မြန်မာ မန်ချက်စတာယူနိုက်တက်ဖန် ဘလော့အား ကွန်မြူနတီ နှင့် ပေါင်း၍ အသစ်ထပ်မံ ဖွင့်လှစ်ထားပါသည် လက်ရှိအချိန်တွင် လိုအပ်သည်များကို ဆက်လက် ဖြည့်ဆည်းနေဆဲ ဖြစ်သော်လည်း ပိုစ့်များကို နောက်အသစ် ဖွင့်လှစ်သော www.manutdmm.com တွင်သာ ဆက်လက် ရေးသား သွားမည် ဖြစ်ကြောင်း မန်ယူဖန် များအား အသိပေးအပ်ပါသည်..။ မြန်မာမန်ချက်စတာဖန်ကလပ် သို့ သွားရန် အပေါ်မှ ပုံကို ကလစ်လုပ်ပါ သရဲနီချစ်မြတ်နိုးသူများအား ဖိတ်ခေါ်ပါတယ်
  • Match Review

  • Highlights

  • Premier League

  • Match Preview

  • Champion League

  • Player News

  • Man U News

  • Transfer News

  • Interview

  • Manchester United Club History

  • Feature

မန်ယူစာရင်းတမ်းနဲ့ CEO ဖြေရှင်းခန်း




မန်ယူရဲ့ ၂၀၀၉ - ၂၀၁၀ တစ်နှစ်စာ စာရင်းတမ်း ထုတ်ပြန်ပြီး နောက်တရက်မှာပဲ မန်ယူရဲ့ CEO ဒေးဗစ်ဂေလ်ရဲ့ ဖြေရှင်းချက်ဒီလိုထွက်လာပါတယ်။ ဒါကို ပြန်တင်ပေးပြီး သုံးသပ်ကြည့်မိတဲ့အပိုင်းလေးကိုမျှဝေပါရစေ။

ရှုံးငွေ ၈၇ သန်းထဲက သက်ရောက်မှု့ အချို့ ဘယ်ကလာလဲဆိုတဲ့အခါ ဒေးဗစ်ဂေပြေထားတာက - အရှုံးအမြတ်စာရင်းနဲ့ ပတ်သက်ပြီး ကောင်းတဲ့ ရလဒ်စံချိန်တွေ ရှိပါတယ် ဒါပေမဲ့ ဒီထဲမှာ တခါသုံးပေးချေငွေနဲ့ တခြားရှုပ်ထွေးပြီး ငွေသားမပာုတ်တဲ့ ပာာတွေလည်းရှိနေပါတယ် လို့ သူကဆိုတယ်။ သူပြောထားတဲ့ တခါသုံးတွေ လေ့လာကြည့်တဲ့အခါမှာ

၄၇ သန်း - ချေးငွေကို ဘောင်းစာချုပ်သို့ ပြောင်းလဲတဲ့အတွက်
၃၅.၂ သန်း - Goodwill Practice အတွက် မန်ယူကိုဝယ်စဉ်က လက်ဆုတ်လက်ကိုင်မပြပဲနဲ့ တန်တဲ့အသင်းရဲ့ တန်ဖိုး အတွက်ပေးချေးငွေတစိတ်တပိုင်း
၁၉ သန်း - နိုင်ငံတာကာငွေကြေးလဲလှယ်မှု့ နှုန်းထားကွားခြားမှု့  (နောက်နှစ်မှာပြန်ဝင်မဲ့ငွေလို့ ယူဆ)

စုစုပေါင်း ၁၀၂.၂ သန်းလို့ သိရပါတယ်။ ဒါဆို အခြေခံသင်္ချာလေးမြန်နွေးရအောင်ဗျာ။ အမြတ် ၁၀၀ ထွက်ပြီး အကြွေး ၈၀ ရှိတယ်လို့ ဆိုရင် သုံးငွေက ၁၈၀ ပေါ့ဗျာ။ အခုပြောပုံအရ တွက်လို့ ရတဲ့ ၁၀၂ သန်းက တခါသုံးပဲဖြစ်တဲ့အတွက် နောက်တခါဖြစ်ဖို့ မရှိဘူးဆိုပါတော့ မန်ယူကလပ်အနေနဲ့ ပုံမှန်ရင်ဆိုင်ရမဲ့ သုံးငွေပမာဏက သန်း ၈၀ ပေါ့။ အခုလို အမြတ်ကြီးပဲ သန်း ၁၀၀ နောက်နှစ်တွေ ရတယ်ဆိုပါဦးဆို့ သန်း ၂၀ ပုံမှန်မြတ်မဲ့ အဆင်လေးပေါ့။ အင်း ဒီလိုလေးတော့ သိပ်မဆိုးသလိုပဲ။

