Inter 0 : 0 United

နောက်ဆုံးမှာတော့ ယူနိုက်တက်အသင်း အတွက် လုပ်ရမည့်အလုပ်ကတော့ မတ်လ ၁၁ ရက်နေ့ ဗုဒ္ဓဟူးနေ့ မှာ အိုးထရက်ဖို့ဒ်ကွင်းမှာ အင်တာကို အနိုင်ယူနိုင်ဖို့ပါဘဲ..။
ဒီနေ့ ရလိုက်တဲ့ ရလဒ် အနေနဲ့ကတော့ ပွဲပြီးချိန်မှာ သရေဆိုတာလဲ မော်ရင်ဟိုရဲ့ အသင်းသားတွေ အပေါ် စိတ်ဓါတ် ရေးရာ အရ အနိုင်ရရှိ ထားနိုင်ပါပြီ..။
ဒါပေမယ့် ပထမပိုင်း ကစားတဲ့ အနေအထား အရဆိုရင် မန်ယူ အသင်းဟာ အင်တာအသင်းအပေါ် ဂိုးရရှိရေး အတွက် အများကြီး ခြိမ်းချောက် နိုင်ခဲ့ပါတယ်..။
ဒုတိယပိုင်းပြန်စချိန်မှာတော့ အင်တာအသင်းဟာ ပထမ ပိုင်းနဲ့ မတူ ကွဲပြားခြားနားစွာ မန်ယူအသင်း အပေါ် ကို ပြန်လည် တိုက်စစ် ဆင်နိုင်ခဲ့ပါတယ်..။
ဒီပွဲဟာ ဆိုရင် ပရီးမီးယားလိဂ် မှာ ထိပ်ဆုံးက ဦးဆောင်ပြီး ဒုတိယ နေရာက အသင်းကို ခုနှစ်မှတ်ဖြတ်ထား နိုင်တဲ့ မန်ချက်စတာ ယူနိုက်တက် အသင်းနဲ့ အီတလီ စီးရီးအေ မှာ ဒုတိယ အသင်းကို ကိုးမှတ် ဖြတ်ထားနိုင်တဲ့ အင်တာမီလန် အသင်းတို့ ရဲ့ နည်းပြများ ဖြစ်တဲ့ ဆာအဲလက်စ်ဖာဂူဆန် နဲ့ ဂျိုဆေးမော်ရင်ဟို တို့ရဲ့ ပါးစပ်တိုက်ပွဲ တွေကြားက တစ်ကယ့် ထိပ်တိုက် ရင်ဆိုင်ကြတဲ့ ပွဲတစ်ပွဲ လဲ ဖြစ်ပါတယ်..။
ဆာအဲလက်စ်ဖာဂူဆန် အနေနဲ့ ဒီ ဆန်စီရို ကွင်းကို အလည်အပတ် သွားခဲ့ ရာမှာ နောက်ခံလူ ခြောက်ယောက် သာခေါ်သွားနိုင်ခဲ့ပြီး အဲဒီထဲက ဂျွန်အီဗန်နဲ့ ဂျွန်အိုးရှေး တို့ နှစ်ယောက် ဟာ ဒဏ်ရာ ရရှိနေတဲ့ သူတွေ ဖြစ်ပါတယ်.. ။
နောက်ပြီးတော့ အားလုံးကို အံသြသွားစေတာကတော့ ဝိန်းရူနီ နဲ့ ကာလိုစ့်တိဗက် တို့ကို အရန် ခုံပေါ် ထိုင်ခိုင်းထားစေခဲ့ တာပါပဲ.ဒီပွဲမှာ ဘာဘာတော့ဗ် ကို ထိပ်မှာ တင်ပြီး အလည်တန်း မှာ လူငါးယောက် ကို ထားပြီး ကစားစေခဲ့ ပါတယ် ...
အလည်တန်းမှာ ပါဝင်ကစား သူတွေကတော့ ရိုနယ်ဒို၊ဖလက်ချာ၊မိုက်ကယ်ကာရစ်၊ရိုက်ရန်ဂစ် နဲ့ ဂျီဆောင်ပက် တို့ပဲ ဖြစ်ပါတယ်.
