မြန်မာ မန်ချက်စတာယူနိုက်တက်ဖန် ဘလော့အား ကွန်မြူနတီ နှင့် ပေါင်း၍ အသစ်ထပ်မံ ဖွင့်လှစ်ထားပါသည် လက်ရှိအချိန်တွင် လိုအပ်သည်များကို ဆက်လက် ဖြည့်ဆည်းနေဆဲ ဖြစ်သော်လည်း ပိုစ့်များကို နောက်အသစ် ဖွင့်လှစ်သော www.manutdmm.com တွင်သာ ဆက်လက် ရေးသား သွားမည် ဖြစ်ကြောင်း မန်ယူဖန် များအား အသိပေးအပ်ပါသည်..။ မြန်မာမန်ချက်စတာဖန်ကလပ် သို့ သွားရန် အပေါ်မှ ပုံကို ကလစ်လုပ်ပါ သရဲနီချစ်မြတ်နိုးသူများအား ဖိတ်ခေါ်ပါတယ်
  • Match Review

  • Highlights

  • Premier League

  • Match Preview

  • Champion League

  • Player News

  • Man U News

  • Transfer News

  • Interview

  • Manchester United Club History

  • Feature

အိုဝင်နဲ့ ဖာဂီ အပေါ် လီဗာပူး ဂျေမီကာရဂါ အမြင်



[caption id="attachment_1239" align="alignleft" width="130" caption="မိုက်ကယ် အိုဝင် ရဲ့  လှုပ်ရှားပာန်"]မိုက်ကယ် အိုဝင် ရဲ့  လှုပ်ရှားပာန်[/caption]


လီဗာပူး ရဲ့ အမာခံကစားသမားဖြစ်တဲ့ ဂျေမီ ကာရဂါ (Jamie Carragher) တစ်ယောက် မန်ယူနိုက်တက် ရဲ့ လီဗာပူးကစားသမားပောာင်း မိုက်ကယ် အိုဝင်ကို ခေါ်ယူလိုက်ခြင်းပာာ အလွန်ကောင်းတဲ့ စီးပွားရေးခြေလှမ်းတစ်ကွက် ဖြစ်တယ်လို့ ပြောဆိုချီးကျူးလိုက်ပါတယ်။ ဆက်လက်ပြီး သူပာာ ယူနိုက်တက်အဖို့ ရော်နယ်ဒိုမရှိပေမဲ့လည်း အားနည်းသွားလိမ့်မယ်လို့ သိပ်မထင်ဘူးလို့ လဲ မှတ်ချက်ပေးသွားပါတယ်။ သူရဲ့ ပင်ကိုယ်ပြောဆိုချက်က ဒီလိုပါ -

မိုက်ကယ်ကို ခေါ်ဆိုလိုက်တာက တကယ်ကို တော်တဲ့ စီးပွားရေးလှုပ်ရှားမှု့ တစ်ခုပါ။ အခုသူ ရာသီအကြိုမှာ ဂိုးတွေစသွင်းနေပြီလေ။ သူက ကျွန်တော့်သူငယ်ချင်းဆိုတော့ အခုလို အသင်းကြီးကို ပြောင်းတဲ့အတွက် ဝမ်းသားပါတယ်။ နယူးကာဆယ်မှာဆို သူဘာမှာ မလုပ်ရပဲနဲ့ ကို အဝေအဖန်ခံနေရတာ။ ကျွန်တော့်အမြင်ကတော့ သူပာာ ဘောလုံးသမားကောင်းနဲ့ စံပြ အားကစားသမားအဖြစ် ဆက်ရှိနေတုန်းပါပဲ။ သူ ယူနိုက်တက်အတွက် ကောင်း အုံးမှာလို့ ကျွန်တော်ခံစားလို့  ရနေတယ်။ ဒါပေမဲ့ပေါ့ သူက သူငယ်ချင်းဖြစ်ပေမဲ့လည်း အဓိကပြိုင်ဖက်ကစားသမားဖြစ်တဲ့အတွက် ရာသီစ စချင်းသူ့ ကို ဂိုးမသွင်းစေချင်တော့ဘူး။ ရာသီအစပွဲအချို့ မှာ သွင်းချင်သွင်းပစေ၊ အကြို ပွဲတွေမှာလည်း နောက်ထပ် ထပ်သွင်းချင်ရသေးတယ်။ ဒီ့နောက်တော့ ဂိုးမိုးခေါင်းပါစေ- လို့ သစ္စာရှိ မစ္စတာလီဗာပူးလို့ နာမည်ကြီး ဂျေမီက ဆိုထားပါတယ်။

