနေရမဲ့ပုံပဲ။ အုပ်စုတက်ဖို့ အဆုံးအဖြတ်က ဒီပွဲအပြီး နောက် ၄ ပွဲကျန်နေပါသေးတယ်လေ။ ဖြစ်သင့်တာထက်ဖြစ်ချင်တာကို အမြဲလို ဦစားပေးတဲ့ ကျနော့်အဖို့ ကတော့ အသက်အောင့်ပြီး ထပ်ပြောလိုက်မယ် မန်ယူ အနိုင်ဗျာ။ ၁-၀ နဲ့ ။
ကဲ.. ရင်ခုန်လို့ ရပြီ..


အစဉ်အလာ မကောင်းတဲ့ စပိန်မြေမှာ မန်ယူရဲ့ ချန်ပီယံလိဂ် ရလဒ်ကို ပြောင်းလဲနိုင်မလား


မန်ချက်စတာယူနိုက်တက်အသင်းကတော့ ရော်နယ်ဒို တီးဗက်တို့ ထွက်ခွာပြီးနောက်ပိုင်း အသင်းရဲ့ အနေအထားက အကျဖက်ရောက်နေတယ်ဆိုတာ ပြီးခဲ့တဲ့ နှစ်က ရလဒ်တွေနဲ့ ဒီနှစ်ရလဒ်တွေက သက်သေခံနေပါတယ် ခေါ်ယူထားတဲ့ ကစားသမားတွေ ဖြစ်တဲ့ အိုဝင် ဟာနန်ဒက် အိုဘာတန် ဗလင်စီယာ တို့က အသင်းအတွက် အကောင်းဆုံး ပံ့ပိုးပေးနိုင်မူ့ မရှိခဲ့သလို မန်ယူရဲ့ အားထားရတဲ့ တိုက်စစ်မှူး ရူနီ ဟာလည်း လူမူ့ရေး ပြသနာတွေနဲ့အတူ ဒဏ်ရာပြသနာ ကြံ့ခိုင်မှူ့ မပြည့်ဝ တာတွေနဲ့ လုံးပန်းနေရပြီး ခြေစွမ်းပျောက်ဆုံးနေတာကအစ မန်ယူနောက်တန်းရဲ့ ယိုယွင်းမှူ့ တွေကအဆုံး လိုအပ်ချက်တွေရှိနေတဲ့ မန်ယူအသင်းဟာ အမှတ်ပေးပြိုင်ပွဲမှာ အဝေးကွင်းနိုင်ပွဲမရှိ သရေရလဒ်များနဲ့အတူ ချဲဆီးရဲ့ အောက် ဒုတိယ နေရာမှာ ရောက်ရှိနေသလို ချန်ပီယံလိဂ်အုပ်စု ပထမပွဲမှာလည်း အိမ်ကွင်းတွင် ရိန်းဂျား အသင်းကို ဂိုးမရှိသရေ ကစားကာ အုပ်စု(C) မှာ ရိန်းဂျားနဲ့ အမှတ်တူ ရမှတ် (၁)မှတ်နဲ့ ဗလင်စီယာအသင်းအောက် ရောက်ရှိနေတာကတော့ မန်ယူ အသင်းရဲ့ လက်ရှိအနေအထားတွေကို ထင်ဟပ်ပေါ်လွင်စေပါတယ်။ ။
30.09.2010 (ကြာသပတေးနေ့) နံနက် 01:15 AM မှာ စပိန်မြေ ဗလင်စီယာ အသင်းရဲ့ မက်စ်တဲလားကွင်းမှာ ယှဉ်ပြိုင်ကစားမဲ့ မန်ယူအသင်းဟာ စပိန်မြေမှာ စပိန်အသင်းတွေနဲ့ ဆုံတွေ့တဲ့ အခါတိုင်း အစဉ်အလာ မကောင်းခဲ့တာကတော့ မန်ယူအသင်းအတွက် စိုးရိမ်စရာ အနေအထားတစ်ရပ်ပါ၊ စပိန်အသင်းတွေနဲ့ မန်ယူအသင်း တွေ့ဆုံခဲ့ဘူးတဲ့ သမိုင်းကြောင်းမှာ မန်ယူအသင်းက စုစုပေါင်း(၁၈)ပွဲမှာ၊ (၁)ပွဲနိုင်၊ (၈)ပွဲသရေ၊ (၉)ပွဲရှူံး နိမ့်ထားတာကြောင့် စပိန်မြေဟာ မန်ယူအသင်းအတွက် ဆူးခင်းလမ်းကို ဖြတ်သန်းရသလိုပဲ ခက်ခဲ ကြမ်းတမ်းလွန်းလှပါတယ်။ ။
