နောက်လအတွင်း ဆန္ဒပြဖို့ တာစူမှု့ နဲ့ သတင်းတိုများ
ManUnitedTheBest
|
14 October, 2010
|
0 comments

နောက်လအတွင်း ဆန္ဒပြဖို့ တာစူ
အမြတ်သန်း၁၀၀နဲ့ အရှုံးသန်း၈၀ကြောင့်ပြန်လည်အသက်ဝင်လာမဲ့ ဂလေဇာဆန့် ကျင့်ရေး Green & Gold လှုပ်ရှားမှု့ ကိုနောက်လအတွင်းမှာ အကြီးကျယ်ဆုံးဖော်ဆောင်လိမ့်မယ်လို့ ဆိုပါတယ်။ ၃၀ရက်နေ့ အောက်တိုဘာလမှာကျရောက်မဲ့ တော့တင်ပာမ်နဲ့ ပွဲအိမ်ကွင်းမှာ ဖြစ်မယ်လို့ ရာထားကြောင်း။ စီစဉ်သူပြောကြားချက်အရ စီအီးအိုရဲ့ သန်း၁၆၀ ကိုမသုံးပဲ ဗန်ဒါဗတ်လိုမျိုးကိုဝယ်နိုင်ရဲ့သားနဲ့ မဝယ်ပဲလစာပေးငွေအတွက်တွန့် တိုတယ်လို့ ပြောဆိုထားပြီး ဒီသန်း ၁၆၀ ကလည်း ဂလေဇာတို့ လက်ထဲရောက်ဖို့ ပဲဖြစ်တယ်လို့ သူက စွတ်စွဲပြောဆိုထားပါတယ်။ ဒီဆန္ဒပြပွဲအတွက် အာဏာပိုင်နဲ့ ရဲတပ်ဖွဲ့ ကိုလည်းအကြောင်းကြားပြီး တရားဝင်ဆန္ဒပြဖို့ ပြင်ဆင်ထားပြီးလို့ ဆိုပါတယ်။
ပာားဂရေဖ့် အပြန်လမ်း
ဒူးဒဏ်ရာခွဲစိတ်မှု့ ကနေ ဒီရာသီပထမဆုံးအကြိမ်အနေနဲ့ စနေနေ့ ပွဲ တစိတ်တပိုင်းပါဝင်ကစားနိုင်မယ်လို့ ဆိုပါတယ်။ ဝက်စ်ဘရောင်းပွဲအတွက် အဆင့်သင့်ဖြစ်ပြီလို့ ပြောသူကတော့ ခွဲစိတ်ဆရာဝန် ဒေါက်တာရစ်ချတ်ဖြစ်ပါတယ်။ ဒေါက်တာရစ်ချတ်နဲ့  မန်ယူကလပ်ကျန်းမာရေးမှူးတို အိုဝင်ရဲ့ ကျန့် ခိုင်မှု့ ကိုအကောင်းဆုံးဖြစ်အောင်အနီးကပ်အတူတကွ အကောင်ထည်ဖော်နေတာဖြစ်ပါတယ်။ ပာားဂရေ့ဖ် ရဲ့ နာတာရှည်ဒဏ်ရာအတွက် ဇွဲမလျော့ပဲ ကြိုးစားပြီးလေ့ကျင့်ကုသမှု့ ကြောင့်အခြေအနေက အကောင်းဘက်ကိုရောက်နေပြီလို့ ဒီဒေါက်တာကပဲ ဖြည့်စွက်ပေးသွားပါတယ်။ နောက်ဆုံးကစားပေးထားတဲ့ပွဲက ပြီးခဲ့တဲ့မေလက ဆန်းဒါးလန်းနဲ့ ဖြစ်ပြီး ၃ မိနစ်ကစားပေးထားတာပါ။ဗန်ဒါးဆားနေရာအတွက်
ဗစ်ဒျစ်ရဲ့အေးဂျင့် (ဘူဖွန်အေးဂျင့်လည်းဖြစ်) က အင်္ဂလန်ကိုလာရောက်ပြီး ဂျူဗီရဲ့ ဂိုးသမားကြီး ဘူဖွန် အတွက်ဆွေးနွေး
နော်ဝေးကလပ် Aalesunds FK က ဒိန်းမတ်ဂိုးသမား Anders Rosenkrantz Lindegaard (၂၆ နှစ်) ကိုလည်း မန်ယူရဲ့ မျက်စိကျမှု့ ခံနေရတယ်
ဂလာစကိုရိန်းဂျားကလပ်မှ စကော့တလန်ဂိုးသမား Allan McGregor ကို စကော့တလန်နဲ့ စပိန်ပွဲမှာ မန်ယူကိုယ်စားလှယ်ကနေ လာရောက်အကဲခတ်၊ ပေါင် ၇ သန်းဈေးပေးထားတယ်။ နောက်နာမည်ထွက်တဲ့ ဂိုးသမားတွေကတော့ Schalke ရဲ့ ဂျာမန်ဂိုးသမား Manuel Neuer လိုင်ယွန်ရဲ့ Hugo Lloris ၊ဖိုရင်တီးနားရဲ့ Sebastien Freyနဲ့ နောက်ဆုံးပိတ် အက်တလန်တီကို ရဲ့ David de Gea တို့ ဖြစ်ပါတယ်။
မန်ယူကိုလာချင်တယ်ဆိုတဲ့ နောက်တစ်ယောက်
PSV က အသက် ၂၄နှစ် ကွင်းလယ်ကစားသမား Ibrahim Afellay က ဘောလုံးသမားအဖြစ် အကောင်းဆုံးအဆင့်တိုးတက်မှု့ အတွက် မန်ယူလို လီဗာလို အသင်းမျိုးကစားချင်ကြောင်း ပရီမီးယားလိဂ်အတွက် ကစားပေးရတဲ့အခွင့်ထူးခံ ကစားသမားဖြစ်လိုကြောင်းပြောသွားပါတယ်။ အာကြီးက မျက်စိကျခံရသူလို့ နာမည်ကြီးပြီး ဂျူဗီ ၊ဘိုင်ယန်နဲ့ အတ်တလန်တီကို မတ်ဒရစ်အသင်းတွေနဲ့ လည်းနာမည်ထွက်ဖူးပါတယ်။လီဗာလမ်းကြောင်းမျိုး ဂလေဇာကိုသတိပေး
လီဗာကဲ့သို့ အဖြစ်မျိုးဖြစ်နိုင်မယ်လို့ အားကစားလောကထိပ်သီးရှေ့ နေများဥက္ကဌ Mel Goldberg က မန်ယူပိုင်ရှင်ဂလေဇာကိုသတိပေးပြောကြား။ အကြွေး ၇၀၀ ကျော် (မန်ယူCEO စာရင်းအရ သန်း၅၂၀) ကြောင့် ဂလေဇာကိုထုတ်ချေးပေးတဲ့ ကြွေးရှင်ဘဏ်အသိုင်းအဝိုင်းက စိုးရိမ်မှု့ ဖြစ်နိုင်လို့ သူကဆို။ ဘောလုံးကလပ်ကို အကြွေးနဲ့  နောက်ဝယ်လိုတဲ့သဌေးများ အတွက် လီဗာလိုအဖြစ်မျိုးက ဆိုးကျိုးတွေပေးလိမ့်မယ်ဆိုတာ သတိပေးလိုက်တာပဲလို့ သူကထပ်လောင်းပြောကြား။
Filed Under: Featured , News , Transfer News



0 comments
Trackback URL | Comments RSS Feed