မြန်မာ မန်ချက်စတာယူနိုက်တက်ဖန် ဘလော့အား ကွန်မြူနတီ နှင့် ပေါင်း၍ အသစ်ထပ်မံ ဖွင့်လှစ်ထားပါသည် လက်ရှိအချိန်တွင် လိုအပ်သည်များကို ဆက်လက် ဖြည့်ဆည်းနေဆဲ ဖြစ်သော်လည်း ပိုစ့်များကို နောက်အသစ် ဖွင့်လှစ်သော www.manutdmm.com တွင်သာ ဆက်လက် ရေးသား သွားမည် ဖြစ်ကြောင်း မန်ယူဖန် များအား အသိပေးအပ်ပါသည်..။ မြန်မာမန်ချက်စတာဖန်ကလပ် သို့ သွားရန် အပေါ်မှ ပုံကို ကလစ်လုပ်ပါ သရဲနီချစ်မြတ်နိုးသူများအား ဖိတ်ခေါ်ပါတယ်
  • Match Review

  • Highlights

  • Premier League

  • Match Preview

  • Champion League

  • Player News

  • Man U News

  • Transfer News

  • Interview

  • Manchester United Club History

  • Feature

EPL ပွဲစဉ်(၈)ခန့်မှန်းရလဒ် နှင့် ယ္ခု တစ်ပတ်အတွင်း မန်ယူနှင့် ပတ်သက်သည့် သတင်းအတိုအထွာများ

၁။ ။ ရွန်နီက မိမိတွင် မည်သည့်ဒဏ်ရာမှ ရှိမနေဟု့ ပြောကြားခဲ့ပြီး နည်းပြကြီးဖာဂူဆန်၏ ပြောစကားများနှင့် ဆန့်ကျင်ဖက် ဖွင့်ဟခဲ့ခြင်း၊ စာချုပ်အသစ် ချုပ်ဆိုရာတွင် အဆင်မပြေပဲ နောက်ကျနေခြင်းများကြောင့် အသင်းနှင့် လမ်းခွဲဖွယ်ရှိနေဟု့ မီဒီယာများတွင် ဖော်ပြနေကြပါသည်။ရွန်နီသည် (၂၀၁၁-၂၀၁၂) ရာသီတွင် စာချုပ်သက်တမ်းကုန်ဆုံးမည်ဖြစ်ပြီး သူ၏အေးဂျင့်များက လက်ရှိလုပ်ခ ပေါင်ကိုးသောင်းမှ တစ်ပတ်လုပ်ခ ပေါင်တစ်သိန်းခွဲ ထိ တိုးမြှင့်တောင်းဆိုထားခြင်းကြောင့် စာချုပ်အသစ်ချုပ်ဆိုရန် နှောင့်နှေးနေရခြင်းဖြစ်ပါသည်။ ။

၂။ ။ မန်စီးတီးအသင်းသည် ပြီးခဲ့သည့်ဘောလုံးရာသီက မန်စီးတီးအသင်းနှင့် ရင်ဆိုင်ကစားခဲ့သည့် မန်ချက်စတာ ဒါဘီပွဲတွင် လုံခြုံရေးဆိုင်ရာ စည်းမျဉ်းစည်းကမ်းများကို လိုက်နာကျင့်သုံးခြင်းမရှိသော မန်ယူပရိသတ်များအား ပြစ်ဒဏ်ပေးသည့် အနေဖြင့် လာမည့်နိုဝင်ဘာလ (၁၀)ရက်နေ့တွင် တွေ့ဆုံမည့် မန်ချက်စတာ ဒါဘီပွဲစဉ်အတွက် လက်မှတ်ကိုလျော့၍ ခွဲဝေပေးသွားမည်ဟု့ သိရသည်။ မန်ယူပရိသတ်များကို ခွဲဝေပေးရမည့် လက်မှတ်များထဲမှ (၁၀)ရာခိုင်နှူန်းဖြစ်သော (၂၈၄၆) စောင်ကိုလျော့ချ၍ ခွဲဝေသွားမည်ဖြစ်သည်။ မန်ယူပရိသတ်များသည် မန်စီးတီးနှင့် ရင်ဆိုင်ခဲ့သော ဧပြီလက ပရီးမီးယားပွဲစဉ်နှင့် ဇန်န၀ါရီလက ကားလင်းဖလားဆီမီးပွဲစဉ်များတွင် လုံခြုံရေးဆိုင်ရာ စည်းမျဉ်းစည်းကမ်းများကို လိုက်နာခဲ့ခြင်း မရှိခဲ့ဟု့ သိရှိရသည်။ ။