ဗလင်စီယာအသင်းနဲ့ မန်ယူအသင်း (၇)ကြိမ် တွေ့ဆုံဖူးရာမှာ အဝေးကွင်း(၃)ပွဲမှာ မန်ယူအသင်းဟာ (၂)ပွဲသရေ (၁)ပွဲရှူံးဆိုတဲ့ ရလဒ်ဟာ မန်ယူအသင်းအတွက် စိုးရိမ်စရာပါ။ စပိန်မြေမှာ မန်ယူအသင်း နိုင်ခဲ့ဘူးတဲ့ တစ်သင်းထဲသော အသင်းဟာ ဒီပို့တီဗို အသင်းဖြစ်ပြီး ၂၀၀၁-၀၂ ရာသီက ချန်ပီယံလိဂ် ကွာတားဖိုင်နယ်မှာ အဆင့်မှာ တွေ့ဆုံခဲ့ကြတာဖြစ်ပါတယ်။ ။
မန်ယူအသင်းအတွက် မျှော်လင့်ချက် တစ်ခု ကောက်ရိုးမျှင်လေးကတော့ နည်းပြကြီး ဖာဂူဆန်ပဲ ဖြစ်ပါတယ်၊ မန်ယူအသင်းရဲ့ နောက်တန်းယိုယွင်းမှူ့ ဗလင်စီယာ၊ရူနီနဲ့ဂစ် ဒဏ်ရာကြောင့် မပါဝင်နိုင်မှူ့ အလယ်တန်းကစားသမားတွေရဲ့ ဘောလုံးဖြန့်ဝေတာနဲ့ ဘောလုံးဖြတ်တောက်တာ အားနည်းမှူ့တွေ ရှိနေပေမဲ့ အတွေ့အကြုံများလွန်းတဲ့ နည်းပြကြီး ဆြာဖာဂူဆန်က ဒီပွဲမှာ ဘယ်လို ပြုပြင်ပြီး အသင်းကို ကစားစေမလည်းဆိုတာကတော့ စိတ်ဝင်စားစရာ ကောင်းလှပါတယ်။ ။

ကျနော်ခန့်မှန်းချက်ကတော့ မန်ယူအသင်းဟာ ဘာဘာတော့/(ဟာနန်ဒက် -အရံ )ကို တစ်ဦးတည်း ရှေ့မှာ အထောင်ထားပြီး ပတ်ဂျီဆန်၊ပေါလ်စခိုး(သို့)ကားရစ်၊ဖလက်ချာ၊နာနီတို့နဲ့ အန်ဒါဆန်(သို့) ဂစ်ဘ်ဆင်တို့နဲ့ အလယ်တန်းကို အထူးပြင်ဆင်ကာ နောက်တန်းမှာ အီဗရာ၊ဗီဒစ်၊ဖာဒီနန်၊အိုးရှေး တို့နဲ့ ၄-၅-၁ ပုံစံနဲ့ ဗလင်စီယာအသင်းကို ယှဉ်ပြိုင်ကစားလိမ့်မယ်လို့ ထင်မြင်ယူဆပါတယ်။ ။
ဗလင်စီယာ အသင်းကတော့ ( ရှေ့တန်း-အဒူရစ်ဇ်၊ဒိုမင်ဂွက်ဇ် )၊၊ ( အလယ်တန်း-ယော်ကွင်း၊တိုပယ်၊အယ်လ်ဗာတိုကော်စတာ၊မာတာ ) ။ ( နောက်တန်း-ဘရူနီ၊နာဗာရို၊ရီကာဒိုကော်စတာ၊မက်သရူး ) ။ နဲ့ ဂိုးသမားအဖြင့် ဆီဆာဆန်းချက်ဇ် တို့နဲ့ (၄-၄-၂) ပုံစံနဲ့ ပွဲထွက်လာဖွယ်ရှိပါတယ် ။ ။
ဗလင်စီယာနဲ့ မန်ယူ နောက်ဆုံးတွေ့ဆုံခဲ့တဲ့ ၂၀၀၀-၀၁ မှာ အိမ်ကွင်း အဝေးကွင်း နှစ်ပွဲလုံး မည်သူမှ အနိုင်မရပဲ (၀-၀) နဲ့ (၁-၁) ရလဒ်တွေနဲ့ သရေ ရလဒ်တွေနဲ့သာ အဖြေထွက်ခဲ့တာကို တွေ့ရပါတယ်၊ ဒါကြောင့် လက်ရှိခြေစွမ်းကောင်းနေတဲ့ ဗလင်စီယာကို အဝေးကွင်းရလဒ်တွေ မကောင်းတဲ့ မန်ယူအသင်းဟာ အဝေးကွင်းမှာ အနိုင်ရဖို့ မလွယ်ပေမဲ့ ဖာဂူဆန်ရဲ့ နည်းဗျူဟာတွေကြောင့် သရေရလဒ်တော့ ကစားနိုင်မယ်လို့ မျှော်လင့်မိပါတယ်။ ဒါကြောင့် အဝေးကွင်းရလဒ်မကောင်းတာနဲ့ စပိန်မြေမှာ ကစားရတိုင်း အစဉ်အလာ မကောင်းခဲ့တဲ့ မန်ယူအသင်းက အစဉ်အလာဆိုးကို ချိုးဖျက်ပြီး အံ့အားသင့်ဖွယ် ရလဒ်တွေကို ဖာဂူဆန် နဲ့ မန်ယူ ကစားသမားတွေ ဘာတွေ လုပ်ပြနိုင်မလည်း ဆိုတာကိုတော့ ဒီတစ်ပတ်ရဲ့ ရင်ခုန်စရာ ဗုဒ္ဓဟူးည ( ကြာသာပတေးနေ့မနက်) ကို ကျနော်တို့ ရင်ခုန်စွာ စောင့်မျှော်ကြိုဆိုနေပါတယ်။ ။
ဖြစ်နိုင်ဖွယ် ရလဒ် ။ ။ ( ၀-၀ ) / ( ၁-၁ )

ဗလင်စီယာအသင်းနဲ့ ချန်ပီယံ လိဂ် ပွဲတွင် ရူနီပါဝင်ကစားနိုင်ပါမယ် ( မိုက်ဖီလန်က )

ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က ရီးဘွတ်က်စတေဒီယံ မှာ ဘော်လ်တန်နဲ့ ၂-၂ သရေ ကစားခဲ့တဲ့ပွဲမှာ ဒုတိယပိုင်း ပွဲမပြီးခင် နာရီဝက်လောက်ကတည်းက လူစားလဲခံရတဲ့ ရူနီဟာ နောက်ပိုင်းမှာ ခြေချင်းဝတ် ဒဏ်ရာတွေက အခုတိုင် မရေမရာ ဖြစ်နေပေမဲ့ ဗလင်စီယာနဲ့ ပွဲအတွက် ယူနိုက်တစ် တိုက်စစ်မှူးဟာ အဆင်သင့် ဖြစ်နေလိမ့်မယ်လို့ လက်ထောက်မန်နေဂျာ မိုက်ဖီလန်က အတည်ပြု ပြောကြားသွားခဲ့ပါတယ်။ ။
အဘယ့်ကြောင့် ၀ိန်းရူနီ ကစားတာတွေ မထိရောက်ရောက်ရတာလည်း၊ ဒီရာသီမှာ ပရီးမီးယားလိဂ်မှာ သရဲနီ တိုက်စစ်မှူး ရူနီဟာ ပင်နတီတစ်လုံးမှ အပ အခုတိုင်အောင် ဂိုးမသွင်းနိုင်တာ ဘာကြောင့်လည်း ဆိုတာ အခုလို ထပ်ဆင့် ရှင်းလင်းပြောကြား သွားပါသေးတယ်။ ။
" ၀ိန်းရူနီက အကောင်းဆုံး ကြိုးစားကစားခဲ့ပေမဲ့ သူ့ရဲ့ခြေချင်းဝတ် ဒဏ်ရာအခြေအနေက ဘယ်လိုအခြေအနေဖြစ်လာမလည်း ဆိုတာတော့ သေချာမသိပါဘူး"
"ဒီမနက်ထိတော့ သူ့အခြေအနေကို စောင့်ကြည့်ပါမယ် ဒါပေမဲ့ ဗုဒ္ဓဟူးနေ့မှာတော့ သူအဆင်ပြေစွာ ကစားနိုင်မယ်လို့ ထင်ပါတယ်"
"အခုလို ပွဲဆက်များတဲ့ အချိန်အခါသမယမှာ သူ့အနေနဲ့ ဂိုးဧရီယာထဲမှာ အခွင့်အရေး မရခဲ့တဲ့အတွက် သူအခွင့်အရေးရအောင် ပုံစံပြောင်း နေရာချပေးပြီး ကစားသွားစေဖို့ ဗျူဟာ အသစ်တွေ ဆုံးဖြတ်ချမှတ် ထားပါတယ်လို့" ပြောကြားသွားပါတယ်။ ။
မန်ချက်စတာယူနိုက်တက်ဟာ လာမဲ့ ဗုဒ္ဓဟူးနေ့ည ( မြန်မာစံတော်ချိန် ကြာသာပတေးနေ့ မနက် ၁ နာရီ ၁၅ မိနစ် ) မှာ ချန်ပီယံလိဂ် အုပ်စု ဒုတိယ ပွဲစဉ်အဖြင့် အုပ်စုတွင်း အတောင့်တင်းဆုံး ပြိုင်ဖက် ဗလင်စီယာနဲ့ အဝေးကွင်းတွင် သွားရောက်ကစားရမှာ ဖြစ်ပါတယ်။ ။