ဒါတွေအားလုံးက CEO မြင်စေချင်တဲ့ အရာအားလုံးပါ။ သူ့ အပြောကို မြင်ကြည့်ယုံပါ။ ဒါပေမဲ့ဒီထဲမှာ ဘောလုံးအသင်းရဲ့တန်ဖိုးကျဆင်းမှု့ မပါပါဘူး။ နောက်ထပ်အပြောအရ တကယ်လို့ အသင်းရဲ့တန်ဖိုး ကျဆင်းမှု့ ကိုပဲထုတ်လိုက်ရင် ၂၅ သန်းမြတ်မယ်လို့ ဆိုပါတယ်။ တန်းဖိုးကျဆင်းမှု့ ဆိုဒါကိုနားလည်ကြည့်ရင် အသင်းတသင်း ရဲ့တန်ဖိုးကျဆင်းမှု့ မှာ အသင်းကကစားသမား တဉ်ီးချင်းစီ ရဲ့ ကစားနိုင်တဲ့အသက်အရွယ်နဲ့  နိုင်ငံတကာအသင်းရွေးချယ်ခံရတာနဲ့ နိုင်ငံတကာအသင်းယဉ်ပြိုင်မှု့  တကွ ကလပ်ရဲ့ ယဉ်ပြိုင်မှု့ အရေးပါမှု့ အပေါ်တွေမှာမူတည်ပါတယ်။ ဥပမာ ကားအသစ် ဝယ်ထားတဲ့ဈေး နဲ့ ၅ နှစ်ကြာပြန်ရောင်းတဲ့ဈေးကွာသလို ကားရဲ့အရည်အသွေးနဲ့ တိုက်ခံထားလားမထားရလားအပေါ်မူတည်ပြီး ဈေးထပ်ကွာသလိုပါပဲ။ ဒီလို ကစားသမားတစ်ယောက်ချင်းစီကို တန်ဖိုးသတ်မှတ်ပါတယ်။

မန်ယူမှာ အသက်အရွယ်ကြီးပြီး နိုင်ငံတကာကနေအနားယူပြီး ပုံမှန်ပွဲထွက်ခွင့်မရတဲ့ သစ္စာရှိကစားသမားတွေ ရှိပါတယ်။ ဥပမာ ဘရောင်း၊ ဂယ်ရီနဗယ်နဲ့ တကွပေါ့ဗျာ။ သူတို့ သစ္စာရှိသလို မန်ယူကလည်း မျက်နှာလွဲခဲပစ် မလုပ်ပဲ ကြည့်ရှု့ လာတဲ့ သမိုင်းကြောင်းကို ထိန်းသိမ်းထားတဲ့ ရလဒ်တခုပါ။ ကျနော့်သီးသန့် အမြင်ကတော့ ဒီ့အတွက် ဆိုးကျိုးက အပြစ်မဆိုသာတဲ့ ကိစ္စတခုပါပဲ။

လူရောင်းဝယ်ကိစ္စနဲ့ ပတ်သတ်ပြီး ဂေလ်က ရွန်နီနဲ့ တကွ ဘယ်သူ့ ပဲဖြစ်ဖြစ် ရောင်းဖို့ ဖိအားလုံးဝမရှိပါတဲ့။ ဘဏ်ထဲမှာငွေသားချည်း သန်း ၁၆၀ သုံးဖို့ အဆင်သင့်ရှိနိုင်သလို။ အကောင်းဆုံးသူ လိုချင်တာကတော့ မန်ယူရဲ့အကောင်းဆုံးကစားသမားတွေ နဲ့ ဆက်လက်လက်တွဲပြီး အကောင်းဆုံးကစားသမားတွေကို ဆွဲဆောင်ဖို့ ဆိုတဲ့ ဆောင်ပုဒ်နဲ့ အတူ ရော်နယ်ဒိုလို တစ်ယောက်နဲ့ လက်ကိုင်ငွေ သန်း၈၀ သာ ရှိလိုပါတယ်တဲ့။ ဒါပေမဲ့ ရော်နယ်ဒိုက ထွက်ခွာလိုတဲ့အတွက် ကမ္ဘာ့စံချိန်ဈေးနဲ့ ရောင်းပြီး ထိုရောင်းငွေနဲ့ ပေါင်း သန်း ၁၆၀ အဆင်သင့်ပဲလို့ ဆိုပါတယ်။ ဒါဆိုဘာလို့ လူမဝယ်သလဲလို့ ဆိုရင်ကော ဒါနဲ့ ပတ်သတ်ပြီး ဖာဂီက ပြီးခဲ့တဲ့ ဈေးကွက်ဖွင့်ချိန်မှာ သူ့ အကြိုက်အရည်အသွေးနဲ့ ဈေးကိုက်တဲ့လူမတွေ့ ဘူးလို့ ဆိုထားဖူးပါတယ်။