၃။ ။ မန်ယူအသင်းတွင် ပထမပွဲထွက် တစ်နေရာအတွက် သေချာရေရာမှူ့ မရှိသည့် မန်ယူကွင်းလယ်ကစားသမား အန်ဒါဆင်က အသင်းဟောင်းပေါ်တိုသို့ ပြောင်းရွှေ့ကစားလိုကြောင်း ထုတ်ဖော်ပြောကြားသွားခဲ့သည်။ အန်ဒါဆင်သည် ၂၀၀၇ ခုနှစ်တွင် ပေါ်တိုမှ ပေါင်(၁၇.၅) သန်းဖြင့် မန်ယူအသင်းသို့ပြောင်းရွှေ့လာသူဖြစ်သည် ။ ။

၎။ ။ အေဂျက်ဂိုးသမား စတီကီလန်ဘတ်သည် မန်ယူအသင်းတွင် ဗန်ဒါဆား၏ နေရာကို ဆက်ခံရန် ဆန္ဒရှိနေကြောင်းသိရှိရသည်။ ဟော်လန်လက်ရွေးစင်ဂိုးသမားသည် ပြီးခဲ့သည့် ကမ္ဘာ့ဖလားပြိုင်ပွဲတွင် လက်စွမ်းပြနိုင်ခဲ့သူဖြစ်ပြီး အေဂျက်အသင်းမှ ကမ်းလှမ်းသော စာချုပ်သစ်ကို ငြင်းပယ်လိုက်ကြောင်းသိရသည်။ ၎င်းနှင့်အေဂျက်တို့၏စာချုပ်မှာ လာမည့် ၂၀၁၂ ခုနှစ်တွင် ကုန်ဆုံးမည်ဖြစ်သည်။ ထို့ကြောင့် အေဂျက်သည် လာမည့် နွေရာသီအပြောင်းအရွှေ့ကာလတွင် စတီကီလန်ဘတ်ကို ရောင်းချဖွယ်ရှိနေသည်။ ၎င်းကိုခေါ်ယူလိုပါက မန်ယူအသင်းအနေဖြင့် ယူရို(၁၀)သန်းခန့် အသုံးပြု၍ ကမ်းလှမ်းရမည် ဖြစ်သည်။ ။

၅။ ။ မန်ယူပရိသတ်များသည် ယ္ခုလမကုန်မှီ အသင်းပိုင်ရှင် ဂလေဇာမိသားစုကို အကြီးအကျယ်ဆန္ဒပြ သပိတ်မှောက်ရန် စီစဉ်ထားကြောင်းသိရသည်။ မန်ယူပရိသတ်များသည် အောက်တိုဘာလ (၃၀)ရက်နေ့တွင် အိုးထရက်ဖိုဒ်တွင် စပါးနှင့်ကစားမည့်ပွဲစဉ် မတိုင်မှီ် လေဇာမိသားစုကိုဆန့်ကျင်ဆန္ဒပြရန် စီစဉ်လိုက်ခြင်းဖြစ်သည်။ မန်ယူပရိသတ်များသည် မကြာသေးမှီကထုတ်ပြန်ခဲ့သော မန်ယူအသင်း၏တစ်နှစ်တာ ဘဏ္ဍာရေးရှင်းတမ်းတွင် ငွေကြေးအမြတ်ရခဲ့သောလည်း ဂလေဇာ၏အကြွေးများကို ရှင်းနေရ၍ ပေါင်(၈၃.၆)သန်း အရှူံးပေါ်ခဲ့မှူ့အပေါ် အကြီးအကျယ်ဒေါသထွက်ကာ ယ္ခုကဲ့သို့ စီစဉ်လိုက်ခြင်းဖြစ်သည်။ မန်ယူပရိသတ်များသည်ပြီးခဲ့သည့် ဘောလုံးရာသီ တစ်ခုလုံး စိမ်းရွှေဝါရောင် စီမံကိန်းဖြင့် ဂလေဇာမိသားစုကို သပိတ်မှောက်ခဲ့သည်။ ထို့အပြင် မန်ယူပရိသတ်အဖွဲ့သည်အဆိုပါနာမည်ဖြင့်ပင် ဂလေဇာမိသားစုကို ဆန့်ကျင်သည့် ၀က်ဘ်ဆိုဒ်တစ်ခု တည်ထောင်ခဲ့ပြီး ဖေ့စ်ဘွတ်ခ်တွင် လည်းဖွင့်လှစ်ခဲ့သည်။ ဂလေဇာမိသားစုသည် မန်ယူအသင်းကို ပေါင်သန်း(၅၀၀) ကျော်အကြွေးတင်ခံကာ ၀ယ်ယူခဲ့ပြီး ယ္ခုအခါ အကြွေး ပေါင်သန်း(၇၀၀) ၀န်းကျင်သို့ ပိုမိုများပြားလာပြီးဖြစ်ကြောင်း သတင်းများတွင် ဖော်ပြထားပါသည်။ ။

