မြန်မာ မန်ချက်စတာယူနိုက်တက်ဖန် ဘလော့အား ကွန်မြူနတီ နှင့် ပေါင်း၍ အသစ်ထပ်မံ ဖွင့်လှစ်ထားပါသည် လက်ရှိအချိန်တွင် လိုအပ်သည်များကို ဆက်လက် ဖြည့်ဆည်းနေဆဲ ဖြစ်သော်လည်း ပိုစ့်များကို နောက်အသစ် ဖွင့်လှစ်သော www.manutdmm.com တွင်သာ ဆက်လက် ရေးသား သွားမည် ဖြစ်ကြောင်း မန်ယူဖန် များအား အသိပေးအပ်ပါသည်..။ မြန်မာမန်ချက်စတာဖန်ကလပ် သို့ သွားရန် အပေါ်မှ ပုံကို ကလစ်လုပ်ပါ သရဲနီချစ်မြတ်နိုးသူများအား ဖိတ်ခေါ်ပါတယ်
  • Match Review

  • Highlights

  • Premier League

  • Match Preview

  • Champion League

  • Player News

  • Man U News

  • Transfer News

  • Interview

  • Manchester United Club History

  • Feature

အစဉ်အလာ မကောင်းတဲ့ စပိန်မြေမှာ မန်ယူရဲ့ ချန်ပီယံလိဂ် ရလဒ်ကို ပြောင်းလဲနိုင်မလား


နာမည်ကြီးကစားသမားတွေဖြစ်တဲ့ ဒေးဗစ်ဗီလာကို ဘာစီသို့ ရောင်းချခဲ့ခြင်း၊ ဆေးဗားအား မန်စီးတီးသို့ ရောင်းချခဲ့ခြင်းကြောင့် အင်အားတောင့်တင်းမူ့ လျော့နဲသွားမယ်လို့ အားလုံးက ထင်မြင်ယူဆနေတဲ့ ဗလင်စီယာအသင်းဟာ စပိန်အမှတ်ပေးပြိုင်ပွဲမှာ နာမည်ကြီး အသင်းတွေ ဖြစ်တဲ့ ရီးရဲယ် နဲ့ ဘာစီလိုနာတို့ကို ကျော်ပြီး ဇယားထိပ်ဆုံးမှာ လေးပွဲနိုင် တစ်ပွဲသရေနဲ့ ရှူံးပွဲမရှိ ဦးဆောင်နေနိုင်သလို ချန်ပီယံလိဂ်အုပ်စု ပထမပွဲမှာလည်း အဝေးကွင်းတွင် ဘာဆာစပေါ်ကို လေးဂိုးတစ်ဂိုးနဲ့ ဂိုးပြတ်နိုင်ပြီး အုပ်စု(C) မှာ ထိပ်ဆုံးက ဦးဆောင်နေတာကတော့ ဗလင်စီယာ အသင်းရဲ့ အနေအထားကို ထင်ဟပ်ပေါ်လွင်စေပါတယ်။ ။



မန်ချက်စတာယူနိုက်တက်အသင်းကတော့ ရော်နယ်ဒို တီးဗက်တို့ ထွက်ခွာပြီးနောက်ပိုင်း အသင်းရဲ့ အနေအထားက အကျဖက်ရောက်နေတယ်ဆိုတာ ပြီးခဲ့တဲ့ နှစ်က ရလဒ်တွေနဲ့ ဒီနှစ်ရလဒ်တွေက သက်သေခံနေပါတယ် ခေါ်ယူထားတဲ့ ကစားသမားတွေ ဖြစ်တဲ့ အိုဝင် ဟာနန်ဒက် အိုဘာတန် ဗလင်စီယာ တို့က အသင်းအတွက် အကောင်းဆုံး ပံ့ပိုးပေးနိုင်မူ့ မရှိခဲ့သလို မန်ယူရဲ့ အားထားရတဲ့ တိုက်စစ်မှူး ရူနီ ဟာလည်း လူမူ့ရေး ပြသနာတွေနဲ့အတူ ဒဏ်ရာပြသနာ ကြံ့ခိုင်မှူ့ မပြည့်ဝ တာတွေနဲ့ လုံးပန်းနေရပြီး ခြေစွမ်းပျောက်ဆုံးနေတာကအစ မန်ယူနောက်တန်းရဲ့ ယိုယွင်းမှူ့ တွေကအဆုံး လိုအပ်ချက်တွေရှိနေတဲ့ မန်ယူအသင်းဟာ အမှတ်ပေးပြိုင်ပွဲမှာ အဝေးကွင်းနိုင်ပွဲမရှိ သရေရလဒ်များနဲ့အတူ ချဲဆီးရဲ့ အောက် ဒုတိယ နေရာမှာ ရောက်ရှိနေသလို ချန်ပီယံလိဂ်အုပ်စု ပထမပွဲမှာလည်း အိမ်ကွင်းတွင် ရိန်းဂျား အသင်းကို ဂိုးမရှိသရေ ကစားကာ အုပ်စု(C) မှာ ရိန်းဂျားနဲ့ အမှတ်တူ ရမှတ် (၁)မှတ်နဲ့ ဗလင်စီယာအသင်းအောက် ရောက်ရှိနေတာကတော့ မန်ယူ အသင်းရဲ့ လက်ရှိအနေအထားတွေကို ထင်ဟပ်ပေါ်လွင်စေပါတယ်။ ။

