မြန်မာ မန်ချက်စတာယူနိုက်တက်ဖန် ဘလော့အား ကွန်မြူနတီ နှင့် ပေါင်း၍ အသစ်ထပ်မံ ဖွင့်လှစ်ထားပါသည် လက်ရှိအချိန်တွင် လိုအပ်သည်များကို ဆက်လက် ဖြည့်ဆည်းနေဆဲ ဖြစ်သော်လည်း ပိုစ့်များကို နောက်အသစ် ဖွင့်လှစ်သော www.manutdmm.com တွင်သာ ဆက်လက် ရေးသား သွားမည် ဖြစ်ကြောင်း မန်ယူဖန် များအား အသိပေးအပ်ပါသည်..။ မြန်မာမန်ချက်စတာဖန်ကလပ် သို့ သွားရန် အပေါ်မှ ပုံကို ကလစ်လုပ်ပါ သရဲနီချစ်မြတ်နိုးသူများအား ဖိတ်ခေါ်ပါတယ်
  • Match Review

  • Highlights

  • Premier League

  • Match Preview

  • Champion League

  • Player News

  • Man U News

  • Transfer News

  • Interview

  • Manchester United Club History

  • Feature

ဟာနန်ဒက်ဇ် ဂိုးနဲ့ စပိန်မြေမှာ အနိုင်ရခဲ့တဲ့ သရဲနီတပ်သားများ

Javier Hernandez slots the winning goal for Manchester United

၃၀.၀၉.၂၀၁၀ ၇က် ဗုဒ္ဒဟူးနေ့မှာ မြန်မာစံတော်ချိန် နံနက် ၁ နာရီ ၁၅ မိနစ်မှာ မန်ချက်စတာယူနိုက်တက်နှင့် ဗလင်စီယာ အသင်းတို့ ဟာ ချန်ပီယံလိဂ်ပွဲစဉ် (၂)ကို ယှဉ်ပြီုင်ကစားသွားခဲ့ပါတယ်။

မန်ချက်စတာ ဟာ အိမ်ကွင်းမှာ ရိန်းဂျားအသင်းကို သရေကျထားလို့ ၁ မှတ်ရရှိထားကာ ဗလင်စီယာကတော့ တစ်ပွဲနိုင်ထားလို့ ၃ မှတ်ရရှိထားပါတယ်။

မန်ယူတို့ဟာ ယနေ့ပွဲစဉ်တွင် အဝေးကွင်းသွားရောက်ကစားရတာဖြစ်ပြီး ၊ ဗလင်စီယာကို နောက်ဆုံးတွေ့ဆုံမှုများမှာ သရေ ရလဒ်တွေသာ စွမ်းဆောင်နိုင်ခဲ့ကြပြီး အနိုင်ယူထားခြင်းမရှိသေးပါဘူး။ 

ဒါပေမယ့် လည်း ယနေ့ပွဲစဉ်မှာတော့ မန်ယူတို့ဟာ အဝေးကွင်းမှာ ၀-၁ ဂိုးဖြင့် ဗလန်စီယာကို အနိုင်ရရှိခဲ့ပါတယ်။စပိန်မြေဟာ ခက်ခဲလှတယ်ထင်ရမယ့် မန်ယူကတော့ ဒီပွဲကို အနိုင်ကစားပြီး ခက်ခဲတဲ့မြေကို အောင်နိုင်ခဲ့ပါတယ် ။

ဒီပွဲဟာ မန်ယူပရိတ်သတ်များ အတွက် ကျေနပ်စေတဲ့ အနိုင်ဆိုရင်လည်းမမှား ပါဘူး။

ပရီးမီးယားလိဂ်မှာလည်း အနိုင်ပွဲကို ထင်သလောက်မရရှိပဲ ၊သရေတွေသာ အဝေးကွင်းမှာ ကျတာများခဲ့ပါတယ်။

ဒါ့ကြောင့် အနိုင်ကို ဆာလောင်နေသောမန်ယူပရိတ်သတ်တို့အတွက် ဒီပွဲရဲ့ အနိုင်နဲ့ ဖြေသိမ့်ခွင့်ရလိုက်ပါတယ်။

မန်ယူအတွက် တစ်လုံးတည်းသော ဂိုးကို မန်ယူအသင်းက ဒီနှစ်မှ ခေါ်ယူထားတဲ့ လူငယ်ကစားသမား ဟာနန်ဒက်ဇ်က ၈၅ မိနစ်မှာ သွင်းယူပေးခဲ့ပါတယ်။

