မြန်မာ မန်ချက်စတာယူနိုက်တက်ဖန် ဘလော့အား ကွန်မြူနတီ နှင့် ပေါင်း၍ အသစ်ထပ်မံ ဖွင့်လှစ်ထားပါသည် လက်ရှိအချိန်တွင် လိုအပ်သည်များကို ဆက်လက် ဖြည့်ဆည်းနေဆဲ ဖြစ်သော်လည်း ပိုစ့်များကို နောက်အသစ် ဖွင့်လှစ်သော www.manutdmm.com တွင်သာ ဆက်လက် ရေးသား သွားမည် ဖြစ်ကြောင်း မန်ယူဖန် များအား အသိပေးအပ်ပါသည်..။ မြန်မာမန်ချက်စတာဖန်ကလပ် သို့ သွားရန် အပေါ်မှ ပုံကို ကလစ်လုပ်ပါ သရဲနီချစ်မြတ်နိုးသူများအား ဖိတ်ခေါ်ပါတယ်
  • Match Review

  • Highlights

  • Premier League

  • Match Preview

  • Champion League

  • Player News

  • Man U News

  • Transfer News

  • Interview

  • Manchester United Club History

  • Feature

မန်ယူနိုက်တက် vs ဘာစက်စ်ပို (အဝေး)

အုပ်စု C ၊ ၂ နိုဝင်ဘာ ၂၀၁၀၊ ညပိုင်း ၇း၄၅၊ Ataturk Stadium

၂ ဖက်အသင်းရဲ့ အနေအထား

ဒီနေ့ ပွဲ အပြီးနိုင်ပွဲဖြစ်လို့ ရှိရင် အုပ်စုပွဲတက်ဖို့ ဖာဂီပြောထားတဲ့ လိုအပ်တဲ့ ၁၀ မှတ်ရပြီမို့ မန်ယူနိုက်တက်အဖို့ နောက်ပွဲတွေ ဒူးနှံနေလို့ ရလောက်ပြီလို့ ထင်ပါတယ်။ ၃ မှတ်အပြည့်ရလောက်အောင်လွယ်ကူတဲ့ပွဲမျိုးလားဆိုရင်တော့ တာကီ(တူရကီ)ချန်ပီယံတို့ အုပ်စုပွဲမှာ နိုင်ပွဲမရှိ သွင်းဂိုးမရှိမို့ လွယ်လိမ့်မယ်လို့ ထင်မှတ်ကောင်းထင်မှတ်လို့ ရပါတယ်။ ဒါပေမဲ့ တာကီတို့ အိမ်ကွင်းဖြစ်တဲ့အပြင် သူတို့ နေရာမှာ တမူထူးခြားတဲ့ အားပေးမှု့ မျိုးနဲ့ နာည်ကြီးတာဆိုတော့မထင်မှတ်တဲ့ ရလဒ်တွေ ဖြစ်တတ်ပါတယ်။ ဒီလိုအဖြစ်မျိုးအတွက် မျှော်လင့်တကြီးနဲ့ သမိုင်းကြောင်းကိုရွှေစာလုံးဖော်မယ်လို့ ပြောသူကတော့ သူတို့  မန်နေဂျာကိုယ်တိုင်ပါပဲ။ ဗန်လင်စီယာနဲ့ အိမ်ကွင်းပွဲမှာတော့ ၄-၀ နဲ့ ရှုံးထားတယ်ဆိုပေမဲ့ အဲ့ဒီ့နောက် သူတို့ အမှတ်ပေးဇယားမှာ ရှုံးပွဲမရှိ ထိပ်ဆုံးကမို့ ယုံကြည်ချက်အပြည့်ဖြစ်နေတဲ့အတွက် ဒါကိုတော့ သတိပြုရလိမ့်ယ်။