30.09.2010 (ကြာသပတေးနေ့) နံနက် 01:15 AM မှာ စပိန်မြေ ဗလင်စီယာ အသင်းရဲ့ မက်စ်တဲလားကွင်းမှာ ယှဉ်ပြိုင်ကစားမဲ့ မန်ယူအသင်းဟာ စပိန်မြေမှာ စပိန်အသင်းတွေနဲ့ ဆုံတွေ့တဲ့ အခါတိုင်း အစဉ်အလာ မကောင်းခဲ့တာကတော့ မန်ယူအသင်းအတွက် စိုးရိမ်စရာ အနေအထားတစ်ရပ်ပါ၊ စပိန်အသင်းတွေနဲ့ မန်ယူအသင်း တွေ့ဆုံခဲ့ဘူးတဲ့ သမိုင်းကြောင်းမှာ မန်ယူအသင်းက စုစုပေါင်း(၁၈)ပွဲမှာ၊ (၁)ပွဲနိုင်၊ (၈)ပွဲသရေ၊ (၉)ပွဲရှူံး နိမ့်ထားတာကြောင့် စပိန်မြေဟာ မန်ယူအသင်းအတွက် ဆူးခင်းလမ်းကို ဖြတ်သန်းရသလိုပဲ ခက်ခဲ ကြမ်းတမ်းလွန်းလှပါတယ်။ ။

ဗလင်စီယာအသင်းနဲ့ မန်ယူအသင်း (၇)ကြိမ် တွေ့ဆုံဖူးရာမှာ အဝေးကွင်း(၃)ပွဲမှာ မန်ယူအသင်းဟာ (၂)ပွဲသရေ (၁)ပွဲရှူံးဆိုတဲ့ ရလဒ်ဟာ မန်ယူအသင်းအတွက် စိုးရိမ်စရာပါ။ စပိန်မြေမှာ မန်ယူအသင်း နိုင်ခဲ့ဘူးတဲ့ တစ်သင်းထဲသော အသင်းဟာ ဒီပို့တီဗို အသင်းဖြစ်ပြီး ၂၀၀၁-၀၂ ရာသီက ချန်ပီယံလိဂ် ကွာတားဖိုင်နယ်မှာ အဆင့်မှာ တွေ့ဆုံခဲ့ကြတာဖြစ်ပါတယ်။ ။

မန်ယူအသင်းအတွက် မျှော်လင့်ချက် တစ်ခု ကောက်ရိုးမျှင်လေးကတော့ နည်းပြကြီး ဖာဂူဆန်ပဲ ဖြစ်ပါတယ်၊ မန်ယူအသင်းရဲ့ နောက်တန်းယိုယွင်းမှူ့ ဗလင်စီယာ၊ရူနီနဲ့ဂစ် ဒဏ်ရာကြောင့် မပါဝင်နိုင်မှူ့ အလယ်တန်းကစားသမားတွေရဲ့ ဘောလုံးဖြန့်ဝေတာနဲ့ ဘောလုံးဖြတ်တောက်တာ အားနည်းမှူ့တွေ ရှိနေပေမဲ့ အတွေ့အကြုံများလွန်းတဲ့ နည်းပြကြီး ဆြာဖာဂူဆန်က ဒီပွဲမှာ ဘယ်လို ပြုပြင်ပြီး အသင်းကို ကစားစေမလည်းဆိုတာကတော့ စိတ်ဝင်စားစရာ ကောင်းလှပါတယ်။ ။

Vs

ကျနော်ခန့်မှန်းချက်ကတော့ မန်ယူအသင်းဟာ ဘာဘာတော့/(ဟာနန်ဒက် -အရံ )ကို တစ်ဦးတည်း ရှေ့မှာ အထောင်ထားပြီး ပတ်ဂျီဆန်၊ပေါလ်စခိုး(သို့)ကားရစ်၊ဖလက်ချာ၊နာနီတို့နဲ့ အန်ဒါဆန်(သို့) ဂစ်ဘ်ဆင်တို့နဲ့ အလယ်တန်းကို အထူးပြင်ဆင်ကာ နောက်တန်းမှာ အီဗရာ၊ဗီဒစ်၊ဖာဒီနန်၊အိုးရှေး တို့နဲ့ ၄-၅-၁ ပုံစံနဲ့ ဗလင်စီယာအသင်းကို ယှဉ်ပြိုင်ကစားလိမ့်မယ်လို့ ထင်မြင်ယူဆပါတယ်။ ။