နာနီရဲ့ ဖန်တီးပေးမှုမှတဆင့် ၊ မာခေးဒါကနေ ဖန်တီးပေးပြီး ဟာနန်ဒက်ဇ်က နှစ်ယောက်ကြားကနေ ကန်သွင်းယူနိုင်ခဲ့ခြင်း ဖြစ်ပါတယ်။


မန်ယူအသင်း ပထမပွဲထွက်စာရင်းမှာတော့ ရွန်းနီ ၊ ဂစ် တို့မပါဝင်နိုင်ခဲ့လို့ အောက်ကြေးဖြစ်ခဲ့ပေမယ့်၊ ကွင်းလယ်မှာ အန်ဒါဆန်၊နောက်တန်းမှာ ဖာဒီနန် ၊ဗီဒစ် တို့ အတွဲတွေက ဒီနေ့ပွဲကို အောင်နိုင်စေခဲ့ပါ တယ်။

ဗီဒစ် ၊ဖာဒီနန် အတွဲဟာ ဂိုးမပေးရတဲ့ စံချိန်တင် နောက်တန်းတွေ ဖြစ်ခဲ့ဖူးပါတယ်။ဒီနှစ်အတွင်းမှာတော့ ဒီပွဲမှာ သူတို့ နောက်တန်းအတွဲဟာ ပထမဆုံးပွဲစဉ်အဖြစ် အတူပြန်ကစားခဲ့ကြခြင်းဖြစ်ပါတယ်။ 

အရင်ပွဲတွေမှာတော့ အီဗန်း ကို ဖာဒီနန်နေရာ အစားသုံးခဲ့စဉ်ကတော့ နောက်တန်းမှာ ယိုဖိတ်မှုတွေ ဖြစ်ခဲ့ပါတယ်။ကွင်းလယ်မှာလည်း အန်ဒါဆန် ၊ဖလက်ချာ၊ကာရစ်၊ပက်ကျိစန် ၊နာနီး တို့ ၅ ယောက်ကို ဗဟိုပြုကာ ၊ရှေ့တန်းမှာ ဘာဘာတော့ဗ်ကိုအထောင်ထား ကစားခဲ့ပါတယ်။ 

ကွင်းလယ်ဖျက်အားတွေကတော့ နှစ်သင်းစလုံး ခြေရည်တူလောက်ရှိပြီး ၊ တစ်ခါတရံ ပက်ကျိစန်ဆီမှာ ပါပါသွားတဲ့ဘောလုံးတွေက မန်ယူကို ခြိမ်းခြောက်မခံနေရပါတယ် ။ဒီလိုနဲ့ပွဲက ဂိုးသွင်းယူနိုင်ခြင်း မရှိကြပဲဖြစ်နေရာကနေ ဒီပွဲရဲ့ ရလဒ်ကိုပြောင်းလဲ ပေးခဲ့သူကတော့ ဒီနေ့ပွဲရဲ့ မန်ယူအသင်းအတွက် ကယ်တင်ရှင် ဖြစ်ခဲ့သူ ဟာနန်ဒက်ဇက်က အန်ဒါဆန်နေရာ ၇၇ မိစန်မှာ လူစားဝင်ကာ ဂိုးသွင်းယူပေးခဲ့ပါတယ်။ 

ဘောလုံးပွဲကတော့ ပထမပိုင်းမှဒုတိယ ၈၀ မိနစ်လောက် ထိ ဂိုးသွင်းယူနိုင်ခြင်းမရှိခဲ့ပါဘူး။ဗလင်စီယာ တို့ရဲ့တိုက်စစ်အားကတော့ အဝေးဘောတွေ ကန်သွင်းခွင့် ရခဲ့ပေမယ့် ထိထိရောက်ရောက် မန်ယူနောက်တန်း  ကိုကျော်လွှားနိုင်ခြင်းမရှိလို့ ဂိုးသွင်းယူနိုင်ခြင်လည်း မရှိခဲ့ပါဘူး။

မန်ယူရှေ့တန်းကလည်း ဘာဘာတော့ဗ်ရဲ့ အားနဲ့ တခါတရံ တိုက်စစ်ဆင်နိုင်သော်လည်း ဂိုးသွင်းယူနိုင်ခြင်းမရှိခဲ့ပါဘူး။တခါတရံ ဗလန်စီယာက ထိုးဖောက်မှုတွေက ဖြတ်တင်ဘောတွေမှတဆင့် ဂိုးရှေ့ကို ကျကျလာတာကို ဗီဒစ် ၊ ဖာဒီနန်တို့ ရှင်းလင်းပေးတာတွေ ကောင်းမွန်ခဲ့တာကြောင့် ဗလန်စီယာတို့ ဂိုးရဖို့ ခဲယဉ်းနေခဲ့ရပါတယ် ။