နောက်ဆုံးရသတင်း။ ။ ရူနီ၏ ဒဏ်ရာအခြေအနေအရ ကြံ့ခိုင်မှူ့ မပြည့်ဝသဖြင့် ဗလင်စီယာနှင့် ကစားမည့် ချန်ပီယံလိဂ် ပွဲထွက်လူစာရင်းတွင် ရူနီကို ချန်လှပ်ခဲ့ကြောင်း နောက်ဆုံး ရရှိသော သတင်းများအရ သိရှိရပါသည်။
UEFA Champion League Group Stage Draw 2010/11
ဒီကနေ့ Monaco မှာ ချန်ပီယံလိဂ် ပွဲစဉ်တွေ အတွက် အသင်းတွေကို အုပ်စုခွဲဖို့ မဲနှိက်ပြီး ခွဲလိုက်ပါပြီ..
အောက်က ဗွီဒီယိုမှာ ဘယ်အသင်းတွေ ဘယ်အုပ်စုတွေမှာ ကျသလဲ ဆိုတာ ကြည့်နိုင်ပါတယ်..။
ကျွန်တော်တို့ မန်ချက်စတာယူနိုက်တက်အသင်း ကတော့ စပိန် Valencia ၊ စကော့တလန် Rangers နဲ့ တူရကီ Bursaspor တို့နဲ့ အုပ်စု C မှာ ကျပါတယ်ခင်ဗျာ..
ပွဲကန်မယ့် နေ့တွေကတော့
Tue 14 Sep - Rangers အိမ်ကွင်း
Wed 29 Sep - Valencia အဝေးကွင်း
Wed 20 Oct - Bursaspor အိမ်ကွင်း
Tue 2 Nov - Bursaspor အဝေးကွင်း
Wed 24 Nov - Rangers အဝေးကွင်း
Tue 7 Dec - Valencia အိမ်ကွင်း
Euro goals special
The Champions League is back! Thursday's draw at 17:00 BST will pit the Reds against three other teams in this season's group stages. The way last year's European campaign ended was painful, but it's still worth reminiscing about some of our better Champions League moments from last term.
Watch our video, then
vote for your favourite European goal from 2009/10 ဒီလင့်လေးကိုနှိပ်ပြီး အကောင်းဆုံးဂိုးကို ဆန္ဒပြုပေးပါ
Before Thursday's group stage draw, we look back on last season’s Euro highlights…
1 Michael Carrick v Wolfsburg (2-1), OT, 30/09/09 United’s no.16 completes this comeback win in style with a sweetly struck curling shot into the top corner.
2 Michael Owen v Wolfsburg (3-1), Volkswagen Arena, 8/12/09 Typical Owen. At the end of a rapid Reds break he beat his man and finished with a fine lob over the keeper.
