Wigan vs Manchester United

မန်ယူအသင်းဟာ ဒီတပတ် ဗုဒ္ဒဟူးမှာတော့ ၀ီဂန်အသင်းနဲ့ ပွဲကျန် တပွဲကို ကစားရမှာ ဖြစ်ပါတယ်။ ဒီပွဲကို ၀ီဂန်ရဲ့ကွင်းမှာ သွားကစားရမှာ ဖြစ်ပီး ကြာသာပတေးနေ့ မနက် မြန်မာစံတော်ချိန် မနက် ၁း၃၀ မှာ ယှဉ်ပြိုင် ကစားမှာ ဖြစ်ပါတယ်။ မန်ယူအသင်းဟာ ပထမအကျော့ အိုးထရတ်ဒ်ဖို့မှာ ၀ီဂန်ကို တစ်ဂိုး ဂိုးမရှိဖြင့် အနိုင် ရရှိထားတာ ဖြစ်ပါတယ်။
မန်ယူအသင်းအနေနဲ့ ဒီပွဲဟာ အရေးပါတဲ့ ပွဲစဉ် တပွဲဖြစ်ပြီး ဒီပွဲနိုင်ခဲ့လျှင် ဒုတိယနေရာမှ လီဗာပူးလ်ကို ခြောက်မှတ်အထိ ဖြတ်ထားခဲ့နိုင်မှာ ဖြစ်ပြီး နောက်တပွဲ အာဆင်နယ်နဲ့ပွဲမှာ သရေကျရုံ တမှတ်ရရုံဖြင့် ပရီးမီးယားလိဂ် ဖလားကို ရရှိနိုင်မှာ ဖြစ်ပါတယ်။ အစဉ်အလာအရ မန်ယူအသင်းဟာ ပြီးခဲ့တဲ့ နှစ်ပိုင်းအတွင်းမှာ ၀ီဂန်ကွင်းမှာ အနိုင်ရထားတာ များပါတယ်။
ဝီဂန်အနေနဲ့ကလည်း ခံစစ်ပိုင်းယိုယွင်းနေပီး ပေးဂိုးများနေတာ တွေ့ရပါတယ်။ နောက်ဆုံး ငါးပွဲမှာ လေးပွဲရှုံး တပွဲသရေဆိုတဲ့ ရလဒ်ဟာ မန်ယူလို အသင်းကြီးမျိုးကို ယှဉ်ပြိုင်ဖို့ မလွယ်တဲ့ အနေအထားမှာ ဖြစ်ပါတယ်။ မန်ယူအသင်းကတော့ နောက်ဆုံး ငါးပွဲမှာ ငါးပွဲလုံး နိုင်ထားတာကို တွေ့ရပါတယ်။ တီဗက်စ် ဂိုးတွေ ပြန်သွင်းနေပီး ကျန်လူများလည်း ရစ်သမ် ပြန်မိနေပါတယ်။ ဒီပွဲကို မန်ယူအနိုင်ကစားကာ ဖလားနဲ့ အနီးဆုံးကို ကပ်သွားပါလိမ့်မယ်။
Filed Under: Featured , Match Preview , Premier League



0 comments
Trackback URL | Comments RSS Feed