ဒီပွဲမှာတော့ မန်ယူ အသင်းအနေနဲ့ ရှိတဲ့ လူစာရင်းနဲ့ ကစားကွက်ကို တည်တည်ငြိမ်ငြိမ်နဲ့ ထိန်းထားနိုင်ခဲ့လို့ အနိုင်ရရှိခဲ့တာဖြစ်ပါတယ် ။

ကွင်းလယ်မှာ အန်ဒါဆန်က ဖျက်အား ၊တိုးအား ကောင်းလှပြီး ၊ နာနီရဲ့ အလိမ်အခေါက်တွေနဲ့ ခင်ပေးတဲ့ဘောလုံးတွေက အသုံးဝင်ခဲ့တယ် လို့ဆိုရမှာဖြစ်ပါတယ် ။မန်ယူ အတွက်ဒီပွဲကို အနိုင်ရရှိလိုက်တာကြောင့် အတော်အသင့် ဖိအားတွေကို ၇ုန်းကန်နိုင်ခဲ့လိုက်နိုင်ပါပြီ ။ဖာဂူဆန်အနေနဲ့လည်း ကစားအားအနည်းငယ်ကျဆင်းနေသော အန်ဒါဆန်နေရာကို ဟာနန်ဒက်ဇ်ကို လူစားထိုးမှုမှန်ကန်တယ်လို့ပြောရမှာဖြစ်ပါတယ် ။

မန်ယူအသင်းကတော့ ဒီနေ့ကစားသွားတာ အဝေးကွင်းရလဒ် ၁ ဂိုးကြောင့် ရလဒ်ကောင်းတယ်လို့ ဆိုရမှာဖြစ်ပြီ့း ဒီပွဲကို အနိုင်ရရှိလိုက်တာကြောင့် ၃ မှတ်ရရှိကာ သရေ ၁ မှတ်နဲ့ စုစုပေါင်း ၄ မှတ်နှင့် ဇယားထိပ်မှာ ဦးဆောင်ခွင့်ရရှိသွားခဲ့ပါတယ်။ဒီနေ့ကစားသွားတဲ့ အင်္ဂလန် နှစ်သင်းလုံး အနိုင်ရရှိပြီး ၊ မန်ယူက အဝေးကွင်းမှာ ၁ ဂိုး ဂိုးမရှိဖြင့်အနိုင်ရရှိသလို စပါးအသင်းကလည်း အိမ်ကွင်းမှာ အက်ဖ်စီ တွမ်တီး ကို ၄ ဂိုး ၁ ဂိုးနဲ့ အနိုင်ရရှိခဲ့ကြကာ အင်္ဂလန်အသင်း တွေအတွက် အုပ်စုတက်ဖို့အရေး အခွင့်အလမ်းကောင်းခဲ့ပါတယ် ။ 

ပါဝင်ကစားခဲ့ကြသူများ -

ဗလန်စီယာ - Cesar, Maduro , Navarro,Mathieu , Miguel,Albelda (Topal 86) , Pablo,Facundo Costa (Fernandes 74) ,Dominguez (Aduriz 59 yellow card) , Soldado, Mata

မန်ချက်စတာ ယူနိုက်တက်-Van der Sar, Evra , Ferdinand,Vidic, Rafael Da Silva (O'Shea 90+2),Anderson (Hernandez 77), Park Ji-Sung,Carrick, Nani,Fletcher,Berbatov (Macheda 85)

ဘောလုံးပိုင်ဆိုင်မှု - ဗလန်စီယာ ၅၁ ရာခိုင်နှုန်း ၊ မန်ယူ ၄၉ ရာခိုင်နှုန်း
ထောင့်ကန်ဘော - ဗလန်စီယာ ၆ လုံး ၊ မန်ယူ ၃ လုံး
ဂိုးပေါက်ကန်သွင်းမှု - ဗလန်စီယာ ၃ လုံး ၊ မန်ယူ ၄ လုံး

Filed Under: , ,

About the Author

မြန်မာလူမျိုး မန်ချက်စတာယူနိုက်တက် အသင်း အားပေးသူများ ဆုံစည်းရာ နေရာလေး တစ်ခုပါ..။ Myanmar Manchester Fan Club.

1 comment

Trackback URL | Comments RSS Feed


  1. ကောင်းလိုက်တဲ့ ပာာနန်ဒက်စ် အဆုံးသတ်လှလိုက်တဲ့အလုံး မက်ခေါဒါလည်း ချပေးလိုက်တာလေးများ ကွက်တိ.. နာနီလည်း ညာကနေ လှစ်ကနဲနေတာပဲ.. ချိုလိုက်တာ.. ဘယ်သူ့ မှမထင်လေ..ပိုမြိန်လေပဲ...

     

Leave a Reply