မြန်မာ မန်ချက်စတာယူနိုက်တက်ဖန် ဘလော့အား ကွန်မြူနတီ နှင့် ပေါင်း၍ အသစ်ထပ်မံ ဖွင့်လှစ်ထားပါသည် လက်ရှိအချိန်တွင် လိုအပ်သည်များကို ဆက်လက် ဖြည့်ဆည်းနေဆဲ ဖြစ်သော်လည်း ပိုစ့်များကို နောက်အသစ် ဖွင့်လှစ်သော www.manutdmm.com တွင်သာ ဆက်လက် ရေးသား သွားမည် ဖြစ်ကြောင်း မန်ယူဖန် များအား အသိပေးအပ်ပါသည်..။ မြန်မာမန်ချက်စတာဖန်ကလပ် သို့ သွားရန် အပေါ်မှ ပုံကို ကလစ်လုပ်ပါ သရဲနီချစ်မြတ်နိုးသူများအား ဖိတ်ခေါ်ပါတယ်
  • Match Review

  • Highlights

  • Premier League

  • Match Preview

  • Champion League

  • Player News

  • Man U News

  • Transfer News

  • Interview

  • Manchester United Club History

  • Feature

ဗလင်စီယာအသင်းနဲ့ ချန်ပီယံ လိဂ် ပွဲတွင် ရူနီပါဝင်ကစားနိုင်ပါမယ် ( မိုက်ဖီလန်က )




ဝိန်းရူနီ အနေဖြင့် ဒီအပတ် ဗုဒ္ဓဟူးနေ့ ဗလင်စီယာနဲ့ ကစားမဲ့ ပွဲမှာ အဆင်သင့် ဖြင့်နေလိမ့်မယ်လို့ မန်ချက်စတာ ယူနိုက်တက်ရဲ့ လက်ထောက်မန်နေဂျာ မိုက်ဖီလန်က အတည်ပြု ပြောကြားသွားပါတယ်။ ။

ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က ရီးဘွတ်က်စတေဒီယံ မှာ ဘော်လ်တန်နဲ့ ၂-၂ သရေ ကစားခဲ့တဲ့ပွဲမှာ ဒုတိယပိုင်း ပွဲမပြီးခင် နာရီဝက်လောက်ကတည်းက လူစားလဲခံရတဲ့ ရူနီဟာ နောက်ပိုင်းမှာ ခြေချင်းဝတ် ဒဏ်ရာတွေက အခုတိုင် မရေမရာ ဖြစ်နေပေမဲ့ ဗလင်စီယာနဲ့ ပွဲအတွက် ယူနိုက်တစ် တိုက်စစ်မှူးဟာ အဆင်သင့် ဖြစ်နေလိမ့်မယ်လို့ လက်ထောက်မန်နေဂျာ မိုက်ဖီလန်က အတည်ပြု ပြောကြားသွားခဲ့ပါတယ်။ ။

အဘယ့်ကြောင့် ၀ိန်းရူနီ ကစားတာတွေ မထိရောက်ရောက်ရတာလည်း၊ ဒီရာသီမှာ ပရီးမီးယားလိဂ်မှာ သရဲနီ တိုက်စစ်မှူး ရူနီဟာ ပင်နတီတစ်လုံးမှ အပ အခုတိုင်အောင် ဂိုးမသွင်းနိုင်တာ ဘာကြောင့်လည်း ဆိုတာ အခုလို ထပ်ဆင့် ရှင်းလင်းပြောကြား သွားပါသေးတယ်။ ။

" ၀ိန်းရူနီက အကောင်းဆုံး ကြိုးစားကစားခဲ့ပေမဲ့ သူ့ရဲ့ခြေချင်းဝတ် ဒဏ်ရာအခြေအနေက ဘယ်လိုအခြေအနေဖြစ်လာမလည်း ဆိုတာတော့ သေချာမသိပါဘူး"

"ဒီမနက်ထိတော့ သူ့အခြေအနေကို စောင့်ကြည့်ပါမယ်
ဒါပေမဲ့
ဗုဒ္ဓဟူးနေ့မှာတော့ သူအဆင်ပြေစွာ ကစားနိုင်မယ်လို့ ထင်ပါတယ်"

"အခုလို ပွဲဆက်များတဲ့ အချိန်အခါသမယမှာ သူ့အနေနဲ့ ဂိုးဧရီယာထဲမှာ အခွင့်အရေး မရခဲ့တဲ့အတွက် သူအခွင့်အရေးရအောင် ပုံစံပြောင်း နေရာချပေးပြီး ကစားသွားစေဖို့ ဗျူဟာ အသစ်တွေ ဆုံးဖြတ်ချမှတ် ထားပါတယ်လို့" ပြောကြားသွားပါတယ်။ ။

မန်ချက်စတာယူနိုက်တက်ဟာ လာမဲ့ ဗုဒ္ဓဟူးနေ့ည ( မြန်မာစံတော်ချိန် ကြာသာပတေးနေ့ မနက် ၁ နာရီ ၁၅ မိနစ် ) မှာ ချန်ပီယံလိဂ် အုပ်စု ဒုတိယ ပွဲစဉ်အဖြင့် အုပ်စုတွင်း အတောင့်တင်းဆုံး ပြိုင်ဖက် ဗလင်စီယာနဲ့ အဝေးကွင်းတွင် သွားရောက်ကစားရမှာ ဖြစ်ပါတယ်။ ။

နောက်ဆုံးရသတင်း။ ။ ရူနီ၏ ဒဏ်ရာအခြေအနေအရ ကြံ့ခိုင်မှူ့ မပြည့်ဝသဖြင့် ဗလင်စီယာနှင့် ကစားမည့် ချန်ပီယံလိဂ် ပွဲထွက်လူစာရင်းတွင် ရူနီကို ချန်လှပ်ခဲ့ကြောင်း နောက်ဆုံး ရရှိသော သတင်းများအရ သိရှိရပါသည်။




Filed Under: , ,

About the Author

မြန်မာလူမျိုး မန်ချက်စတာယူနိုက်တက် အသင်း အားပေးသူများ ဆုံစည်းရာ နေရာလေး တစ်ခုပါ..။ Myanmar Manchester Fan Club.

3 comments

Trackback URL | Comments RSS Feed

  1. Anonymous says:

    ပေါ့လို့ မဖြစ်ဘူး..ဒီပွဲနိုင်ထားမှ အုပ်စုဗိုလ်အနေနဲ့ တက်နိုင်လိမ့်မယ်..နောက်တန်းသတိထားဖို့ အရေးကြီးတာပဲ..

     

  2. ဟုတ်တယ်ဗျာ ကျွန်တော်တို့ မန်ယူအသင်း ဒီနှစ်မှာ နောက်တန်းက အိပ်ပေါက် နဲ့ ဖားကောက်သလို ဖြစ်နေတယ် စိုးရိမ်မိတာက ဘက်ခမ်းနဲ့ရွိုင်ကိန်းတို့ အိုးထရက်ဖို့ကို စွန့်ခွာသွားချိန်မှာ ဖလားလက်မဲ့ နှစ်တွေ ကြုံခဲ့ရသလိုမျိုး ပြန်ဖြစ်မှာကိုပဲ..။

     

  3. လက်ရှိခြေနဲ့ ချန်လှပ်ထားတာပဲကောင်းပါတယ်.. အိုဝင် ချီချာရီတိုနဲ့ မက်ခေါဒါ နဲ့ ဆို အရံအနေနဲ့ လုံလောက်မှာပါလေ

     

Leave a Reply