မြန်မာ မန်ချက်စတာယူနိုက်တက်ဖန် ဘလော့အား ကွန်မြူနတီ နှင့် ပေါင်း၍ အသစ်ထပ်မံ ဖွင့်လှစ်ထားပါသည် လက်ရှိအချိန်တွင် လိုအပ်သည်များကို ဆက်လက် ဖြည့်ဆည်းနေဆဲ ဖြစ်သော်လည်း ပိုစ့်များကို နောက်အသစ် ဖွင့်လှစ်သော www.manutdmm.com တွင်သာ ဆက်လက် ရေးသား သွားမည် ဖြစ်ကြောင်း မန်ယူဖန် များအား အသိပေးအပ်ပါသည်..။ မြန်မာမန်ချက်စတာဖန်ကလပ် သို့ သွားရန် အပေါ်မှ ပုံကို ကလစ်လုပ်ပါ သရဲနီချစ်မြတ်နိုးသူများအား ဖိတ်ခေါ်ပါတယ်
  • Match Review

  • Highlights

  • Premier League

  • Match Preview

  • Champion League

  • Player News

  • Man U News

  • Transfer News

  • Interview

  • Manchester United Club History

  • Feature

ဘော်တန်နဲ့ ပွဲ သူတို့ စကားနဲ့ ကျနော့်အမြင်


မနေ့ ပွဲ ဘော်တန်နဲ့ ပွဲ အနိုင်ကစားပြီး ချဲချဲကို ၁ မှတ်အကွာနဲ့ နောက် ချဲချဲနဲ့ အာကြီးတို့ ပွဲအပြီး ဇယားထိတ်တက်ဖို့ ကျနော့် မျှော်လင့်ချက်တွေ ကို ဖုန်ပေသွားအောင်လုပ်ခဲ့တဲ့ ဆာအဲလပ်စ် ပြောခဲ့တဲ့စကားက ဒီလို -


“ပထမပိုင်းတုန်းက ဒီထက်ပိုပြီးကောင်းကောင်းလုပ်ခဲ့သင့်တာ။ ဒုတိယပိုင်းကြတော့ ဘော်တန်နဲ့ ခြေတူလောက်ဖြစ်သွားတယ်။ ဘော်တန်အသင်းက ကောင်းကောင်း ဒုက္ခပေးနိုင်ပြီး ကျနော်တို့ ရနိုင်တဲ့အခွင့်အရေးတွေ နည်းပါးအောင်လုပ်ခဲ့ကြတယ်။ မန်ယူအနေနဲ့ လည်း ၂ ခါလောက် နောက်ကလိုက်ပြီး သရေဖြစ်အောင် ကန်ခဲ့တဲ့အတွက် အမှတ်ရသင့် အသိအမှတ်ပြုသင့်တာပေါ့။ တော်ရုံဒါမျိုးလုပ်ဖို့ မလွယ်ကူတဲ့နေရာမို့  ကျနော့်တို့ အသင်းရဲ့ ခိုင်မာတဲ့စိတ်ဓါတ်အနေအထားကိုပြနိုင်ခဲ့လို့ ပါ။”



ဘော်တန်လို အသင်းမျိုးနဲ့ ကြုံတိုင်း အသင်းကြီးတွေ အခက်တွေ့ စမြဲပါ။ မြောက်ဘောတွေနဲ့ ခေါင်းတိုင်းဘောတွေဖေါဖေါသီသီသုံးပြီး ခန္တာကိုယ်အင်အားသုံးလေ့ရှိတဲ့ အခါတိုင်း မလွယ်ကူတတ်ပါဘူး။ မနေ့ ပွဲကလည်း ခြွင်းချက်မရှိ ခက်ခဲပါတယ်။ ဒါပေမဲ့ ၂၀၀၇ ကနေ ၂၀၀၉ မေလအထိ ရာသီ ၃ ခုမှာ ဒီလိုခက်ခဲတဲ့ပွဲမျိုးဆို ယူနိုက်တက်အဖို့ တနည်းမပာုတ်တနည်း အနိုင်ဂိုးဂိုးရတတ်စမြဲပါပဲ။ ဒီလို တခြားပြိုင်းဖက်တွေဒုက္ခရောက်တဲ့နေရာတိုင်း ဂိုးမပြတ်တောင် ၁ ဂိုးလောက်နဲ့ နိုင်ခဲ့လို့ ၃ နှစ်ဆက်ချန်ပီယံအဖြစ် အောင်ပွဲခံခဲ့ကြပီးမပာုတ်လားဗျာ။

အရင်ဘန်လီမန်နေဂျာပောာင်း ကဒီနှစ် ဘော်တန်နဲ့ ကျနော်တို့ ကိုဒုက္ခပေးသွားတာကို သင်ခန်းစာကောင်းကောင်းယူသင့်နေပြီ။ တကယ်တန်းတော့ မနှစ်ကရာသီကို ကျနော်တို့ တွေ သင်ခန်းစာယူသင့်တာပေါ့ဗျာ။ ၈ ပွဲမှာ ရှုံးပွဲမရှိလို့ ဆိုပေမဲ့ နိုင်ပွဲများမှာ ချန်ပီယံဖြစ်မှာမို့ ၂၀၀၈-၀၉ က လီဗာလို အသင်းမျိုးမဖြစ်ဖို့ ဖာဂီကို တိုက်တွန်းရမယ်ထင်ပ။