၆။ ။ မန်ယူအသင်းတွင် ကာလရှည်ကြာစွာ ဒဏ်ရာများကြောင့် ဆေးကုသနေရသူ အိုဝင်ဟားဂရေ့ဗ်သည် အစောပိုင်းသတင်းများအရ ကားလင်းဖလားပွဲစဉ်မှ စတင်ဝင်ကစားနိုင်မည်ဟု့ သတင်းများထွက်ခဲ့သောလည်း ယ္ခုအခါ မန်ယူအားပေးသူများအတွက် သတင်းကောင်းအနေဖြင့် ယ္ခုတစ်ပတ်ကစားမည့် ပရီးမီးယားလိဂ် ၀က်စ်ဘရွန်းနှင့် ပွဲတွင် ပြန်လည် ပါဝင်လာနိုင်ကြောင်း ၎င်း၏ဒဏ်ရာကို ခွဲစိပ်မှူ့ပြုလုပ်ပေးခဲ့သော ဆရာဝန်ကပြောကြားခဲ့သည်။ ဒေါက်တာစတိဒ်မန်းက ဟားဂရေ့ဗ်မှာ ၀က်စ်ဘရွန်းနှင့် ပွဲတွင် တစ်စိတ်တစ်ပိုင်း ပါဝင်ကစားနိုင်ဖွယ်ရှိကြောင်း၊ မိမိ၏ကာယပညာရှင်မှာ မန်ယူနည်းပြများနှင့် ပူးပေါင်းပြီး ၎င်း၏ကြံ့ခိုင်မှူ့ကို အနီးကပ်ဆောင်ရွက်လျက် ရှိခြင်းကြောင့် ပြန်ကစားနိုင်ရန် နီးစပ်မှူ့ရှိနေပြီးဖြစ်ကြောင်း ပြောဆိုခဲ့သည်ဟု့ သိရှိရပါသည်။ ။


၇။ ။ လီဗာပူးလ်အသင်း၏ ကွင်းတွင်း ကွင်းပြင် ပြသနာများကြောင့် အမှတ်ပေးဇယားအောက် ရောက်ရှိနေသလို၊ ရုံးတော်တွင်လည်း အမှူ့တစ်ဘောင် ရင်ဆိုင်နေရခြင်း ကလပ်အရောင်းအ၀ယ်ကိစ္စများကြောင့် အခြေအနေရှူတ်ထွေးလျက် ရှိနေရာ ယင်းအခက်အခဲများကို မန်ချက်စတာမြို့ခံ နှစ်သင်းဖြစ်သည့် မန်ယူနှင့် မန်စီးတီးတို့က အခွင့်ကောင်းယူကာ လီဗာပူးလ် တိုက်စစ်မှူး တောရက်စ်ကို ခေါ်ယူရန် စီစဉ်လျက် ရှိနေကြောင်းသိရှိရသည်။ တောရက်စ်ကလည်း လီဗာပူးလ် အသင်းမှ ထွက်ခွာရန် ဆန္ဒရှိနေသည်ဟု့ သတင်းများက ဖော်ပြလျက်ရှိသည်။ မန်ယူအသင်းသည် ပြီးခဲ့သည့် ဘဏ္ဍာရေးနှစ်တွင် ပေါင်သန်း(၈၀)ကျော် အရှူံးပေါ်ခဲ့သော်လည်း ကစားသမားသစ် ၀ယ်ယူရန်အတွက် အသင်းတွင် အရန်ထားရှိသောငွေ ပေါင်သန်း(၁၅၀) ထဲမှ အသုံးပြုသွားမည်ဖြစ်သည်ဟု့ သတင်းများအရ သိရှိရပါသည်။ မန်စီးတီးအသင်းအနေဖြင့်မှူ တောရက်စ်ကို ၀ယ်ယူရေးမှာ အခက်အခဲမရှိနိုင်ပဲ အသင်းပိုင်ရှင်သူဌေးက အလွယ်တစ်ကူ ခွင့်ပြုပေးဖွယ်ရှိကြောင်း Manchester Evening News က ဖော်ပြသွားပါသည်။ ။

