မြန်မာ မန်ချက်စတာယူနိုက်တက်ဖန် ဘလော့အား ကွန်မြူနတီ နှင့် ပေါင်း၍ အသစ်ထပ်မံ ဖွင့်လှစ်ထားပါသည် လက်ရှိအချိန်တွင် လိုအပ်သည်များကို ဆက်လက် ဖြည့်ဆည်းနေဆဲ ဖြစ်သော်လည်း ပိုစ့်များကို နောက်အသစ် ဖွင့်လှစ်သော www.manutdmm.com တွင်သာ ဆက်လက် ရေးသား သွားမည် ဖြစ်ကြောင်း မန်ယူဖန် များအား အသိပေးအပ်ပါသည်..။ မြန်မာမန်ချက်စတာဖန်ကလပ် သို့ သွားရန် အပေါ်မှ ပုံကို ကလစ်လုပ်ပါ သရဲနီချစ်မြတ်နိုးသူများအား ဖိတ်ခေါ်ပါတယ်
  • Match Review

  • Highlights

  • Premier League

  • Match Preview

  • Champion League

  • Player News

  • Man U News

  • Transfer News

  • Interview

  • Manchester United Club History

  • Feature

မန်ယူ vs ဝက်စ်ဘရွန်း ပွဲကြို

မန်ယူနဲ့ ဝက်စ်ဘရွန်း


ဒီနှစ်အိမ်ကွင်းမှာ ရာနှုန်းပြည့်ရလဒ်ကြောင့် မနက်ဖြန်မှာကစားမဲ့ ဝက်စ်ဘရွန်းပွဲကို လျော့မတွက်ဖို့ ဆာအဲလပ်စ်က သတိပေးပြောကြားလိုက်ပါတယ်။ လက်ရှိအဆင့် ၆ နေရာက ဝက်စ်ဘရောင်းအသင်းပာာ အာကြီးကိုသူတို့ အိမ်ကွင်းဖြစ်တဲ့ အမ်းမရိတ်မှာ ၃-၂ နဲ့ အနိုင်ယူထားတာကို သတိပြုဖို့ လည်းသူကဆိုပါတယ်။

“သူတို့ အမ်းမရိတ်က အစွမ်းပြပွဲကို သတိမူရလိမ့်မယ်။ အဲ့လိုနေရာမှာ ၃ ဂိုးသွင်းထားတာကိုကြည့်ဦး။ မနက်ဖြန်သူတို့ နဲ့ ပွဲက ခက်ခဲမဲ့ပွဲဆိုတာသေချာပါတယ်။”


ဆက်လက်ပြီးလူအနေအထားနဲ့ ပတ်သတ်လို့ 

“ထုံစံအတိုင်းမပာုတ်ပဲ ဒီတခေါက်နိုင်ငံတကာပွဲစဉ်မှာ လူအတော်များများ ရှိနေပါတယ်။ ကြိုဆိုရမဲ့အချက်ပါပဲ။ ဗာဘာတော့ ကလည်း အနားယူပြီး အဲဗရာက ပြင်သစ်အသင်းက ပွဲပယ်ခံထားရတာနဲ့ ဒါဆေးဗားတို့ ညီအစ်ကိုရယ် အိုဘာတန်ရယ်နောက်ပြီး အနားယူပြီးဖြစ်တဲ့ သက်ကြီးကစားသမားတွေရယ်ကြောင့်များနေတာပါ။

နိုင်ငံတကာပွဲက အင်္ဂါနေ့ ပွဲဖြစ်လို့ ပြင်ဆင်ဖို့ တရက်လည်းပိုပြီး အချိန်ရနေပါတယ်။”


