မြန်မာ မန်ချက်စတာယူနိုက်တက်ဖန် ဘလော့အား ကွန်မြူနတီ နှင့် ပေါင်း၍ အသစ်ထပ်မံ ဖွင့်လှစ်ထားပါသည် လက်ရှိအချိန်တွင် လိုအပ်သည်များကို ဆက်လက် ဖြည့်ဆည်းနေဆဲ ဖြစ်သော်လည်း ပိုစ့်များကို နောက်အသစ် ဖွင့်လှစ်သော www.manutdmm.com တွင်သာ ဆက်လက် ရေးသား သွားမည် ဖြစ်ကြောင်း မန်ယူဖန် များအား အသိပေးအပ်ပါသည်..။ မြန်မာမန်ချက်စတာဖန်ကလပ် သို့ သွားရန် အပေါ်မှ ပုံကို ကလစ်လုပ်ပါ သရဲနီချစ်မြတ်နိုးသူများအား ဖိတ်ခေါ်ပါတယ်
  • Match Review

  • Highlights

  • Premier League

  • Match Preview

  • Champion League

  • Player News

  • Man U News

  • Transfer News

  • Interview

  • Manchester United Club History

  • Feature

ဆန်စီရိုရင်ခုန်သံ

aufzeichnen
ဒီဘက်နှစ်တွေရဲ့ဥရောပချန်ပီယံဟာ ချန်ပီယံဆုကို ဘယ်တုန်းကမှ မကာကွယ်နိုင်သလို ဒုတိယအဆင့်ကိုလည်း ဘယ်တော့မှ ဖြတ်ကျော်လွန်မြောက်နိုင်ခြင်းမရှိ။

ဒါဟာ ဒီဘက်နှစ် ဥရောပချန်ပီယံလိဂ်ပြိုင်ပွဲအတွက် အစဉ်အလာတစ်ခုပါ.. လတ်တလောပြေးကြည့်ရင်တောင် ၂၀၀၇ ဥရောပချန်ပီယံ အေစီဟာ မနှစ်တုံးက

အာဆင်နယ်အသင်းကို ဒူးထောက်ခဲ့ရသလို.. ၂၀၀၆ ချန်ပီယံ ဘာစီလိုနာအသင်းက လီဗာပူးလ်အသင်းကို ၂ကျော့ပေါင်း ၂-၂ အဝေးဂိုးနဲ့ အရေးနိမ့်ခဲ့ကာ

၂၀၀၅ ချန်ပီယံ လီဗာပူးလ် အသင်းက မန်ယူကို အုပ်စုမှာဖြုတ်ချထားနိုင်ခဲ့တဲ့ ပေါ်တူဂီကလပ်ဘင်ဖီကာကို ၂ကျော့ပေါင်း ၃ ဂိုးပြတ်နဲ့ အရေးနိမ့်ခဲ့ကြပြီးတော့

ဘယ်တော့မှ ဒုတိယအဆင့်ကို ကျော်လွန်နိုင်ခြင်းမရှိပဲ ချန်ပီယံဆုကို မကာကွယ်နိုင်ခဲ့ပေ။ ဒီအစဉ်အလာဟာ မန်ယူအတွက်တော့ စိန်ခေါ်မှုတစ်ရပ်ဖြစ်နေပါပြီ။

ပြီးတော့တွေ့ရတဲ့အသင်းကသာမာန်အသင်းတစ်သင်းမဟုတ်သလို အီတလီစီးရီးအေရဲ့ဘုရင်တစ်ဆူဖြစ်တဲ့ အသင်းတစ်သင်းဖြစ်နေတာကလည်း

မန်ယူအတွက်တော့ မဟာပြိုင်ဘက်ပါပဲ။ အင်တာကိုဦးဆောင်နေတဲ့ media man မော်ရင်ဟိုကလည်း ဆရာဖာဂီအတွက်တော့ အိပ်မက်ဆိုးတစ်ခုလိုပါပဲ။

ပွဲမစခင်မှာ ဆရာမော်က ဖာဂီအပေါ်ကို စကားလုံးတိုက်ပွဲတွေ အဆက်မပြတ်ဆင်နွှဲနေပေမဲ့ ကျွန်တော့တို့ရဲ့သူရဲနီခေါင်းဆောင် ဖာဂူဆန် ဘက်က ငြိမ်သက်နေတာကတော့

အတော်လေး စိတ်ဝင်စားဖို့ကောင်းနေပါပြီ။ ဘယ်လိုအကွက်တွေများ၊ ဘယ်လိုမှော်တွေများ အသက်သွင်းနေတာပါလဲ ဖာဂီ။ အပြင်းအထန်ဆုံးကျရောက်လာမဲ့

မုန်တိုင်းတစ်ခုများ မကျရောက်ခင်ငြိမ်သက်နေတာပါလား ဖာဂီ။သေချာတာကတော့ ကျွန်တော်တို့ သူရဲနီဖန်တွေကတော့ ဆန်စီရိုအတွက် ရင်ခုန်နေပါပြီ။

Filed Under: ,

About the Author

မြန်မာလူမျိုး မန်ချက်စတာယူနိုက်တက် အသင်း အားပေးသူများ ဆုံစည်းရာ နေရာလေး တစ်ခုပါ..။ Myanmar Manchester Fan Club.

Leave a Reply