မြန်မာ မန်ချက်စတာယူနိုက်တက်ဖန် ဘလော့အား ကွန်မြူနတီ နှင့် ပေါင်း၍ အသစ်ထပ်မံ ဖွင့်လှစ်ထားပါသည် လက်ရှိအချိန်တွင် လိုအပ်သည်များကို ဆက်လက် ဖြည့်ဆည်းနေဆဲ ဖြစ်သော်လည်း ပိုစ့်များကို နောက်အသစ် ဖွင့်လှစ်သော www.manutdmm.com တွင်သာ ဆက်လက် ရေးသား သွားမည် ဖြစ်ကြောင်း မန်ယူဖန် များအား အသိပေးအပ်ပါသည်..။ မြန်မာမန်ချက်စတာဖန်ကလပ် သို့ သွားရန် အပေါ်မှ ပုံကို ကလစ်လုပ်ပါ သရဲနီချစ်မြတ်နိုးသူများအား ဖိတ်ခေါ်ပါတယ်
  • Match Review

  • Highlights

  • Premier League

  • Match Preview

  • Champion League

  • Player News

  • Man U News

  • Transfer News

  • Interview

  • Manchester United Club History

  • Feature

Tev to Tottenham?

တော့တမ်ဟမ်ဟော့စပါး အသင်းဟာ မန်ချက်စတာစီးတီး၊ချယ်လ်ဆီး၊ရီးရဲလ်မက်ဒရစ် အသင်းတို့နှင့် အပြိုင် မန်ချက်စတာ ကစားသမား ကားလိုစ့်တိဗက်စ် ကို ရယူနိုင်ရေးအတွက် ပြိုင်ပွဲထဲ ကို ဝင်ရောက်လာခဲ့ပါပြီ..။


ဒီအာဂျင်တီးနားသား ဟာ သူ့အနေနဲ့မန်ချက်စတာကို ကျောခိုင်းဖို့ အချိန်ကျရောက်လာပြီလို့ ခံယူပေမယ့် ပရီးမီးယားလိဂ်မှာပဲ ဆက်ကစားချင်တယ်လို့ ပြောကြားထားပါတယ်..။


သူနဲ့နီးစပ်တဲ့ သတင်းရပ်ကွက် ရဲ့အဆိုအရ စပါး သူဌေး Harry Redknapp ဟာ တိဗက် ကိုဝယ်ယူဖို့အတွက် ပေါင် ၂၅ သန်း ဝန်းကျင်ခန့်နဲ့ ကမ်းလှမ်းနေတယ်လို့ တိဗက်က ဆန်း သတင်းစာကို ပြောကြားသွာတယ်လို့ ဆိုပါတယ်..။


စပါးသူဌေး Harry Redknapp ဟာ သူ့ရဲ့ ဟော့စပါး အသင်းရဲ့ ဝှိုက်ဟတ်လိန်းကွင်းကို အောင်မြင်မှုတွေ သယ်ဆောင်ပေးလာနိုင်မယ့် ကစားသမား များ ဝယ်ယူဖို့ အစီအစဉ်တွေ ရေးဆွဲနေပါတယ်..။


သူဝယ်ယူလိုတဲ့စာရင်းထဲမှာ ရုရှား တိုက်စစ်မှုးPavlyuchenko ၊ အင်္ဂလန် တိုက်စစ်မှုး Darren Bent နှင့် အလည်တန်းလူ David Bentley တို့ပါဝင်တယ်လို့သိရပါတယ်..။


စပါးဘော့စ် Redknapp က တိဗက်စ်ကို ပထမ ၁၁ ယောက်စာရင်းထဲ ပါစေရမယ်လို့ အာမခံကြောင်းနဲ့ မြောက်ပိုင်းလန်ဒန်မှာ ပေါ်ပြူလာ တိုက်စစ်မှုး ဖြစ်လာစေရမယ်လို့ ပြောကြားသွားပါတယ်..။



မူရင်း၊      ၊Shaun Custis, The Sun

Filed Under: ,

About the Author

မြန်မာလူမျိုး မန်ချက်စတာယူနိုက်တက် အသင်း အားပေးသူများ ဆုံစည်းရာ နေရာလေး တစ်ခုပါ..။ Myanmar Manchester Fan Club.

Leave a Reply