မြန်မာ မန်ချက်စတာယူနိုက်တက်ဖန် ဘလော့အား ကွန်မြူနတီ နှင့် ပေါင်း၍ အသစ်ထပ်မံ ဖွင့်လှစ်ထားပါသည် လက်ရှိအချိန်တွင် လိုအပ်သည်များကို ဆက်လက် ဖြည့်ဆည်းနေဆဲ ဖြစ်သော်လည်း ပိုစ့်များကို နောက်အသစ် ဖွင့်လှစ်သော www.manutdmm.com တွင်သာ ဆက်လက် ရေးသား သွားမည် ဖြစ်ကြောင်း မန်ယူဖန် များအား အသိပေးအပ်ပါသည်..။ မြန်မာမန်ချက်စတာဖန်ကလပ် သို့ သွားရန် အပေါ်မှ ပုံကို ကလစ်လုပ်ပါ သရဲနီချစ်မြတ်နိုးသူများအား ဖိတ်ခေါ်ပါတယ်
  • Match Review

  • Highlights

  • Premier League

  • Match Preview

  • Champion League

  • Player News

  • Man U News

  • Transfer News

  • Interview

  • Manchester United Club History

  • Feature

သန်းပေါင်း ၁၀၀ ကျော်အမြတ် ၈၃ သန်း အရှုံး


နားရှုပ်သွားလား? သတင်းအရတော့ ပထမဆုံး အင်္ဂလန် ကလပ်အနေနဲ့ ဒီလောက်သန်း ၁၀၀ ကျော် လုပ်ငန်းလည်ပတ်မှု့ အမြတ် ရတယ်လို့ ဆိုပါတယ်။ ဒါပေမဲ့ စာရင်းချုပ်အနေနဲ့ ပေါင် ၈၃ သန်းကျော်ရှုံးပါတယ်တဲ့။

အမြတ်အနေနဲ့ ကတော့ မန်ယူရဲ့နာမည်ဆိုးနဲ့ နာမည်ကျော်နေတဲ့ ဂလေဇာမိသားစုရဲ့ ထူးထူးခြားခြားထိုးထွက်ပြီး စီးပွားရေးနယ်ပယ်မှာ စေ့စပ်သေချာ တဲ့ သဘောတူညီမှု့ တခုကိုအောင်မြင်စွာ လုပ်နိုင်ခဲ့တယ်လို့ သတင်းက တိကျတဲ့ စကားလုံးတွေ ဆင့်ဆင့်ပြီးဖော်ပြသွားပါတယ်။ ဘာပါလိမ့်မဆိုရင် ပောာင်ကောင် တယ်လီကွန်မြူနီကေးရှင်း ကုမ္ပဏီ PCCW နဲ့ ပူးပေါင်းဆောင်ရွက်ခွင့် ကို ကမ္ဘာ့အစိတ်အပိုင်းအလိုက် လိုမျိုးကို ရရှိလိုက်လို့ ပါပဲတဲ့။ တနှစ်ထဲမှာ ဒီလို သဘောတူညီမှု့ ရတဲ့တခြားကုမ္ပဏီ ၂ ခုကတော့ တို့ 
Singha Beer နဲ့  Concha y Toro wines ဖြစ်ပါတယ်။