3 Wayne Rooney v AC Milan (3-2), San Siro, 16/2/10 A first win over Milan on Italian soil, and Rooney's glancing header from Fletcher's cross was the pick of our goals.
4 Darron Gibson v Bayern Munich (3-2), OT, 7/4/10 With Old Trafford rocking Gibson unleashes a 20-yard strike after three minutes to start this quarter-final second leg in style.
5 Nani v Bayern Munich (3-2), OT (3-2), 7/4/10 Valencia’s pinpoint cross was met by Nani's deft flick, sending the Reds faithful into delirium, even if the dream start turned sour…
source: Manchester United Official Web Site
Manchester United 3 - 3 CSKA Moscow - Champions League Highlights 3.11.2009
ဒီတစ်ပွဲကတော့ အလွန်ရင်ခုန်ခဲ့ရတဲ့ ပွဲတစ်ပွဲပါပဲ ပထမပိုင်းမှာ ၁ ဂိုး ၂ ဂိုး နဲ့ရှုံးနေပြီး ဒုတိယပိုင်း ၄၇ မိနစ်မှာ ၃ ဂိုးမြောက်သွင်းခံလိုက်ရတော့ ဘယ်လိုမှ အဖတ်မဆယ် နိုင်တော့ဘူးလို့ စိတဓါတ်အတော်လေးကျခဲ့ရတယ်..။
ဒုတိယပိုင်းမိနစ် ၈၀ ကျော်အထိ အခြေအနေက မထူးလာတော့ သွားပဟ ဆိုပြီးပွဲတောင် ဆက်မကြည့်ချင်မိတော့လောက်အောင် ဖြစ်သွားခဲ့ရပါတယ်..၊
ဒါပေမယ့် ကံကြမ္မာ ဖေးမတာကြောင့် ပွဲပြီးခါနီးမှ နှစ်ဂိုးပြန်သွင်းယူနိုင်ခဲ့ပြီး သရေဖြစ်သွားလို့ ဒီညတော့ အိပ်လို့ပျော်ပြီပေါ့ဗျာ..၊
ကျွန်တော်တို့အသင်း ရေရှည်ဆက်သွားဖို့ ပြောင်းလဲမှုတွေ လုပ်ဖို့လိုနေပြီလို့ ခံစားမိပါတယ် ခုထက်ထိတော့ ချန်ပီယံခြေစွမ်းကွလို့ ပြောလို့ရနိုင်လောက်အောင် ထူးထူးခြားခြား ခြေစွမ်းမပြနိုင်သေးပါဘူး..။
ဒဏ်ရာကျိန်စာများနဲ့ မလွတ်ကင်းနိုင်သေးသူ အိုဝင်
မန်ချက်စတာ ယူနိုက်တက် ကစားသမား ရှေ့တန်းတိုက်စစ်မှူး မိုက်ကယ်အိုဝင်မှာ မနေ့ညက ချန်ပီယံလိဂ်ပွဲစဉ် ၀ုဖ်ဘာ့နဲ့ ကစားစဉ် ခြေထောက် အဆစ်လွဲ ဒဏ်ရာ ရရှိခဲ့သဖြင့် သုံးပတ်ခန့် အနားယူရမယ်လို့ သိရပါတယ်။
အိုဝင်ဟာ ဒီပွဲစဉ်မှာ ပထမကစားသမား နေရာမှ ပါဝင်ကစားခွင့် ရရှိခဲ့သော်လည်း ပွဲစလို့ သိပ်မကြာခင်မှာပဲ ဒဏ်ရာရရှိခဲ့သဖြင့် ဘာဘာတော့ဖ်နဲ့ လူစားထိုးခဲ့ရပါတယ်။ ဖာဂူဆန်က