ဒီနှစ်အတွက်တော့ထားပါတော့ တခါတရံ ရှုံးငွေ ပြတာကိစ္စကြီးကျယ်မပာုတ်ဘူးလို့ ရေရှည်အတွက်ကောဆိုပြီး လီဗာပူးရဲ့အခြေအနေကိုထောက်ပြတဲ့အခါ ဂေးလ်က

“တခြားအသင်းအကြောင်းတော့ ကျနော်နဲ့ မဆိုင်ဘူးမို့ ပြောလို့ မဖြစ်ပါဘူး ဒါပေမဲ့ မန်ယူအတွက်တော့ ဖန်တွေ စိုးရိမ်စရာမရှိပါဘူး။ ကျနော်တို့ ဆီမှာ ရေရှည် တည်တံ့မဲ့ စွားပွားရေးစီမံကိန်းရှိသလို ဝင်ငွေအရလည်းတိုးတက်နေပြီး သုံးငွေကိုလည်းထိန်းချုပ်ထားနိုင်ပါတယ်။ ကစားသမားလစာငွေ က ဝင်ငွေရဲ့ ၄၆% နူန်း ရှိပါတယ်။ ရေရှည်စီမံကိန်းအတွက် အတိုးပေးဖို့ လည်း တတ်နိုင်ပါတယ်။ ကစားသမားအသစ်ဝယ်ဖို့ ငွေရှိသလို စာချုပ်ကောင်းကောင်းချုပ်ဖို့ လည်း တတ်နိုငပါတယ်။ ကျနော်တို့ စီမံကိန်းအရ သက်တောင့်သက်သာပါပဲ။”


သူပြောတဲ့ ကစားသမားလစာငွေ ၄၆% နှုန်းက အရေးပါတဲ့ အချက်တခုပါ။ ယူအီးအက်အေရဲ့လစာထိန်းချုပ်မှု့ ကန့် သတ်မဲ့အချက်မှာ ကစားသမားလစာငွေပာာ ကလပ်ဝင်ငွေစုစုပေါင်း ရဲ့ ၆၀ နှုန်းမရှိရလို့ ရာထားသတ်မှတ်ထားကြောင်းသိရပါ။

ဒီနေရာမှာနိုင်းယှဉ်လို့ ရနိုင်တာက ၂၀၀၉အထိ (၂၀၁၀ အတွက်ထွက်မလာသေး) ချဲဆီးအသင်းရဲ့ လစာငွေပာာ ဝင်ငွေရဲ့ ၈၀% (ဝင်ငွေ - ၂၁၃ သန်း နဲ့ လစာငွေ - ၁၇၂ သန်း) ရှိပါတယ်။ အခု ခန့် မှန်းလစာငွေ သန်း ၁၄၀ ကျော်ရဲ့ ရာခိုင်နှုန်းက ၂၀၁၀ အတွက်လျော့ချနိုင်ပေမဲ့ ဝင်ငွေကလည်း လျော့သွားတဲ့အတွက် ၈၀% နှုန်းပဲဖြစ်ဖို့ ခန့် မှန်းထားကြောင်းဖတ်မိပါတယ်။

စီးတီးကိုကြည့်ရင် လစာငွေက ၁၅၅ သန်းကျော်ရှိပြီး ဝင်ငွေက ၁၂၅ သန်းပဲရှိတဲ့အတွက် ၁၂၄% နှုန်းတောင်ရှိတာကို တွေ့ နိုင်ပါလိမ့်မယ်။

