မြန်မာ မန်ချက်စတာယူနိုက်တက်ဖန် ဘလော့အား ကွန်မြူနတီ နှင့် ပေါင်း၍ အသစ်ထပ်မံ ဖွင့်လှစ်ထားပါသည် လက်ရှိအချိန်တွင် လိုအပ်သည်များကို ဆက်လက် ဖြည့်ဆည်းနေဆဲ ဖြစ်သော်လည်း ပိုစ့်များကို နောက်အသစ် ဖွင့်လှစ်သော www.manutdmm.com တွင်သာ ဆက်လက် ရေးသား သွားမည် ဖြစ်ကြောင်း မန်ယူဖန် များအား အသိပေးအပ်ပါသည်..။ မြန်မာမန်ချက်စတာဖန်ကလပ် သို့ သွားရန် အပေါ်မှ ပုံကို ကလစ်လုပ်ပါ သရဲနီချစ်မြတ်နိုးသူများအား ဖိတ်ခေါ်ပါတယ်
  • Match Review

  • Highlights

  • Premier League

  • Match Preview

  • Champion League

  • Player News

  • Man U News

  • Transfer News

  • Interview

  • Manchester United Club History

  • Feature

Who will be the KING of Europe

ကဲ အားလုံး စောင့်မျှော်နေတဲ့ နေ့ရက်ကိုတော့ ရောက်ရှိလို့ လာပါပြီ။ ဒီတပတ် ကြာသာပတေးမှာတော့ သရဲနီတွေ ဘာကာနဲ့ အီတလီမှာ ဘယ်သူဟာ ဘုရင်လဲ ဆိုတာ ယှဉ်ပြိုင်ကြတော့မှာ ဖြစ်ပါတယ်။ ဥရောပရဲ့ အကောင်းဆုံး ၂သင်း ယှဉ်ပြိုင်ကြမှာ ဖြစ်တဲ့အတွက် ဘယ်လောက် ကြီးကျယ် ခမ်းနား မလဲဆိုတာ ပရိတ်သတ်အားလုံး တွေ့မြင်ကြရတော့မှာ ဖြစ်ပါတယ်။


၂ သင်းလုံးဟာ မိမိတို့ရဲ့ လိဂ်ကိုယ်စီမှာ ဗိုလ်ဆွဲထားတဲ့ အသင်းတွေပဲ ဖြစ်ပါတယ်။ ၂သင်းလုံးဟာ အသင်းကြီးတွေ ဖြစ်တာနဲ့အညီ တိုက်စစ်၊ အလယ်တန်း၊ ခံစစ် ဘယ်သူဘယ်ဝါ သာတယ်ဆိုတာ ပြောဖို့ရာ တော်တော့ကို ခက်ခဲတဲ့ ကိတ်စဖြစ်ပါတယ်။ ၄င်းတို့ရဲ့ လိဂ်တွေက သွင်းဂိုးတွေနဲ့ ယှဉ်ရင်တော့ ဂိုး ၁၀၀ ကျော်သွင်းထားတဲ့ ဘာကာတိုက်စစ်က ၃၇ ဂိုးကျော်ကျော်သာ သွင်းထားတဲ့ မန်ယူတိုက်စစ်ထက် ပိုကောင်းတယ်လို့ ပြောရပါမယ်။ ခံစစ်ပိုင်းချင်း ယှဉ်ရင်တော့ ၂၄ ဂိုးသာပေးထားရတဲ့ သရဲနီတွေက ၃၃ ပေးထားရတဲ့ ဘာကာ ခံစစ်ထက် ပိုလုံတယ်ဆိုတာ ပြနေပါတယ်။ နည်းပြချင်းယှဉ်ရင်တော့ အတွေ့အကြုံများတဲ့ ဖာဂီကို ဂွာဒီယိုလာ မယှဉ်နိုင်တာ အမှန်ပဲ ဖြစ်ပါတယ်။ လယ်ဗယ်တူ အနေအထား ရှိတဲ့ အသင်း ၂သင်း တွေ့ဆုံရမှာ ရလာမဲ့ အခွင့်အရေးကို ထိထိရောက်ရောက် ပိုမို အသုံးချနိုင်တဲ့ အသင်းကသာ ဗိုလ်ဆွဲသွားနိုင်ပါလိမ့်မယ်။


အသင်း ၂ သင်းလုံးဟာ သက်ဆိုင်ရာ လိဂ်တွေမှာ ဖလား ၂ လုံးစီ ယူပီးကြတဲ့အတွက် ဘယ်သူက ၃ လုံးမြောက်ဖလားကို အရယူနိုင်မလဲ .. ဘယ်အသင်းက ဥရောပရဲ့ အကောင်းဆုံး ဘောလုံးအသင်းဆိုတာ သက်သေပြနိုင်မလဲ .. ဘယ်အသင်းက ကစားသမားတွေဟာ အကောင်းဆုံး ဖြစ်မလဲ .. ဘယ်နည်းပြက အကောင်းဆုံးလဲ .. ဘယ်သူတွေက သမိုင်းမှာ မော်ကွန်းသစ်တွေ ရေထိုးကြမှာလဲ .. စတာတွေကိုတော့ လာမဲ့ ၂၇ ရက်နေ့ အီတလီမြေမှာ ယှဉ်ပြိုင် ကစားမဲ့ မန်ချက်စတာ ယူနိုက်တက် နဲ့ ဘာစီလိုနာအသင်းတို့ရဲ့ ပွဲမှာ ကြည့်ရှုကြပါလို့။


Filed Under: ,

About the Author

မြန်မာလူမျိုး မန်ချက်စတာယူနိုက်တက် အသင်း အားပေးသူများ ဆုံစည်းရာ နေရာလေး တစ်ခုပါ..။ Myanmar Manchester Fan Club.

Leave a Reply