မန်ယူနိုက်တက် အခြေအနေက ပြီးခဲ့တဲ့ ၄ ပွဲလုံးမှာ အမှတ်ပြည့် ၁၂ မှတ်ယူထားနိုင်ခဲ့ပါတယ်။ နောက်ဆုံးပွဲစပါးနဲ့ ပွဲမှာ ကစားကွက်အသားစီးနဲ့ ပေးဂိုးမရှိတာက ယူနိုက်တက်ကို ယုံကြည်ချက်တိုးတက်စေတဲ့တချက်ပါ။ ဖာဂီကိုယ်တိုင် ယုံကြည်မှု့ လွန်ကဲပြီး မပေါ့ဆဖို့ ဒီလို သတိပေးထားပါတယ်။


”အမှတ်ပေးဇယားမှာ ထိပ်ဆုံးဖြစ်နေတဲ့ အသင်းမျိုးကို အမြဲလေးစားမှု့ ရှိရလိမ့်မယ်။ တူရကီလိဂ်ပာာခက်ခဲကြောင်း
သိပြီးသားပါ။ ပြီးခဲ့တဲ့ ဘက်စီတက်စ်၊ ဂါလာတာစာရေး နဲ့ ဖီနန်ဘချီ တို့ နဲ့ ကြုံဖူးပြီး စမ်းသပ်ခဲ့ပြီးမို့ အင်္ဂါနေ့ ပွဲမှာလည်း ဒီလိုမျိုးပဲ ခက်ခဲတဲ့ ပွဲမျိုးဖြစ်လိမ့်မယ်လို့ မျှော်လင့်လို့ ရပါတယ်။”

ပြီးခဲ့တဲ့ရင်ဆိုင်ပွဲ


၂ ဖက်အသင်းတွေ့ တုန်းက နာနီရဲ့ ၇ မိနစ် ဂိုးတလုံးထဲနဲ့အိုထရပ်ဖို့ ဒ်မှာ ပွဲအပြီးထိဦးဆောင်နိုင်ခဲ့ပါတယ်။ လူစာရင်းအရ ပွဲထွက်ကစားသမားတွေထဲမှာ ဦးဆောင်တိုက်စစ်မှူးဖြစ်တဲ့ ဗာဘာတော့နဲ့ ပာာနန်ဒက်စ်တို့ မပါဝင်ပဲ နောက်တန်းကိုလည်း စမောလင်း နဲ့ ဖြည့်ကစားသွားတာပါ။ ၁ ဂိုးအသာဖြစ်ပေမဲ့ တာကီအသင်းဖက်က ခြေချင်းယှဉ်ပြီးတန်ပြန်တိုက်စစ်မရှိသလောက်ကို ရှားပါတယ်။ သူတို့ ရဲ့ ဂိုးပေါက်မှန်တဲ့ ကန်သွင်းချက် ၁ လုံးသာရှိခဲ့ပါတယ်။

ဒီတခေါက် အိုးထရပ်ဖို့ ဒ်ပွဲနဲ့ ခြားနားတဲ့ခြေကိုရင်ဆိုင် ရဖို့ တာကီ(တူရကီ)တို့ အားထည့်ကစားပါလိမ့်မယ်။


