မြန်မာ မန်ချက်စတာယူနိုက်တက်ဖန် ဘလော့အား ကွန်မြူနတီ နှင့် ပေါင်း၍ အသစ်ထပ်မံ ဖွင့်လှစ်ထားပါသည် လက်ရှိအချိန်တွင် လိုအပ်သည်များကို ဆက်လက် ဖြည့်ဆည်းနေဆဲ ဖြစ်သော်လည်း ပိုစ့်များကို နောက်အသစ် ဖွင့်လှစ်သော www.manutdmm.com တွင်သာ ဆက်လက် ရေးသား သွားမည် ဖြစ်ကြောင်း မန်ယူဖန် များအား အသိပေးအပ်ပါသည်..။ မြန်မာမန်ချက်စတာဖန်ကလပ် သို့ သွားရန် အပေါ်မှ ပုံကို ကလစ်လုပ်ပါ သရဲနီချစ်မြတ်နိုးသူများအား ဖိတ်ခေါ်ပါတယ်
  • Match Review

  • Highlights

  • Premier League

  • Match Preview

  • Champion League

  • Player News

  • Man U News

  • Transfer News

  • Interview

  • Manchester United Club History

  • Feature

ကစားသမားအသစ်နဲ့ သတင်းအတိုအထွာ

[caption id="attachment_1227" align="alignleft" width="300" caption="ဘိုင်ရမ် ဒီရော့ဖ်(Biram Diouf) "]ဘိုင်ရမ် ဒီရော့ဖ်(Biram Diouf) [/caption]

မန်ယူနိုက်တက်  နောက်ဆုံးဝယ်ယူလိုက်တဲ့ လူငယ်ကစားသမားကတော့ ဘိုင်ရမ် ဒီရော့ဖ်(Biram Diouf) ပါ။ လာတဲ့ ကလပ်ကတော့

နော်ဝေးနိုင်ငံက မိုဒေ(Molde) ကလပ်ဖြစ်ပြီး ယူနိုက်တက် ဂန္တဝင် ကစားသမား ဆိုးရှားရဲ့ကလပ်ပောာင်းဖြစ်ပါတယ်။ ဆီနီးဂေါ ကစားသမား ဒီရော့ဖ်ကို ဝယ်ယူလိုက်တဲ့အကြောင်း ဖာဂီက ဒီလိုရှင်းပြထားပါတယ် -  မနေ့ ကပဲ လူငယ်ကစားသမားကို နော်ဝေကနေ ဝယ်ယူလိုက်ပါတယ်။ ကြည့်နေတာကတော့ ၂ နှစ်လောက်ရှိပါပြီ။

ပြီးခဲ့အပတ်ထဲထိ ဝယ်ဖို့ ရန် ဘာအစီအစဉ်မှ မရှိပေမဲ့လည်း တခြားအသင်းတွေစပြီး ဈေးပေးနေတော့ ဝယ်ဖို့ အတွက်ချက်ချင်းဆိုသလို ဆုံးဖြတ်လိုက်တာ။ ဒီတစ်ယောက်ကတော့ ဒီနှစ်အတွက် နောက်ဆုံးပါပဲ။

CEO ဖြစ်တဲ့ ဒေးဗစ်ဂေ က - မနေ့ က လက်မှတ်ထိုးပါတယ်။ ဒါပေမဲ့ အလုပ်ဗီဇာလိုတဲ့အတွက် အဲ့ဒီ့ကလပ်မှာပဲ ဇန်နဝါရီလအထိ အငှားချထားမှာပါ။ ပြီးမှ မန်ယူနိုက်တက်ကို ခေါ်ယူမှာဖြစ်ပါတယ် - လို့ ရှင်းပြထားပါတယ်။

