မြန်မာ မန်ချက်စတာယူနိုက်တက်ဖန် ဘလော့အား ကွန်မြူနတီ နှင့် ပေါင်း၍ အသစ်ထပ်မံ ဖွင့်လှစ်ထားပါသည် လက်ရှိအချိန်တွင် လိုအပ်သည်များကို ဆက်လက် ဖြည့်ဆည်းနေဆဲ ဖြစ်သော်လည်း ပိုစ့်များကို နောက်အသစ် ဖွင့်လှစ်သော www.manutdmm.com တွင်သာ ဆက်လက် ရေးသား သွားမည် ဖြစ်ကြောင်း မန်ယူဖန် များအား အသိပေးအပ်ပါသည်..။ မြန်မာမန်ချက်စတာဖန်ကလပ် သို့ သွားရန် အပေါ်မှ ပုံကို ကလစ်လုပ်ပါ သရဲနီချစ်မြတ်နိုးသူများအား ဖိတ်ခေါ်ပါတယ်
  • Match Review

  • Highlights

  • Premier League

  • Match Preview

  • Champion League

  • Player News

  • Man U News

  • Transfer News

  • Interview

  • Manchester United Club History

  • Feature

Inter Milan vs Manchester United

ကျနော်တို့ မန်ယူအသင်းဟာ ဒီတပတ် အင်္ဂါမှာ အင်တာမီလန် အသင်းနဲ့ အီတလီမြေမှာ ချန်ပီယံလိဂ်  ရှုံးထွက်ပွဲစဉ် ပထမအကျော့ အနေနဲ့ သွားရောက် ယှဉ်ပြိုင် ကစားရမှာ ဖြစ်ပါတယ်။ မန်ယူအသင်း အတွက် ဒီပွဲစဉ်ဟာ စိုးရိမ်စရာ အခြေအနေ တရပ်ဖြစ်ပါတယ်။ အီတလီ အသင်းတွေနဲ့ တွေ့ရင် ကံမကောင်း တတ်တဲ့ အစဉ်အလာ တရပ်ဟာ ဒီတခေါက်မှာရော ဘယ်လိုဖြစ်လာမှာလဲ ..

ဒီနှစ်သင်းရဲ့ ရာဇ၀င်ကို ကြည့်ရမှာ မန်ယူအသင်းဟာ ၉၈ - ၉၉ ဖလားသိမ်းခဲ့တဲ့ နှစ်က အင်တာ အသင်းနဲ့ တွေ့ဆုံဖူးခဲ့ပီး အဲ့ အချိန်တုန်း ကတော့ မန်ယူအသင်းဟာ အီတလီမြေမှာ ၁ - ၁ ဖြင့် သရေ ကစားခဲ့ပီး အင်္ဂလန်မြေမှာတော့ ၂ - ၀ နဲ့ အနိုင်ယူကစား ခဲ့ပါတယ်။ ယနေ့ အချိန်မှာတော့ မန်ယူအသင်းဟာ ဒီပွဲစဉ်အတွက် ဒဏ်ရာ ပွဲပယ် ပြသနာတွေနဲ့ အခက်အခဲတွေ ရှိနေပါတယ်။ ဒီပွဲစဉ်မှာ နောက်ခံလူ အများစုဟာ ပွဲပယ် နဲ့ ဒဏ်ရာရ လူများဖြစ်နေတာကြောင့် ဖာဂူဆန် အတွက် အတော် အကျပ်ရိုက်စရာ ဖြစ်မှာပါ။ ဗီဒစ်ဟာ ပွဲပယ်ပြသနာ ကြောင့် ဒီပွဲမှာ ပါနိုင်မှာ မဟုတ်သလို ၀က်စ်ဘရောင်း၊အီဗန်နဲ့ ဂယ်ရီနဗီးလ်တို့ ဟာလည်း ဒီပွဲမှာ ဒဏ်ရာကြောင့် ပါဝင် ကစားနိုင်ဖွယ် မရှိပါဘူး။ ဖာဒီနန်နဲ့ တွဲဖက်ကစားဖို့ အတွက် အိုရှေးတယောက်ကိုသာ မျှော်လင့်ရမှာပါ။


နှစ်သင်းစလုံးရဲ့ ခြေစွမ်းကို ကြည့်ရင်တော့ အကောင်းဆုံး အနေအထားမှာ တွေ့ရပါတယ်။ စီးရီးအေ မှာ အင်တာမီလန်ဟာ ခြေစွမ်းထက် နေသလို ပရီးမီးယားလိဂ်မှာလည်း မန်ယူရဲ့ ခြေစွမ်းကို အားလုံး သိပီးသား ဖြစ်ပါတယ်။ အီဗရာ မိုဗစ်ခ်ျနဲ့ အက်ဒရီယာနို အတွဲကို ဗီဒစ်မပါတဲ့ မန်ယူ နောက်တန်း ထိန်းချုပ်ဖို့ မလွယ်တာ အမှန်ပါ။ မန်ယူတိုက်စစ်မှာလည်း ရူနီ ပြန်လာပီးတဲ့နောက် ဂိုးသွင်းအားတွေ တက်နေပါတယ်။ ဘာဘာတော့ဖ်နဲ့ ရူနီအတွဲကို အင်တာ ဘယ်လိုထိန်းချုပ်မှာလည်း .. ခံစစ် တိုက်စစ် အကူးအပြောင်း ပိုင်နိုင်တဲ့ မော်ရင်ဟိုရဲ့ အင်တာကို ဖာဂူဆန် ကြီး ဘယ်လို ယှဉ်မလဲ ဆိုတာကို ....



P.S ကျနော်ကတော့ ဒီပွဲကို မကြည့်ရတော့ပါဘူး။ ဒီနေ့မှ ညပိုင်း ဂျူတီကို တည့်တည့်ပြောင်းပေးတဲ့ HOD ကိုလည်း စိတ်ထဲက မေတ္တာပို့ရင်းပဲ မန်ယူ အနိုင်ရရှိပါစေလို့ ဆုတောင်းလိုက်ပါတယ်။

Filed Under: ,

About the Author

မြန်မာလူမျိုး မန်ချက်စတာယူနိုက်တက် အသင်း အားပေးသူများ ဆုံစည်းရာ နေရာလေး တစ်ခုပါ..။ Myanmar Manchester Fan Club.

Leave a Reply