ယူနိုက်တက်ဖြစ်နိုင်ချေပွဲထွက်

ဒီနေ့ ပွဲမှာ အင်ဂျူရီကြောင့်မပါနိုင်မဲ့ ရီရို၊ အီဗန်၊ မက်ခေါဒါး၊ ဂစ်ဖ်ဆင် နဲ့ အန်ဒါဆင် တို့ မပါဝင်နိုင်ပါဘူး။ သူတို့ နဲ့ အတူ ရွန်နီ ၊ ဂစ်နဲ့ အိုဝင်တို့ လည်း ပါဝင်ဖို့ မရှိပါ။ အိုဘာတန်၊ ဘီဘီ တို့ လည်း အနည်းဆုံး တစိတ်တပိုင်းဖြစ်ဖြစ် ပါဝင်ကစားစေမယ်လို့ ယူဆမိတယ်။ နောက်တန်းမှာတော့ စမောလင်းနဲ့ ဗစ်ဒစ်တို့ အတွဲကို အရင်ပွဲကလိုပဲ ရာဖာရဲနဲ့ အဲဗရာတို့ နဲ့ အတူမြင်နိုင်ပါတယ်။ အလယ်ကိုတော့ ၁၃ပွဲထွက်အတွက် ၇ ဂိုးနဲ့ ၉ လုံးဆင်ပေးထားတဲ့ နာနီကို ထဲ့ကစားဖို့ မြင်ပြီး ပတ်ကျိဆန်ကိုလည်း ကဲရစ်နဲ့ ဖလပ်ချာတို့ နဲ့ အတူပွဲထွက်နိုင်ပါတယ်။ ဒီပွဲထူးခြားမှု့ တခုက တိုက်စစ်မှူး တစ်ယောက်သာထားပြီး ယူရုတ်ပွဲကိုပွဲထွက်လေ့ရှိတဲ့အတွက် ရှေ့ မှာ ပာာနန်ဒက်စ် ဒါမှမပာုတ် ဗာဘာကို သာအထောင်တိုက်စစ်မှူးအနေနဲ့ မြင်ခွင့်ရနိုင်ပါတယ်။ ဒါကြောင့် အလယ်မှာ အိုဘာတန် နာနီနဲ့ အတူပွဲထွက်လေမလားဆိုတာ စောင့်ကြည့်ရမဲ့ အချက်တခုပါ။ ဒီလိုသာဆိုရင်တော့ အစွမ်းအစမသေးတဲ့ အိုဘာတန်အဖို့ မိမိဘာလိုစွမ်းဆောင်နိုင်ကြောင်းယုံကြည်ချက်ပေးဖို့ မပာာအခွင့်ကောင်းတခုမို့ ပိုင်ပိုင်နိုင်နိုင်အသုံးချစေချင်တာပဲ။ နာနီ ညာနဲ့ အိုဘာတန် ဘယ်ဝန်းက တိုက်စစ်အတွဲကို ရှေ့ အနာဂတ်မှာ မြင်ရဖို့ အတွက်ပါ။ ဂိုးသမားနေရာမှာတော့ ကူးချက်က တာဝန်ယူဖို များပါတယ်။ အရံအားဖြင့်တော့ ဂိုးသမား အာမို့ စ်နဲ့ အတူ စကိုး၊ ဘရောင်း၊ အိုရှေး၊ ဘီဘီနဲ့ ဗာဘာဒါမှမပာုတ် ချီချာရီတို့ တို့ ဖြစ်နိုင်ပါတယ်။

ပွဲခန့် မှန်းချက်

ဒီပွဲကနေ လိုအပ်တဲ့အမှတ်ကို ရယူနိုင်ခဲ့ပြီးရင် ချန်ပီယံလိဂ်အုပ်စုပွဲအတွက် ဒီဇင်ဘာလကုန်အထိ စိတ်ချလက်ချနဲ့ ကစားလို့ ရပြီမို့ အနိုင်ကိုသာခန့် မှန်းမိပါတယ်။ ရလဒ်ကတော့ ၂-၀ ဗျာ။




Filed Under: , ,

About the Author

မြန်မာလူမျိုး မန်ချက်စတာယူနိုက်တက် အသင်း အားပေးသူများ ဆုံစည်းရာ နေရာလေး တစ်ခုပါ..။ Myanmar Manchester Fan Club.

1 comment

Trackback URL | Comments RSS Feed


  1. ရင်ခုန်မှု မပြင်းထန်ပေမယ့် ကိုယ့်အသင်းကို လွတ်လွတ်ကျွတ်ကျွတ် နဲ့ စိတ်အေးတဲ့ အနေအထားမျိုး ဖြစ်စေချင် လို့ နဲနဲတော့ စိတ်လှုပ်ရှားစွာ ကြည့်ရမယ့် ပွဲပဲဗျာ..။

     

Leave a Reply