ဗလင်စီယာ အသင်းကတော့ ( ရှေ့တန်း-အဒူရစ်ဇ်၊ဒိုမင်ဂွက်ဇ် )၊၊ ( အလယ်တန်း-ယော်ကွင်း၊တိုပယ်၊အယ်လ်ဗာတိုကော်စတာ၊မာတာ ) ။ ( နောက်တန်း-ဘရူနီ၊နာဗာရို၊ရီကာဒိုကော်စတာ၊မက်သရူး ) ။ နဲ့ ဂိုးသမားအဖြင့် ဆီဆာဆန်းချက်ဇ် တို့နဲ့ (၄-၄-၂) ပုံစံနဲ့ ပွဲထွက်လာဖွယ်ရှိပါတယ် ။ ။

ဗလင်စီယာနဲ့ မန်ယူ နောက်ဆုံးတွေ့ဆုံခဲ့တဲ့ ၂၀၀၀-၀၁ မှာ အိမ်ကွင်း အဝေးကွင်း နှစ်ပွဲလုံး မည်သူမှ အနိုင်မရပဲ (၀-၀) နဲ့ (၁-၁) ရလဒ်တွေနဲ့ သရေ ရလဒ်တွေနဲ့သာ အဖြေထွက်ခဲ့တာကို တွေ့ရပါတယ်၊ ဒါကြောင့် လက်ရှိခြေစွမ်းကောင်းနေတဲ့ ဗလင်စီယာကို အဝေးကွင်းရလဒ်တွေ မကောင်းတဲ့ မန်ယူအသင်းဟာ အဝေးကွင်းမှာ အနိုင်ရဖို့ မလွယ်ပေမဲ့ ဖာဂူဆန်ရဲ့ နည်းဗျူဟာတွေကြောင့် သရေရလဒ်တော့ ကစားနိုင်မယ်လို့ မျှော်လင့်မိပါတယ်။ ဒါကြောင့် အဝေးကွင်းရလဒ်မကောင်းတာနဲ့ စပိန်မြေမှာ ကစားရတိုင်း အစဉ်အလာ မကောင်းခဲ့တဲ့ မန်ယူအသင်းက အစဉ်အလာဆိုးကို ချိုးဖျက်ပြီး အံ့အားသင့်ဖွယ် ရလဒ်တွေကို ဖာဂူဆန် နဲ့ မန်ယူ ကစားသမားတွေ ဘာတွေ လုပ်ပြနိုင်မလည်း ဆိုတာကိုတော့ ဒီတစ်ပတ်ရဲ့ ရင်ခုန်စရာ ဗုဒ္ဓဟူးည ( ကြာသာပတေးနေ့မနက်) ကို ကျနော်တို့ ရင်ခုန်စွာ စောင့်မျှော်ကြိုဆိုနေပါတယ်။ ။

ဖြစ်နိုင်ဖွယ် ရလဒ် ။ ။ ( ၀-၀ ) / ( ၁-၁ )



Filed Under: , ,

About the Author

မြန်မာလူမျိုး မန်ချက်စတာယူနိုက်တက် အသင်း အားပေးသူများ ဆုံစည်းရာ နေရာလေး တစ်ခုပါ..။ Myanmar Manchester Fan Club.

2 comments

Trackback URL | Comments RSS Feed


  1. ဟုတ်ပါ့ ကိုရိုစ့်ရေ မန်ယူက အခု နောက်ပိုင်း ပွဲတွေ အင်းပေါ့လေ ဒီနှစ်ရာသီ ပွဲတွေ စကတဲက လုံးဝ အားရစရာ မကောင်းဘူး ဖြစ်နေတယ်ဗျာ..။

    ကျွန်တော်တို့ ဆရာကြီး ဖာဂူဆန် ဘယ်လို အလှည့်အပြောင်း တွေနဲ့ အသင်းကို ဆွဲခေါ်နိုင် မလဲ ဆိုတာ စောင့်ကြည့်ရမှာပဲ..။

     

  2. ကောင်းတယ်ကိုရို့ စ်ရေ..ဖြစ်နိုင်ချေနဲ့ အကောင်းဆုံးရလဒ်က သရေဖြစ်ဖို့ များတယ် ဝန်းတွေက ကောင်းကောင်းလှုပ်နိုင်ဖို့ မျှော်လင့်ရတာပဲ.. မနှစ်က အေစီနဲ့ ပွဲလို ဂစ်ဖ်ဆင်နဲ့ အလယ်က ကန်သွင်းတာတွေလာမယ်နဲ့ တူတယ်.. ကိုရို့ စ်ပြောသလို အလယ် ၅ ယောက်ကတော့ဖြစ်ဖို့ များတယ်..

    ရင်ခုန်ရဦးမယ်ပေါ့ဗျာ

     

Leave a Reply