ကျနော်သုံးသပ်နိုင်သလောက် - အလယ်က တိုက်စစ်အတွက် ပံ့ပိုးမှု့ အားနည်းသလို လူကပ်ခံရတဲ့စကိုးအဖို့ ဖလပ်ချာနဲ့ ၂ ယောက်တွဲ အလယ်မှာ မလှုပ်ဝံ့သာဘူး။ ညာက နာနီဘက်က လှုပ်နိုင်ပေမဲ့ အဆုံးသတ်ဖြတ်တင်ဘောတွေက ပျက်တာများနေတယ်။ ဘယ်က ဂစ် နာပြီး ထွက်သွားတာနဲ့ အတူ တိုက်စစ်ပိုင်း လုံးဝ ပျောက်သွားရော။ ပခ် အာရှသားမို့ ပိုအားပေးပေမဲ့လည်း Physical သုံးတဲ့ပွဲမျိုး သူနဲ့ မကိုက်တာ ပွဲကြည့်တဲ့ကျနော့်အဖို့ သိနေပြီ။ အိုရှေး လီဗာပွဲ အနိုင်ဂိုးအတွက် ဖြတ်တင်ဘောတင်နိုင်ပေမဲ့လည်း ဒီပွဲအဖို့ က ဘေးလူသက်သက်သာ ဒီလောက်အားကိုးစရာမရှိဘူး။

ဒါကြောင့် ညာမှာနာနီလိုမျိုး လှုပ်နိုင်တဲ့ တယောက်ဘယ် ဝန်း မှာ ရှိသင့်သလို အလယ်မှာ ဘောလုံးအဖျက်နဲ့ ထောင့်ဖြတ်လူပေးဘောတွေအပြင် ဘောလုံး ကိုင်ကစားပြီး အလယ်ကို မွှေနိုင်တဲ့လူမျိုး ရှိသင့်တယ်။ လူဝယ်က ဇန်နဝါရီမှာမို့ ဒီကြားထဲ အန်ဒါဆင်ပြန်ဝင်ပြီး လှုပ်ပေးနိုင်မလား မိုက်ကယ်ကဲရစ်ပဲ ပြန်ကောင်းလာပြီး အလယ်မှာ ချိန်ခွင်မျှအောင်လုပ်ပေးနိုင်မလား အတွေးကျပ်နေပြီဗျာ။ ဘယ်ဝန်းနဲ့ ညာဝန်းတော့ အိုဘာတန်၊ နာနီ၊ ဘီဘီ တို့ တယောက်ယောက်နဲ့ အင်နဲ့ အားနဲ့ တိုက်စစ်ဆင်ဖို့ မျှော်လင့်မိတယ်။

တိုက်စစ်တော့ ရွန်နီကို ခဏအနားပေးပြီး သူ့ ခေါင်းထဲက အရှုပ်ထုတ်တွေ ရှင်းသွားအောင်လုပ်ဖို့ သင့်တယ်။

ဒီပွဲမှာ ခက်ခဲတဲ့ခြေပဂိုး ကို နောက်ပြန်တိုက်ပေးသွားတဲ့ မိုက်ကယ်အိုဝင်ရဲ့ ကစားသမားဘဝ ဂိုး ၂၀၀ ပြည့်မို့ ဂုဏ်ယူစရာပါပဲ။ အိုဝင်စကားက -

“ ဂိုးသွင်းရတာက ကျနော့် အသက်အမွှေးဝမ်းကျောင်းအတွက် အစိတ်အပိုင်းတခုပါ။ ဒါပေမဲ့ ဒီပွဲအတွက် ဂိုးကတော့ အနိုင် ၃ မှတ်မရလို့ စိတ်ပျက်မှု့ နဲ့ ရောစွတ်နေပါတယ်။ စနေနေ့ က ကျနော်တို့ အတွက်ကောင်းတဲ့ တခြားအသင်းတွေရဲ့ ပွဲရလဒ် တွေအပေါ် အပြည့်အဝအခွင့်အရေးမယူနိုင် စိတ်ပျက်မိတယ်။ ရာသီအရှည်ကြီးမို့  ကျနော်တို့ ပြန်လာမှာပါ။”


အိုဝင် ရဲ့ဂိုးက သပ်ရပ်လွန်းပါတယ်။ ဒီပုံအတိုင်းဆို ဗလင်စီယာနဲ့ ပွဲထွက်အတွက် အိုဝင်က ရွန်နီတို့ ပိုထိုက်တန်လိမ့်မယ်။ နောက်တန်းတော့ ဇယားထိပ်ရောက်နေတဲ့ ဗလင်စီယာကို ခုခံဖို့ ရီရိုပြန်လာဖို့ လိုသလို အိုရှေး မပါဖို့ လိုနေတယ်လို့ ထင်တယ်ဗျာ။

ချန်ပီယံလိဂ်ပွဲလည်း မတင်မကျမဖြစ်ချင်ဘူးဗျာ။ အနိုင်ပွဲရလဒ်နဲ့ သာ ဖာဂီပြောတဲ့ ၁၀မှတ် ရဖို့ ကို လူကုန်ထဲ့ပြီး ကစားဖို့ မျှော်လင့်ကြဦးစို့ ။




Filed Under: , ,

About the Author

မြန်မာလူမျိုး မန်ချက်စတာယူနိုက်တက် အသင်း အားပေးသူများ ဆုံစည်းရာ နေရာလေး တစ်ခုပါ..။ Myanmar Manchester Fan Club.

Leave a Reply