၈။ ။ မန်ယူအသင်း၏ အင်္ဂလန် နောက်ခံလူ ဖာဒီနန်က အင်္ဂလန်အသင်းမှ လုံးဝ အနားယူမည် မဟုတ်ဟု ပြောကြားလိုက်ပါသည်။ ဒဏ်ရာပြသနာများနှင့် လုံးပန်းနေရသောကြောင့် အင်္ဂလန် အသင်းခေါင်းဆောင်ရာထူးပါ ဆုံးရှူံးရတော့မည်ဟု့ သတင်းများထွက်ပေါ်ခဲ့သောလည်း ပြီးခဲ့သည့် မွန်တီနီဂရိုးနှင့်ပွဲတွင် အသင်းခေါင်းဆောင်အနေဖြင့် ပြန်လည်ကစားခဲ့သည့် ဖာဒီနန်က " ကျနော်အင်္ဂလန်အသင်းက အနားမယူနိုင်ပါဘူး၊ အခြားပုဂ္ဂိုလ်တွေရဲ့ ဆုံးဖြတ်မှူ့ကို ကျနော် လေးစားပေမဲ့ အင်္ဂလန် အသင်းတွက် ကစားရတာကို ကျနော် အရမ်းနှစ်သက်ပါတယ်၊ ဒါကြောင့် ကျနော့ရဲ့ ဆုံးဖြတ်ချက်နဲ့ အင်္ဂလန်အသင်းကနေ အနားယူသွားမှာတော့ မဟုတ်ပါဘူး " ဟု့ ပြောကြားခဲ့ပါသည်။ ။


၉။ ။ မန်ယူအသင်းမှာ ယ္ခုနှစ်တွင်ခြေစွမ်းပြနေသော မန်ယူတိုက်စစ်မှူး ဘာဘာတော့က " ကျွန်တော့ရဲ့ ပထမဆုံးပစ်မှတ်က ဒဏ်ရာပြသနာကင်းရှင်းရေးဖြစ်ပါတယ်၊ ဒဏ်ရာပြသနာတွေသာ ကင်းရှင်းမယ်ဆိုရင် အသင်းအတွက် ဂိုးသွင်းနိုင်ရုံသာမက ဂိုးရဖို့ ပံ့ပိုးမှူ့တွေလည်း ပြုလုပ်နိုင်မှာပါ၊ ရာသီကုန်သည်ထိတိုင်အောင် ဒဏ်ရာကင်းကင်းနဲ့ ကစားနိုင်ဖို့ မျှော်လင့်ထားပါတယ် " ဟု့ ပြောကြားသွားကြောင်း သိရှိရပါသည်။ ။

၁၀။ ။ ယ္ခုတစ်ပတ်တွင် ကစားကြမည့် ပရီးမီးယားပွဲစဉ်များ၏ ဖြစ်နိုင်ဖွယ် ခန့်မှန်းရလဒ်များ .........
............. ပွဲစဉ် ...................... ခန့်မှန်းရလဒ် ........ စိတ်ကြိုက်အသင်း
1. အာဆင်နယ် Vs ဘာမင်ဂန် ........ (၂-၁) ...................... အာဆင်နယ်
2. ဘော်လ်တန် Vs စတုတ်စီးတီး .... ( ၁-၀) ..................... စတုတ်စီးတီး
3. ဖူလ်ဟမ် Vs စပါး ........................ (၁-၁) ...................... ဖူလ်ဟမ်
4. မန်ယူ Vs ၀က်စ်ဘရွန်း .............. (၃-၀) ..................... မန်ယူ
5.နယူးကာဆယ် Vs ၀ီဂန် .............. (၂-၁) .................... နယူးကာဆယ်
6. ၀ုဖ် Vs ၀က်စ်ဟမ်း ..................... (၁-၁) .................... ၀က်စ်ဟမ်း
7. ဗီလာ Vs ချယ်လ်ဆီး ................. (၀-၁) .................... ချယ်လ်ဆီး
8. အဲဗာတန် Vs လီဗာပူးလ် .......... (၂-၁) ................... အဲဗာတန်
9. ဘလက်ပူးလ် Vs မန်စီးတီး ....... (၁-၂) ................... မန်စီးတီး
10. ဘလက်ဘန်း Vs ဆန်းဒါးလန်း. (၁-၁) ................... ဆန်းဒါးလန်း







Filed Under: , , , ,

About the Author

မြန်မာလူမျိုး မန်ချက်စတာယူနိုက်တက် အသင်း အားပေးသူများ ဆုံစည်းရာ နေရာလေး တစ်ခုပါ..။ Myanmar Manchester Fan Club.

Leave a Reply