နွေရာသီ အပြောင်းအရွှေ့ ဈေးကွက်ဒရမ်မာ ဆက်ရန်
လင်းထက်
|
07 July, 2009
|
0 comments
[caption id="attachment_1214" align="alignleft" width="300" caption="တိုက်စစ် မှူး ဂါဘရယ် အိုဘာတန်"]
မန်ချက်စတာ ယူနိုက်တက် က ပြင်သစ် ကလပ်ဖြစ်တဲ့ ဘိုးဒိုး(Bordeaux) က အသက် ၂၀ တိုက်စစ် မှူး ဂါဘရယ် အိုဘာတန် (Gabriel
Obertan) ကို ဝယ်ဖို့ လက်တကမ်း သာ လိုတော့တယ်လို့ ဆိုပါတယ်။ ဆေးစစ် မှု့ တွေ စတင် လုပ်နေ ပြီလို့ တောင်ဆိုထားပါတယ်။ ပြင်သစ်
အသက် ၂၁ နှစ်အောက် ကစားသမား ပာာ အေစီမီလန်၊ အင်တာမီလန် နဲ့ အာဆင်နယ်တို့ ရဲ့ မျက်စိကျတာကို ခံနေရသူပါ။
ပေါက်ဈေးသဘောတူညီမှု့ က ပေါင် ၃ သန်းဖြစ်ပြီး ၄ နှစ်စာချူပ်လိမ့်မယ်လို့ ကြားပါတယ်။ အငှားအသင်းဖြစ်တဲ့ အက်ဖ်စီ လိုရင့် (FC Lorient)
အသင်းအတွက် ပြီးခဲ့ တဲ့ ရာသီမှာ ၁၅ ပွဲကစားပေးထားပြီး ၁ ဂိုးသာသွင်းပေးထားပါတယ်။ ဘိုးဒိုးကလပ်ရဲ့ သမ္မတကတော့ ယူနိုက်တက် ကစားသမားဖြစ်ဖို့ ရန် အလားအလာ များတယ်လို့ ဆိုပါတယ်။
ဒီသတင်း ရဲ့ နောက်ဆက်တွဲကို သာ ဆက်လက် စောင့်မျှော် ကြတာပေါ့။
[caption id="attachment_1215" align="alignleft" width="300" caption="ဈေးမပေါတဲ့ ပာန်တီလာ "]

တခြားသတင်းအနေနဲ့ ပာန်တီလာ ကို ရနိုင်ဖို့ ဘယ်အသင်းမဆို သူတို့ တောင်းဆိုတဲ့ ပေါက်ဈေး ပေါင် သန်း၂၀ ပေးရလိမ့်မယ်လို့  ရီရဲက ကြေညာလိုက်ပါတယ်။ ရော်နယ်ဒိုကို သန်း ၈၀ပေးဝယ်လိုက်တဲ့ ဘီလီယံနာ ဥက္ကဌ ပီရပ်ဇ် (Florentino Perez) က ဈေးပေါပေါနဲ့ ရောင်းမထုတ်ဖို့ တားမြစ်ထားတယ်လို့ ဒါရိုက်တာက ဆက်လက်ပြောကြားလိုက်ပါတယ်။
[caption id="attachment_1216" align="alignright" width="300" caption="ဘန်ဖောစတာ"]

မန်ယူနိုက်တက်ရဲ့ အရံဂိုးသမားဖြစ်တဲ့ ဘန်ဖောစတာကတော့ အသင်းနဲ့ နောက်ထပ် ၄ နှစ်စာချူပ် လက်မှတ်ရေးထိုး လက်ပါတယ်။ ဖာဂီက ဖောစတာ လက်မှတ်ထိုး လိုက်တဲ့အတွက် ကျေနပ်ကြောင်းနဲ့ ဖောစတာကတော့ သူ အရမ်းကို ပျော်ရွှင်ကြောင်း ၊ ဗန်ဒါးဆားနဲ့ သောမတ်စ် တို့ နဲ့ လေ့ကျင့်ခွင့်ရတဲ့အတွက် သူအနေနဲ့ ပိုပြီးအကျိုးဖြစ်စေတယ်လို့ ထုတ်ဖော်ဝန်ခံထားပါတယ်။
[caption id="attachment_1218" align="alignright" width="300" caption="လွယ်ကူတဲ့ ဆုံးဖြတ်ချက်မပာုတ်ဘူးဆိုတဲ့ မာတင်"]

သတင်းကောင်းမပာုတ်တဲ့ သတင်းတစ်ခုကတော့ လူငယ်ခြေတက်ဖြစ်တဲ့ မာတင် (Lee Martin) တစ်ယောက် ရွင်ကိန်း (Roy Kean) မန်နေဂျာ လုပ်နေတဲ့ ချန်ပီယံရှစ် (Championship) ကလပ် အစ်ပ်ဆွစ်ခ်ျ (Ipswich Town) ကလပ်ကို ပြောင်းသွားတဲ့ သတင်းပဲဖြစ်ပါတယ်။ မာတင်က - လွယ်ကူတဲ့ ဆုံးဖြတ်ချက်မပာုတ်ဘူးဆိုတာ အာလုံးခန့် မှန်းမိမှာပါ။ ဒါပေမဲ့လည်း ကိန်းရဲ့ ရည်မှန်းချက်ကြီးတာကို သိထားပြီးဖြစ်လို့ သူအတွက် ကစားပေးရမှာကို တော့ ကျေနပ်မိပါတယ်လို့ ဆိုထားပါတယ်။ မာတင်ပာာ အသင်းကြီးအတွက် ၃ ပွဲသာကစားပေးဖူးပြီး ဆိုးရှား နည်းပြလုပ်တဲ့ ယူနိုက်တက် အရံအသင်းမှာတော့ ပုံမှန် လက်စွမ်းပြတဲ့ ကစားသမားတစ်ယောက်ပါ။ အသက် ၂၂ ရှိပြီဖြစ်တဲ့သူက အသင်းကြီးမှာပုံမှန် ကစားလိုတဲ့အတွက် လမ်းခွဲဖို့ ဆုံးဖြတ်လိုက်တာပဲဖြစ်ပါတယ်။
နောက်ဘာတွေဆက်ဖြစ်မလဲဆိုတာ ဆက်လက်စောင့်ကြည့်အာပေးကြတာပေါ့ဗျာ။
ယခင်ဆက်နွယ်သတင်း -
Filed Under: Transfer News
0 comments
Trackback URL | Comments RSS Feed