မြန်မာ မန်ချက်စတာယူနိုက်တက်ဖန် ဘလော့အား ကွန်မြူနတီ နှင့် ပေါင်း၍ အသစ်ထပ်မံ ဖွင့်လှစ်ထားပါသည် လက်ရှိအချိန်တွင် လိုအပ်သည်များကို ဆက်လက် ဖြည့်ဆည်းနေဆဲ ဖြစ်သော်လည်း ပိုစ့်များကို နောက်အသစ် ဖွင့်လှစ်သော www.manutdmm.com တွင်သာ ဆက်လက် ရေးသား သွားမည် ဖြစ်ကြောင်း မန်ယူဖန် များအား အသိပေးအပ်ပါသည်..။ မြန်မာမန်ချက်စတာဖန်ကလပ် သို့ သွားရန် အပေါ်မှ ပုံကို ကလစ်လုပ်ပါ သရဲနီချစ်မြတ်နိုးသူများအား ဖိတ်ခေါ်ပါတယ်
  • Match Review

  • Highlights

  • Premier League

  • Match Preview

  • Champion League

  • Player News

  • Man U News

  • Transfer News

  • Interview

  • Manchester United Club History

  • Feature

စီနီယာကစားသမားတွေရဲ့ အပြစ်တင်ခြင်းနဲ့ ရော်နယ်လ်ဒို

cr

ပြီးခဲ့တဲ့ ပွဲက ရော်နယ်လ်ဒိုရဲ့ လုပ်ရပ်တွေနဲ့ ပတ်သက်လို့ မန်ယူအသင်းရဲ့ စီနီယာကစားသမား တဦးဖြစ်တဲ့ ၀ိန်းရူနီက ဒီလိုမိုက်မဲတဲ့ အပြုအမူတွေကို ရပ်တန်းက ရပ်ဖို့ သတိပေးပြောဆို လိုက်ပါတယ်။


မန်ချက်ဒါဘီပွဲစဉ်မှာ လူစားလဲမှုနဲ့ ပတ်သက်ပီး ဖာဂူဆန်ကို ပေါက်ကွဲစွာ တုန့်ပြန်ခဲ့တဲ့ ရော်နယ်လ်ဒိုကို ရူနီက သူရဲ့ ဖာဂီ့အပေါ် မလေးမစားပြုမူတဲ့ အပြုအမူကြောင့် ကျနော်တို့တွေ အလွန်ပဲ စိတ်ဆိုးခဲ့ကြရပါတယ်လို့ ပြောခဲ့ပါတယ်။ ကလပ်အသင်းရဲ့ ပြောရေးဆိုခွင့် ရှိသူတို့ကလည်း သူ့ရဲ့ အပြုအမူကြောင့် အားလုံး စိတ်မချမ်းမသာ ဖြစ်ရသလို သူ့ကိုလည်း ပြောဆိုခဲ့ကြတယ်လို့ ဆိုပါတယ်။


မန်ယူကစားသမား တော်တော်များများဟာ အိမ်ပေါက်တွေ ဖြစ်ပီး ဖာဂီ့ရဲ့ လက်အောက်မှာ ကြီးပြင်းလာခဲ့ကြတာ ဖြစ်ပါတယ်။ သူတို့ဟာ သူတို့ရဲ့ ဆရာသမားကို ဒီလို တစုံတယောက်က မလေးမစားပြုမူတာမျိုး မမြင်မတွေ့လိုကြပါဘူး။ အဲဒီနေ့ကတော့ ပေါ်တူဂီစတား ၂၄ နှစ်အရွယ် ရော်နယ်လ်ဒိုက သူ့ကိုကမ်းပေးလာတဲ့ ထရက်စုကို လွှင့်ပစ်ပီး ပါးစပ်ကလည်း ဆဲရေးတိုင်းထွာက ခုံတန်းပေါ်မှာ ထိုင်နေခဲ့ပါတယ်။ ဒါပေမဲ့ ပွဲအပြီး အ၀တ်လဲခန်း သွားရာ လမ်းမှာပဲ သူဟာ သူ့ရဲ့ကစားဖော် အချို့ကို ဖာဂီ့ကို သူဒီလို ပြုမူဖို့ လုံးဝ မရည်ရွယ်ခဲ့ကြောင်း ပြောဆိုခဲ့ပါတယ်။ အဲ့နောက်မှာတော့ သူဟာ ဖာဂီကို တောင်းပန်ဖို့ ကြိုးစားခဲ့ပီး သူမှားကြောင်း လက်ခံခဲ့ပါတယ်။


မန်ယူအသင်းဟာ ဖလားရရှိဖို့ လေးမှတ်သာ လိုတော့တဲ့ အနေအထားသို့ ရောက်နေပြီ ဖြစ်ပါတယ်။ ရော်နယ်လ်ဒိုရဲ့ ဒီအပြုအမူတွေကြောင့် သူဟာ ရီးရဲလ်မက်ဒရစ်သို့ ပြောင်းရွှေ့ဖို့ ပိုမိုနီးစပ်လာပီလို့ အပြင်မှာ ပြောစရာတွေ ဖြစ်လာပါတယ်။ ရီးရဲလ်က ရော်နယ်လ်ဒိုက သန်း ၈၀ ဖြင့် ကမ်းလှမ်းဖွယ် ရှိပီး ငါးနှစ်စာချုပ် ပေါင်သန်း ၁၂၀ ဖြင့်ခေါ်ယူသွားမယ်လို့ သွေးဆောင်လျှက် ရှိပါတယ်။

Filed Under: ,

About the Author

မြန်မာလူမျိုး မန်ချက်စတာယူနိုက်တက် အသင်း အားပေးသူများ ဆုံစည်းရာ နေရာလေး တစ်ခုပါ..။ Myanmar Manchester Fan Club.

Leave a Reply