"မိုက်ကယ် ဒီဒဏ်ရာကို တနင်္ဂနွေနေ့တည်းက ရရှိခဲ့တာ ဖြစ်ပါတယ်။ ဒါပေမဲ့ တနင်္လာနေ့ ထရိန်နင်လေ့ကျင့်ရာမှာ သူအဆင်ပြေခဲ့ပါတယ်။ သူ့ကို အင်္ဂါနေ့ တရက် အနားပေးပြီး ၀ုဖ်ဘာ့နဲ့ ပွဲအတွက် အားမွေးခိုင်းခဲ့ပါတယ်။ ဒါကြောင့်လည်း ဒီပွဲမှာ သူ့ကို ကျနော် ပထမနေရာက ထုတ်သုံးခဲ့တာပေါ့။ သူဟာ အမြဲ ကျနော့ရဲ့ ဦးစားပေးစာရင်းမှာ ရှိနေပါတယ်"
လို့ မန်ယူတီဗီကို ပြောခဲ့ပါတယ်။
"သူဒီနေ့ ကစားတဲ့အခါ မထင်မှတ်ပဲ ဒဏ်ရာက ပြန်နာကျင်လာခဲ့ပါတယ်။ ဒီအတွက် အနည်းဆုံး ၂ ပတ်ကနေ ၃ ပတ်လောက်တော့ သူအနားယူ ရပါလိမ့်မယ်။ ဒါပေမဲ့ သူ့ကြံခိုင်မှုက ကောင်းပါတယ် သူအမြန်ပဲ ပြန်ကစားနိုင်မှာပါ" လို့ အသင်းတာဝန်ရှိ တဦးက ပြောခဲ့ပါတယ်။ မိုက်ကယ်အိုဝင် ကို နောက်သုံးပတ် အကြာ လီဗာပူးနဲ့ အန်ဖီးမှာ သွားကစားရမဲ့ ပွဲအမှီ ပြန်ကစားနိုင်ဖို့ မျှော်လင့်ထားကြပါတယ်။
ချန်ပီယံလိဂ် အုပ်စုပွဲစဉ် ရလဒ်များ (ဗုဒ္ဒဟူးနေ့)
ယနေ့ညမှာတော့ ချန်ပီယံလိဂ် အုပ်စုပွဲစဉ်များကို ဒုတိယနေ့ အဖြစ် ဆက်လက် ယှဉ်ပြိုင်ခဲ့ကြပါတယ်။ အသင်းအားလုံးက လယ်ဗယ်တူ အသင်းတွေမို့ ကြည့်ကောင်းတဲ့ ပွဲတွေ ဖြစ်ခဲ့တာကိုလည်း တွေ့ရပါတယ်။ အုပ်စု A မှာ Bayern နဲ့ Juventus တို့ ကစားခဲ့ကြပီး ဂိုးမရှိ သရေကျကာ ဘော်ဒိုးကတော့ အိမ်ကွင်းမှာ မက်ကာဘီ ဟိုင်ဖာ အသင်းကို ၁ ဂိုး ဂိုးမရှိနဲ့ အနိုင်ရခဲ့တာ တွေ့ရပါတယ်။
အုပ်စု B မှာတော့ CSKA Mosco အသင်းက Besiktas ကို ၂ ဂိုး ၁ ဂိုးနဲ့ အနိုင်ရခဲ့ပါတယ်။ ကျနော်တို့ မန်ချက်စတာ ယူနိုက်တက် အသင်းကတော့ ၀ုဖ်ဘာ့ကို အိမ်ကွင်းမှာ တဘက်အသင်းက ဦးဆောင်ဂိုး ရရှိပီးမှ ချက်ချင်း ဂစ်စ်က ချေပဂိုးသွင်းယူပြီး ကာရစ်ရဲ့ အနိုင်ဂိုးတို့နဲ့ ၂ ဂိုး ၁ ဂိုး ဖြင့် အနိုင် ရရှိခဲ့ပါတယ်။ ကာရစ်ရဲ့ အနိုင်ဂိုးက သရဲနီတွေကို ဒီအုပ်စုကို ဦးဆောင်ဖို့ ထိပ်ဆုံးသို့ ပို့ပေးခဲ့တာ ဖြစ်ပါတယ်။ ကာရစ်က "ကျနော် ဂိုးတွေ အများကြီး ရဖူးတဲ့သူ တယောက်မဟုတ်ပါဘူး။ ဒါပေမဲ့ ကျနော်သွင်းယူခဲ့တဲ့ ဂိုးတွေအတွက်တော့ တကယ်ပဲ ပျော်ရွှင်ပါတယ်" လို့ ပြောခဲ့ပါတယ်။