အသက် ၂၁ ရှိပြီဖြစ်တဲ့ ဒီရော့ဖ်က  လက်ရှိအသင်းအတွက် ၇၃ ပွဲမှာ ၃၈ ဂိုးသွင်းပေးထားပါတယ်။ အားကောင်းမောင်းသန် အရပ် ၆ ပေ ၁ လက်မ တိုက်စစ်မှူး ဖြစ်တဲ့ ဒီရော့ဖ်ပာာ ဂိုးသွင်းသေချာသူလို့ လဲမှတ်ယူနိုင်ပါတယ်။ ပရီမီယားလိဂ် မှာ ခြေစွမ်းပြမပြဆိုတာကတော့ ဆက်လက်စောင့်ကြည့်ယုံပါ။

သူ့ ရဲ့ကစားပာန်ကို မြည်းစမ်းကြည့်ချင်ရင် ဒီကိုနှိပ် ပါခင်ဗျာ။

[caption id="attachment_1229" align="alignleft" width="300" caption="ကျောနံပါတ် ၇ မိုက်ကယ်အိုဝင်"]ကျောနံပါတ် ၇ မိုက်ကယ်အိုဝင်[/caption]

ဒီနှစ်ဝယ်လိုက်တဲ့ ကစားသမားတွေရဲ့  နံပါတ်ကို မိုက်ကယ်အိုဝင်ကလွဲပြီး အတိအကျမသိရသေးပါဘူး။ အိုဝင်ကတော့ နံပါတ် ၇ ပါခင်ဗျာ။      လူငယ်ခြံပေါက်ကစားသမားဖြစ်တဲ့ ဂဖ်ဆင်(Gibson) က ယူနိုက်တက်နဲ့ နောက်ထပ် ၃ နှစ်စာချုပ် လက်မှတ်ထိုးလိုက်ပြီဖြစ်ပြီး၊ ဖာဂီက သူပာာ အလားအလာအကောင်းဆုံးဖြစ်တဲ့အပြင် ပထမတန်းအသင်းကြီးမှာ ပိုပါဝင်ဖို့ အခွင့်တွေ ရဖို့ အာမခံတယ်လို့ ဆိုပါတယ်။

မန်ယူနိုက်တက်နဲ့ ပတ်သက်တဲ့ အခြားသတင်းကတော့ ဒာင်ဒိုနီးရှားမှာ ဗုံးပေါက်တဲ့ ကိစ္စပဲဖြစ်ပါတယ်။ ယူနိုက်တက် တည်းခိုမဲ့ အင်ဒိုနီးရှားက ပိာုတယ် ဗုံးဖောက်ခွဲခံလိုက်ရတဲ့အတွက် ချစ်ကြည်ရေးခရီးစဉ်ကို ဖျက်သိမ်းလိုက်ရကြောင်း ယူနိုက်တက်ရဲ့ ဝဖ်ဆိုဒ် ကတင်ပြထားပါတယ်။ အသက်အန္တရာယ်လုံခြုံရေးအတွက် ဖြစ်တယ်လို့ ဆိုထားပြီး ထိခိုက်ဒဏ်ရာရသူတွေအတွက် မိသားစုနဲ့ ထပ်တူဝမ်းနည်းကြောင်းကိုလည်း ထည့်သွင်းဖော်ပြထားပါတယ်။

[caption id="attachment_1230" align="alignleft" width="213" caption="အလားအလာကောင်းတဲ့ ဂဖ်ဆင်"]အလားအလာကောင်းတဲ့ ဂဖ်ဆင်[/caption]

[caption id="attachment_1231" align="alignright" width="300" caption="ဗုံးဖောက်ခွဲခံလိုက်ရတဲ့ ပိာုတယ်"]ဗုံးဖောက်ခွဲခံလိုက်ရတဲ့ ပိာုတယ်[/caption]

Filed Under: ,

About the Author

မြန်မာလူမျိုး မန်ချက်စတာယူနိုက်တက် အသင်း အားပေးသူများ ဆုံစည်းရာ နေရာလေး တစ်ခုပါ..။ Myanmar Manchester Fan Club.

Leave a Reply