အာဆင်နယ်ကတော့ လစာငွေကန့် သတ်တဲ့နေရာမှာနည်မည်ကြီးပြီး ၃၇% နှုန်းသာရှိလို့ အထင်ကြီးစရာပါပဲ။ ဒီနေရာကျနော်ထောက်ပြချင်တဲ့ တချက်က အာဆင်နယ်မှာလည်း အကြွေးမကင်းဘူးဆိုတာပါပဲ။ အာဆင်နယ်အဖို့ ကွင်းအပောာင်း ပိာုက်ဘရီက အိမ်ယာအသစ်တွေကို ရောင်းချနိုင်ခဲ့တဲ့အတွက် အမြတ်သန်း ၃၀ ရှိတာမို့ ကွင်းအသစ် ပိာုက်ဘရီ အတွက် အကြွေးတွေကိုလည်း လျော့ချနိုင်ခဲ့ရာမှာ နောက်ဆုံးသိရသလောက်ကတော့ လက်ကျန်အကြွေးက ၂၀၃.၆ သန်းလို့ ဖတ်မိပါတယ်။အတိုးနှုန်းက တနှစ် ၂၅ သန်းဝန်းကျင်ပါ။ ဆိုလိုချင်တာက ဘယ်အသင်းမှအကြွေးမကင်းပါဘူး။ အမြတ်ထွက်တယ်လို့ ဆိုရာမှာလည်း အကြွေးအပေါ်အချိန်ကျဆပ်ရမဲ့အတိုးနှုန်းနဲ့ အကြွေးကြီးပဲ(Capital payment)အချိန်ကျဖဲ့ဆပ်ရမဲ့ ပုံမှန်ဆပ်ငွေ တွေကိုပေးပြီး ငွေပိုကိုဆိုလိုပေမဲ့ အကြွေးလုံးဝကင်းသွားတာမျိုးမပာုတ်ပါဘူး။ စီးပွားရေးလုပ်ငန်းအတော်တော်များများဒီလိုပါပဲ။ မျှမျှတတ ပြောရရင် အာဆင်နယ်ရဲ့ စီးပွားရေး ရပ်တည်မှု့ က စီးတီးနဲ့ ချဲဆီးနဲ့ စာရင် ပိုပြီးရပ်တည်မှု့ ကောင်းတယ်လို့ ဆိုနိုင်ပါတယ်။ မန်ယူရဲ့ စီးပွားရေး အကြွေးနဲ့ ဝင်ငွေ လည်ပတ်မှု့ ကလည်း အာဆင်နယ်ကဲ့သို့ တောင့်တင်းမှု့ ရှိပေမဲ့လည်း ဒီနေရာမှာ ကျနော်တို့ မန်ယူနဲ့ ဆက်လျဉ်းနေတဲ့ ပိုင်ရှင်ရဲ့ အကြွေးမှီခိုမှု့ က ပိုကြီးတဲ့အတွက် အာမခံချက်နည်းတယ်လို့ ဆိုနိုင်ပါတယ်။

အပိတ်အနေနဲ့ မန်ယူ CEO ရှင်းပြချင်တာက အများထင်သလို အခြေအနေအဆိုးကြီးမပာုတ်သလို လူဝယ်ဖို့ ငွေလည်းအဆင့်သင့်ရှိတဲ့အကြောင်းပါပဲ။ ကျနော့်အမြင်ကတော့ မန်ယူဖန်အနေနဲ့  ကွင်းထဲမှာအောင်မြင်နေသမျှ အောင်မြင်မှု့ အတွက် အထောက်အပံ့ကောင်းကောင်းရှိသမျှတော့ ဘယ်တော့မှအခြေအနေမဆိုးနိုင်ပါဘူး။ ဂလေဇာ သွားရင် ဂလေဇာထက်ချမ်းသာမဲ့လူလာပါလိမ့်မယ်။

စီးတီးတောင် ဝယ်မဲ့ သူဌေးအာရတ် ရှိသေးတာပဲ မန်ယူဆို စီတီး အာရတ်မင်းသားထက် ထက်ချမ်းသာတဲ့ သူအဖေအာရတ်ဘုရင် လိုဝယ်မဲ့လူရှိလာဦးမယ်ပဲ။ စကားအဖြစ်ပြောပါတယ်..




Filed Under: ,

About the Author

မြန်မာလူမျိုး မန်ချက်စတာယူနိုက်တက် အသင်း အားပေးသူများ ဆုံစည်းရာ နေရာလေး တစ်ခုပါ..။ Myanmar Manchester Fan Club.

Leave a Reply