လွန်ခဲ့သော ၂ နှစ်က ဒီဆန်စီရို ကွင်းမှာပဲ ချန်ပီယံလိဂ် ဆီမီးဖိုင်နယ် ပွဲမှာ အေစီမီလန် အသင်းကို သုံးဂိုး ဂိုးမရှိနဲ့ ခါးသီးသော အရှုံးကို ရင်ဆိုင်ခဲ့ကြရဖူးပါတယ်..။
ပွဲစလို့ သုံးမိနစ် အလွန် မှာ ကန်လိုက်တဲ့ ရိုနယ်ဒိုရဲ့ ဖရီးကစ် ကိုရော နောက်ထပ် ၂ မိနစ် အကြာ ထောင်ကန့်ဘောက တစ်ဆင့် ခေါင်းတိုက် တာကိုပါ ဘရာဇီးသား အင်တာ ဂိုးသမား Julio Cesar သူ့ဂိုးပေါက်ထဲ ကို ဖြတ်သန်း မဝင်ရောက်သွားအောင် ကာကွယ်လိုက်နိုင်ခဲ့ပါတယ်..။
ယူနုက်တက် အသင်းအနေနဲ့ နောက်ထပ် အခွင့်အရေး တစ်ခုကို မိနစ် ၂၀ အကြာမှာ ရရှိခဲ့ပါသေးတယ် ရိုင်ရန်ဂစ် နောက်ပြန်ပေးလိုက်တဲ့ အလုံး ကို ဘာဘာတော့ဗ် ဂိုးစည်းထဲ ရပေမယ့် ဘူဂေးရီးယား သားဟာ ဘောလုံးကို ဂိုးစည်းအတွင်းရှိနေတဲ့ ဂျီဆောင်ပတ် ကို မပေးနိုင်ခဲ့ပါဘူး နောက်တစ်ခါ အီဗရာ ဖြတ်တင်ပေးလိုက်တဲ့ ဘောလုံးကိုလဲ ၁၅ ပေအကွာခန့်က ခေါင်းတိုက် သွင်းပေမယ့်လဲ အင်တာဂိုးသမား ရဲ့ ညာဘက်ကနေ ဂိုးလွန်ဘော ဖြစ်သွားခဲ့ ရပါတယ်...။
ရိုနယ်ဒိုရဲ့ တတိယ ဖရီးကစ်ကလဲ အင်တာ ပရိသတ်ရဲ့ နှလုံးသားတွေ ပါးစပ်ထဲက ထွက်ကုန်မလား ထင်ရလောက်အောင် ဂိုးရခွင့်နဲ့ အတော်လေး နီးစပ်ခဲ့ရပါတယ်...
ဒီအစပိုင်း ၂၅ မိနစ်လောက်ကပဲ ပွဲကို အရှိန်ကောင်းစေခဲ့ပြီး ကျန်တဲ့ မိနစ် ၂၀ လောက်ကတော့ ပွဲဟာ အရှိန် အနည်းငယ် ကျသွားခဲ့ပါတယ်..။
ဒုတိယပိုင်း မှာတော့ မော်ရင်ဟို ဟာ လူတွေ ချိန်းပြီး တိုက်စစ်အရှိန်ကို မြှင့်တင်ဖို့ ကြိုးစားလာပါတယ် ဒါပေမယ့် ယူနိုက်တက်ကလဲ သူတို့ရဲ့ တိုက်စစ် အဟုန် ကို မကျအောင် ကြိုးစားထားပြီး ၆၅ မိနစ်မှာ ရိုနယ်ဒို ဟာ ဂိုးပေါက်မျက်နှာချင်းဆိုင် ကို တင်ပေးပေမယ့် ပက် ကော ဘာဘာတော့ဗ် ပါ မရှိခဲ့ပါဘူး..ပွဲပြီးဖို့ ၁၅ မိနစ်အလိုမှာ ဂစ် ကနေပြီး ဂိုးစည်း ထောင့်ကနေ အပြင်းကန်သွင်းပေမယ့် အင်တာ နောက်တန်း သမား Cordoba ပိတ်လိုက်လို့ ဂိုးမရရှိခဲ့ ပါဘူး..။
ဝိန်းရူနီ ဟာလဲ ဒုတိယပိုင်းမှာ ဝင်လာခဲ့ ပြီး ဂိုးရဖို့ ကြိုးစားခဲ့ပေမယ့်လဲ အင်တာနောက်တန်းက တရစပ် ဖျက်ထုတ်နေတာကြောင့်ကော အင်တာဂိုးသမား ကောင်းနေတာကြောင့်ကော ဂိုးမရရှိခဲ့ ပါဘူး ..
နောက်ဆုံး ပွဲပြီးဖို့နောက်ဆုံး မိနစ်မှာ ရော်နယ်ဒို ဖရီးကစ် ကန်ခွင့် ရခဲ့ပေမယ့် ဂိုးသမားက ရင်ဘတ်နဲ့ ကာထုတ်လိုက် တဲ့ အတွက် ပွဲအပြီးမှာ အင်တာမီလန် အသင်းနဲ့ မန်ချက်စတာ ယူတိုက်တက် အသင်းတို့ ၀ ၊ ၀ နဲ့ပွဲပြီးဆုံးသွားခဲ့ ပါတယ်..
ဒါပေမယ့်လဲ နောက်နှစ်ပါတ် အကြာ မန်ယူ အိမ်ကွင်း အိုးထရက်စ်ဖိုဒ့်မှာ တော့ မန်ယူတို့ အင်တာမီလန် ကို ကောင်းကောင်းကြီး ဒီနေ့ပွဲထက်ကို ဖိအားအပြည့်နဲ့ ကစားနိုင်မယ် လို့ မျှော်လင့်မိပါတယ် ခင်ဗျာ...။
Filed Under: Champion League , Featured , Match Review
0 comments
Trackback URL | Comments RSS Feed