ရွန်နီရဲ့ အင်္ဂလန်ပွဲအပြီး ၂ လတာအင်ဂျူရီ မရှိကြောင်းပြောကြားချက်နဲ့ ပတ်သတ်ပြီး ဖာဂီ က တိုက်ရိုက်ဖြေရှင်းဖို့ မလိုပဲ ပေါ်ပြူလာဖြစ်တဲ့ကစားသမားကို မီဒီယာက မေးတဲ့မေးခွန်း မျိုးအတွက် သာမန်မှတ်ချက်တခုလောက်ပါပဲ။ လိုတာထက် ပုံကြီးချဲ့ နေတာမို့ သူအနေနဲ့ ဂရုမူမနေပဲ လုပ်စရာရှိတာသာ ဆက်လုပ်ဖို့ ပဲရှိတယ်လို့ MUTV ကိုဖြေရှင်းသွားပါတယ်။ ခွဲစိတ်ဆရာဝန်ပြောကြားချက်အရ ဝက်စ်ဘရွန်းပွဲ မှာဒီနှစ်အတွက်ပထမဆုံးအကြိမ်ပြန်ပါလာမဲ့ဆိုတဲ့ ပာားဂရေ့ဖ်အတွက် ခြေသလုံးကြွက်သားဒဏ်ရာကြောင့်ပါနိုင်ဖို့ လိုသေးကြောင်း ဖာဂီကဖြည့်စွက်ပြောသွားပါတယ်။

မနက်ဖြန်ပွဲအတွက်တော့ ဗာဘာတော့အတွက် ဂိုး ၅၀ ပြည့်ဖို့ ၂ ဂိုးအကွာမှာမို့ ပွဲထွက်ဖို့ များသလို သူနဲ့ အတူ ကလပ်ဂိုး ၁၀၀ ပြည့်ဖို့ ၃ ဂိုးပဲလိုပါတော့တဲ့ ရွန်နီ ပါဝင်ကစားမလား နိုင်ငံတကာပွဲမှာ မက္ကဆီကိုအတွက်ခြေပဂိုးသွင်းပေးတဲ့ ပာာနန်ဒက်စ် ဝင်ကစားမလားဆိုတာစိတ်ဝင်စားစရာပါပဲ။ သူရဲ့ကျန့် ခိုင်မှု့ ကောင်းကြောင်းထုတ်ပြောသွားတဲ့ ရွန်နီအဖို့ အရိပ်ဆိုးတွေအောက်က မြန်မြန်လွတ်ချင်နေပါလိမ့်မယ်။ ဒီ့အတွက်အလည်း ဂိုးမြန်မြန်သွင်းဖို့ လိုနေပီဖြစ်လို့ ပွဲထွက်အနေနဲ့ ကစားချင်ပါလိမ့်မယ်။


ပေါ်တူဂီပွဲမှာ ခြေစွမ်းပြပြီး ၂ ဂိုးသွင်း ၁ ဂိုးဖန်တီးပေးတဲ့နာနီကို ညာဝန်းမှာ မြင်ရမှာဖြစ်သလို ရွိုင်ရန်ဂစ်ကိုလည်း ဒီနေ့ ပွဲ ဘယ်ဝန်းမှာပြန်မြင်ရနိုင်ပါတယ်။ အလယ်မှာတော့ ဖလပ်ချာနဲ့ စကိုးလ်ဖြစ်ဖို့ များပါတယ်။


နောက်တန်းကိုးတော့ အင်္ဂလန်ကပ္ပတိန် ရီရိုနဲ့ မန်ယူကပ္ပတိန် ဗစ်ဒစ်ခ်ျတို့ အတွဲနဲ့ ညာနောက်မှာ ရာဖေးနဲ့ ဘယ်မှာအဲဗရာတို့ အစုံအလင်ကစားနိုင်ပြီး။ သူတို့ နောက်မှာတော့ ၂၉ ရက်နေ့ မှာ အသက် ၄၀ ဆယ်ပြည့်မှာဖြစ်တဲ့ ဂိုးသမားကြီးဗန်ဒါးဆားကို မြင်ကြရဦးမှာပါ။


ဒီနှစ်အိမ်ကွင်းရလဒ်ကောင်းကိုထိန်းဖို့ နဲ့ သတင်းဆိုးတွေအကြားရုန်းထွက်ဖို့ အတွက် မန်ယူနိုက်တက်အဖို့ အနိုင်ရလဒ်ကို အပီရယူဖို့ မျှော်လင့်ရမဲ့ပွဲမျိုးပါ။


ပွဲရလဒ်ကိုတော့ မန်ယူနိုက်တက် ၂-၀ ဝက်စ်ဘရွန်း လို့ ခန့် မှန်းပါတယ်။





Filed Under: , ,

About the Author

မြန်မာလူမျိုး မန်ချက်စတာယူနိုက်တက် အသင်း အားပေးသူများ ဆုံစည်းရာ နေရာလေး တစ်ခုပါ..။ Myanmar Manchester Fan Club.

Leave a Reply