အရှုံးအနေနဲ့ ကတော့ မန်ယူကလပ်အနေနဲ့ ပေးရတဲ့ အတိုးက သန်း ၄၀ နဲ့ လူအသစ်ဝယ်ထားတာတွေ ကစားသမားလစာအတွက် စာချုပ်တိုးမြင့်ပြီး လစာငွေပေါင်း ၇ % ဖြစ်တဲ့ ၁၃၁.၇ သန်းကြောင့်လို့ ဆိုပါတယ်။ ဒါတောင် မနှစ်ကအောင်မြင်မြင် ထုတ်ရောင်းထားတဲ့ ဘောင်းစာချုပ် သန်း ၅၀၄ သန်းဖိုး ရှိနေပေလို့ ပဲ။ ဒါပေမဲ့ ဒီဘောင်းနဲ့ ဆက်နွယ်ပြီး တခါသုံးပေးချေငွေ သန်း ၄၀ နဲ့  သန်း ၂၀ ကျော်ကလည်း ငွေလှဲလယ်မှု့ အတွက် သုံးထားရပြန်တယ်။ နောက်ထပ်ထောက်ပြထားတဲ့ တချက်က ပြီးခဲ့တဲ့နှစ်အတွက် ချန်ပီယံလိဂ် ကွာတားကနေထွက်ရတာနဲ့ အက်အေကို ပွဲစဉ် ၃မြောက်ကနေ ထွက်ရတဲ့အတွက် ကစားပွဲပေါင်း လျော့ကစားထားတာကတကြောင်းနဲ့ လက်ရှိမန်ယူကစားသမားတွေရဲ့ တန်ဖိုးအားဖြင့်ကျဆင်းလာတယ်လို့ ဆိုထားပါတယ်။

ဝင်ငွေအနေနဲ့ ကြည့်ရင် ကလပ်ရဲ့ စုစုပေါင်းဝင်ငွေအနေနဲ့ တိုးတက်လာတာက ၂.၉ % ရှိပြီး ပေါင် ၂၇၈ သန်းကနေ ပေါင် ၂၈၆ သန်းအထိတိုးတက်လာတာပါ။ အဓိကသက်ရောက်စေတာက တိုက်ရိုက်ပြသခွင့် ရုပ်သံခ တွေက ပေါင် ၉၉ သန်းကနေ ပေါင် ၁၀၄.၈ သန်းအထိတိုးတက်လာလို့ ပါ။ ဒီ့အပြင် ရှပ်အင်္ကျီစပွန်ဆာ ၅၀% ကတိုးတက်လာတယ်လို့ ဆိုပါတယ်။ အခွန်နှုန်းတွေ တန်းဖိုးကျမှု့ တွေ အတိုးနှုန်းတွေမပါပဲ EBITDA အရဆိုရင်တော့ ၁ နှစ်တာအတွင်း ၃၃% ကနေ ၃၅% ထိတိုးတက်လာတယ်လို့ ဆိုပါတယ်။

မန်ယူကလပ်ကနေတရားဝင်ထုတ်ပြန်ထားတဲ့အထဲမှာမပါတဲ့အကြောင်းအရင်က ဂလေဇာတို့ သူတို့ ရဲ့ ၁၆% အတိုးပေးရမဲ့ PIK အကြွေးပေါင်း သန်း ၂၀၀ အတွက် ယူသုံးထားမထားကိုပါ။ အရှုံးအတွက် ဂလေဇာမိသားစိုကို ကလပ်ကထုတ်ပြန်တဲ့ စာတမ်းမှာ အပြစ်မပုံတာ သိသာနေတဲ့ အချက်တခုမို့ ထွေးထူးပြောစရာမရှိပါဘူး။

အကြွေးအားဖြင့်လည်း ကလပ်က ထုတ်ပြန်ထားတဲ့ စာတမ်းမှာ သန်ပေါင်း ၅၂၁ သန်းလို့ ဆိုတာကို တွေ့ လိုက်ရပါတယ်။
ဂလေဇာ မိသားစုရဲ့အကြွေး ၁ ဘီလျံဆိုတာက မန်ယူနိုက်တက်ကလပ်အနေနဲ့ တိုက်ရိုက်ပတ်သတ် တာမပာုတ်ဘူး ဆိုတဲ့အချက်ကို မြင်စေ့ချင်တာကြောင့် ဖြစ်ပါလိမ့်မယ်။