အုပ်စု C မှာတော့ နာမည်ကြီး AC Milan ဟာ Zurich ကို အိမ်ကွင်းမှာ မထင်မှတ်ပဲ အရှုံးပေးခဲ့ရပါတယ်။ ရီးရဲလ်မက်ဒရစ်ကတော့ ရော်နယ်လ်ဒိုရဲ့ ခြေစွမ်းပြမှုနဲ့ သူကိုယ်တိုင် ၂ဂိုးသွင်းယူကာ ကာကာရဲ့ ပင်နယ်တီဖြင့် စုစုပေါင်း ၃ ဂိုး ဂိုးမရှိနဲ့ မာဆေးလ်ကို အနိုင်ရရှိခဲ့ပါတယ်။ Group D မှာတော့ Apoel Nicosia အသင်းကို Chelsea က ၁ ဂိုးဖြင့်၎င်း၊ ပေါ်တိုက အက်သလက်တီကို ကို ၂ ဂိုး ဂိုးမရှိဖြင့်၎င်း အနိုင်ရရှိခဲ့ပါတယ်။
Manchester United(2-1)Wolfsburg Champions League, Highlights 30.09.09
0-1 Dzeko 56′
1-1 R.Giggs 59′
2-1 Michael Carrick 78'
မန်ချက်စတာယူနိုက်တက်ဟာ ကြောက်စရာကောင်းနေဆဲဟု မာတင်ဆို
Wolfsburg ရဲ့တိုက်စစ်မှူး Obafemi Martins က သူ့ရဲ့အသင်းဖော်တွေကို မန်ချက်စတာ ယူနိုက်တက်အသင်းနဲ့ ကစားတဲ့အခါမှာ အချိန်ပြည့် သတိထား ကစားဖို့လိုတယ်လို့ သတိပေးစကား ပြောလိုက်ပါတယ်။
သူက "မန်ယူလို အသင်းမှာ အခုဆို ရော်နယ်ဒိုလ်နဲ့ တီဗက်စ်လို ကစားသများမျိုးတွေ မရှိတော့တာတောင် ဒီအသင်းဟာ ပိုကြောက်စရာ ကောင်းလာ တယ်လို့ ကျနော် မြင်ပါတယ်။ အရင်တုန်းကတော့ ပွဲရဲ့ အဖြေပြောင်းဖို့ဟာ ရော်နယ်ဒို တယောက်တည်းကိုပဲ အာရုံထားနေရပါတယ်။ ခုကတော့ ပွဲရဲ့ အဖြေကို ပြောင်းလဲနိုင်စွမ်းက အသင်းက လူတိုင်းမှာ ရှိနေပါတယ်" ဒါ့အပြင် မာတင်က ယူနိုက်တက်ရဲ့ နံပါတ် ၁၀ ရူနီအကြောင်းကို အထူးပဲ အလေထား ပြောသွားပါတယ်။ "ကျနော်တို့နဲ့ ကစားမဲ့ပွဲမှာ ရူနီကို မျက်ခြေမပြတ် စောင့်ကြည့်နိုင်ဖို့လိုပါတယ်။ သူဟာ တကယ့်ကို ကစားသမား ကောင်းတယောက် ပါပဲ။ ကျနော့ရဲ့ အကြိုက်ဆုံးတွေထဲက တယောက်ဆိုလည်း မမှားဘူးပေါ့။ "
မာတင်က သူ့အသင်းက ကစားသမားများအကြောင်းကိုလည်း ပြောပါသေးတယ်။ "ကျနော်တို့ အသင်းမှာ တကယ့်ကို အရည်အချင်းပြည့်တဲ့ ကစားသမား အမြောက်အများရှိပါတယ်။ Grafite တို့ Dzeko တို့ပေါ့ Grafite က ဘယ်လိုအနေအထားက ဖြစ်ဖြစ် ဂိုးရအောင် သွင်းယူနိုင်တဲ့ သူပါ။ Dzeko ကတော့ သန်မာဖြတ်လတ်ပီး ပွဲအဖြေပြောင်းလဲနိုင်စွမ်းရှိတဲ့ ကစားသမားမျိုးပါပဲ။ ကျနော်တို့က တိုက်စစ်ကို ဦးစားပေးတဲ့ အသင်းပါ။ မန်ချက်စတာ ယူနိုက်တက်ကလည်း ပုံစံတူ ကစားနည်းမျိုးပါပဲ။ ဒါကြောင့် ကျနော်တို့ ၂သင်း တွေ့တဲ့အခါ အဖြေက စိတ်ဝင်စားစရာ ကောင်းပါလိမ့်မယ်" လို့ ပြောသွားပါတယ်