ရော်နယ်ဒို ထွက်ခွာသွားလို့ လိဂ်ဖလားမန်ယူ ဆွတ်ခူးဖို့ အားနည်း သွားပြီလို့ ထင်မြင်ယူဆသလားဆိုတဲ့ မေးခွန်းအပေါ်သူက -

ယူနိုက်တက်ပာာ အတွေ့ အကြုံ့ အများကြီးရှိတဲ့ အသင်းပါ။ အထူးသဖြင့် ထိပ်တန်းကစားသမားတွေ ထွက်ခွာသွားပြီး ဖာဂီအဖို့ အရင်ကလို အနိုင်ပွဲတွေယူနိုင်တဲ့ အသင်းမျိုးထပ်ပြီး ဖွဲ့ စည်းနိုင်မလားဆိုတဲ့ မေးခွန်းမျိုးနဲ့ ကြုံ တိုင်းသူ့ ရဲ့အဖြေက အာလုံးသိတဲ့အတိုင်းပါပဲ။ အကောင်းဆုံးမန်နေဂျာတွေမှာ ဒီလို အခြေအနေမျိုးနဲ့ ကြုံတိုင်းအကောင်းဆုံး ဖြေရှင်းတဲ့နည်းလမ်း ရှိလိမ့်မယ်လို့ မျှော်လင့်သလို ပါပဲ။ ဖာဂီမှာလည်း နည်းလမ်းရှိမှာပေါ့။ သူုတို့ မှာ ယူနီ Rooney ရှိသေးတယ်။ သူက ကမ္ဘာ့အကောင်းဆုံးကစားသမားတစ်ယောက်ပဲ။ ပြီးတော့ မိုက်ကယ်ကဲရစ် Carrick လို တကယ်ကောင်းတဲ့ အလယ်တန်းကစားသမားတွေ ရှိနေတုန်းပဲ။ သိပ်ခေါင်းမကောင်းတဲ့ သူသာ ရော်နယ်ဒို မရှိတာနဲ့ ယူနိုက်တက် အားနည်းသွားလိမ့်မယ်လို့ ထင်မှာပဲ -   ဆိုပြီး အခုလို ပွင့်ပွင့်လင်းလင်းဆိုသွားပါတယ်။

လက်ရှိအခြေအနေမှာ ယူနိုက်တက်အဖို့ အသစ်ဝယ်ထားတဲ့ ကစားသမားဖြစ်တဲ့ အိုဝင်နဲ့ ဗလန်စီယာတို့ ဂိုးတွေသွင်းယူနေကြပြီး။ နောက်ထပ်ဝယ်ယူဖို့ စပိန်လိဂ်က နာမည်ကြီးတွေဖြစ်တဲ့ ဆာဂျီယို အာဂဲလဲရိုး Sergio Aguero၊ ဒေးဗစ်ဆေးဗား  David Silva တို့နဲ့ သတင်းပတ်သက်မှု့ တွေရှိနေတယ်လို့ မီဒီယာက ဆိုလျက်နေပါတယ်။ ဆာအဲလပ်စ်ကတော့ နောက်ထပ်ဝယ်ဖို့ ရန်မရှိလို့ အတိအလင်းကြေညာထားပြီးဖြစ်ပါတယ်။ ကစားသမားပေါက်ဈေးကတော့ အာဂဲလဲရိုးက ယူရို ၄၁ သန်းနဲ့ ဆေးဗားက ၂၉ သန်းပါ။  ဆက်လက်စောင့်မျှော်ကြပါဦးစို ။

Filed Under: ,

About the Author

မြန်မာလူမျိုး မန်ချက်စတာယူနိုက်တက် အသင်း အားပေးသူများ ဆုံစည်းရာ နေရာလေး တစ်ခုပါ..။ Myanmar Manchester Fan Club.

Leave a Reply