ဒီလို စံချိန်ချိုး လုပ်ငန်းလည်ပတ်မှု့ အမြတ် သန်း ၁၀၀ ကျော်က ကမ္ဘာကျော်နာမည်နဲ့ မန်ယူနိုက်တက်ကလပ်အနေနဲ့ ရပ်တည်မှု့ က စီးပွားရေးဆွဲဆောင်မှု့ အားကောင်းတာကို ပြနေဆဲပါပဲ။ သက်သေအရဆိုရင် တလောကထုတ်ပြန်ထားတဲ့ အဆိုအရ မန်ယူပာာ ကမ္ဘာ့တန်ဖိုးအရှိဆုံး အားကစားကလပ်အနေနဲ့ သန်းပေါင်း ၁.၂ ဘီလျံနဲ့ ပထမဖြစ်ပြီး။ Dallas Cowboys ၁ ဘီလျံနဲ့ ဒုတိယ ။ ဒီ့အပြင် The New York Yankees၊ Washington Redskins၊ New England Patriots တို့ အပြီးနောက်ကနေမှ ပေါ်လာတဲ့ နောက်ထပ်ဘောလုံးအသင်း ဖြစ်တဲ့ ရီရဲမတ်ဒရစ် တို့ အထက်မှာရပ်တည်တာကို ကြည့်နိုင်ပါတယ်။

အရှုံးပေါ်က ကြည့်မယ်ဆို မန်ယူနိုက်တက်ကလပ်အနေနဲ့ ဂလေဇာရဲ့ အကြွေးမှီး နဲ့ တိုက်ရိုက်မပတ်သတ် ပေမဲ့လည်း ပါဝင်ပြီး ဖြေရှင်းလျက်ရှိနေတယ်ဆိုတာပါပဲ။

မန်ယူဖန်တွေအတွက် ဖတ်မှတ် နားလည်သလောက်အတိုချုံးပြောရရင် မန်ယူနိုက်တက်ကလပ်အနေနဲ့ ရပ်တည်လည်ပတ်တဲ့ ဝင်ငွေ အမြတ်အားဖြင့် အင်အားကောင်း မောင်းနှင်ဆဲ လည်ပတ်ဆဲဖြစ်ပြီး ကမ္ဘာ့စီးပွားရေကျပ်တည်းမှု့ နဲ့  ဆက်နွယ်နေတဲ့ ပိုင်ရှင်တွေဆီက ငါးကြင်းဆီနဲ့ ငါးကြင်းကြော်တဲ့ လုပ်ရပ်တွေရဲ့ ဆိုးကျိုးတွေ ခံစားဆဲလို့ ဆိုရလိမ့်မယ်။


ဘောလုံးဥပဒေတွေ နဲ့ ညှိနိုင်တဲ့ ပြဿနာ ကိုတော့
လုပ်ငန်းလည်ပတ်မှု့ အမြတ်ပြနေသရွေ့ ပူပင်စရာမလိုပါလို့ ဆိုနိုင်ပါတယ်။

ကျနော်အမြင်ကို နောက်ဆုံးပိတ်အနေနဲ့ ဘောလုံးစကားနဲ့ ပြောရရင် စီးပွားရှာကျွမ်းကျင်ပါတယ်လို့ အောင့်ပြီးချီးကျူးရမဲ့ ပိုင်ရှင်ဂလေဇာ တို့ အကြွေး သာမရှိလောက်ဘူးဆိုရင် ရီဘာရီ နဲ့ ဘန်ဇီမာတို့ ဝယ်ပြီး သန်း ၂၀ ကျန်မဲ့ အနေထားမျိုးပါပဲ။

သို့ ပေမဲ့လည်း ... သို့ ပေမဲ့လည်းပေါ့လေ..





မန်ယူနိုက်တက် တရားဝင်ထုတ်ပြန်ထားတဲ့ စာတမ်း Pdf Format ဖြင့်ရယူရန် ဒီကိုနှိပ် ပါ။



Filed Under: ,

About the Author

မြန်မာလူမျိုး မန်ချက်စတာယူနိုက်တက် အသင်း အားပေးသူများ ဆုံစည်းရာ နေရာလေး တစ်ခုပါ..။ Myanmar Manchester Fan Club.

Leave a Reply