UEFA ချန်ပီယံလိဂ် အုပ်စုအဆင့် ပွဲစဉ်ရလဒ်များ (အင်္ဂါနေ့)
ယနေ့ည ချန်ပီယံလိဂ် ဒုတိယအဆင့် အုပ်စုပွဲစဉ်တွေကို ယှဉ်ပြိုင်ကစားခဲ့ရာ ပွဲစဉ်အဖြေများကို ကြည့်ရှုနိုင်ပါတယ်။ နာမည်ကြီး လီဗာပူးလ် အသင်း ဖီအိုရင်တီးနားကို ရှုံးနိမ့်ခဲ့ရပြီး အင်တာမီလန်က သရေကျခဲ့ရကာ ကျန်အသင်းကြီးများ ခန့်မှန်းချက်များအတိုင်း နိုင်ပွဲရရှိခဲ့တာကို တွေ့ရပါတယ်။
Debrecen 0 -4 Lyon
Fiorentina 2 - 0 Liverpool
Ruben Kazan 1 - 1 Inter Milan
Barcelona 2 - 1 Dinamo Kyiv
Rangers 1 - 4 Sevilla
Unirea Urziceni 1 - 1 Stuttgart
Arsenal 2 - 0 Olympiakos
AZ Klmaar 1 - 1 Standard Liege
Manchester United vs Wolfsburg
ဒီတပတ် ဗုဒ္ဒဟူးညမှာတော့ ပရီးမီးယား တခဏနားလို့ ချန်ပီယံလိဂ်ပွဲစဉ်တွေကို ရှုစား အားပေးရမှာဖြစ်ပါတယ်။ ပွဲစဉ်တိုင်းဟာ ကြည့်ကောင်းမဲ့ ပွဲတွေ ဖြစ်သလို ကျနော်တို့ရဲ့ သရဲနီအသင်းဟာလည်း ဂျာမန်ချန်ပီယံ ၀ုဖ်စ်ဘာ့ နဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်လို့ ကြည့်ကောင်းမဲ့ ပွဲစဉ် သက်သက်မဟုတ်ပဲ နောက်တဆင့် တက်ဖို့ စကားပြောမဲ့ အဆုံးအဖြတ်လို ပွဲမျိုး ရှုစားရမှာ ဖြစ်ပါတယ်။
မန်ယူအသင်းအနေနဲ့ နောက်ဆုံးပြိုင်ပွဲ အရပ်ရပ်က နောက်ဆုံး ငါးပွဲစလုံးမှာ အနိုင်ရရှိထားတာကို တွေ့ရပါတယ်။ ၀ုဖ်စ်ဘာ့ကတော့ နောက်ဆုံး ပြည်တွင်းပွဲ ငါးပွဲမှာ ၃ ပွဲနိုင် ၂ ပွဲရှုံးပီး အမှတ်ပေးဇယား အဆင့် ၆ မှာ ရပ်တည်နေတာကို တွေ့ရပါတယ်။ မန်ယူအနေနဲ့ ခြေစွာနေတဲ့ Grafite တယောက်ကိုတော့ ဖာဒီနန်နဲ့ ဗီဒစ်အတွဲ စောင့်ကြည့်နိုင်ရမှာ ဖြစ်ပါတယ်။ မန်ယူအသင်းအနေနဲ့ လူစုံပါဝင်ကစား နိုင်မဲ့ အနေအထားရှိပီး နောက်ပိုင်းပွဲတွေ စခိုးလ်နဲ့ ဂစ်စ်ခြေစွမ်းပြနေနိုင်လို့ နိုင်ပွဲတွေဆက်နေပါတယ်။ ဒါ့အပြင် ခုပွဲမှာလည်း အိမ်ကွင်းမှာ ဧည့်ခံ ကစားရမှာ ဖြစ်တာမို့ ချန်ပီယံလိဂ် အစဉ်အလာကောင်းတဲ့ မန်ယူပဲ အနိုင်ရသွားလိမ့်မယ်လို့ ထင်ပါတယ်။