မြန်မာ မန်ချက်စတာယူနိုက်တက်ဖန် ဘလော့အား ကွန်မြူနတီ နှင့် ပေါင်း၍ အသစ်ထပ်မံ ဖွင့်လှစ်ထားပါသည် လက်ရှိအချိန်တွင် လိုအပ်သည်များကို ဆက်လက် ဖြည့်ဆည်းနေဆဲ ဖြစ်သော်လည်း ပိုစ့်များကို နောက်အသစ် ဖွင့်လှစ်သော www.manutdmm.com တွင်သာ ဆက်လက် ရေးသား သွားမည် ဖြစ်ကြောင်း မန်ယူဖန် များအား အသိပေးအပ်ပါသည်..။ မြန်မာမန်ချက်စတာဖန်ကလပ် သို့ သွားရန် အပေါ်မှ ပုံကို ကလစ်လုပ်ပါ သရဲနီချစ်မြတ်နိုးသူများအား ဖိတ်ခေါ်ပါတယ်
  • Match Review

  • Highlights

  • Premier League

  • Match Preview

  • Champion League

  • Player News

  • Man U News

  • Transfer News

  • Interview

  • Manchester United Club History

  • Feature

ပေါစကိုးလ် အနားယူဖို့ စကားစ



မန်ယူနိုက်တက်ရဲ့ လက်ရှိ ကစားဆဲ ဂန္တ၀င် ကစားသမားဖြစ်တဲ့ ပေါစကိုး Paul Scholes အနားယူဖို့ ပြီးခဲ့တဲ့ သတင်းမီဒီယာတွေကို ပြောကြားချက်မှာ စကားစခဲ့တယ်လို့ ဆိုပါတယ်။ ပွဲပေါင်း ၆၄၀ ကစားခဲ့ပြီး ဂိုးပေါင်း ၁၄၂ သွင်းပေးခဲ့တဲ့  စကိုး က -


နောက်နှစ်ပြီးရင် အနားယူဖို့ စဉ်းစားထားပါတယ်။ စာချုပ်ထဲမှာ တစ်နှစ်စာကျန်နေသေးပေမဲ့ ဒီနှစ်ကတော့ သိပ်ကျေနပ်စရာမကောင်းဘူး။ ဆိုတော့ နောက်နှစ်ပိုကောင်းလာမလားဆို တာကိုလည်း ကျွန်တော်တော့ မသိနိုင်ဘူး။


ဒီနှစ် ဒူးဒဏ်ရာ နဲ့ သုံးလ နားခဲ့ရတယ်။ လောလောဆယ် နှစ်တိုင်းသုံးလ အင်ဂျူရီ ကြောင့် အမြဲနားနေလို့   ပွဲ တွေပါချင်သလောက်မပါနိုင်ဘူး။ နေ့ တိုင်းလိုလို ဒူးကနာသလိုလို ဆိုတော့ အသက်အရွယ်က စကားပြောလာပြီ လေ။ နာနေတာ မပျောက်တော့ဘူးဆိုပေမဲ့ နာတာကိုပဲ အကျင့်လိုဖြစ်ပြီး သိတောင်မသိနိုင်တော့ပါဘူး။ ဒါပေမဲ့ အဲ့လိုမျိုးလဲ မျက်နှာလွဲပြီး နေလို့ မှမရတာ။


ဒီနှစ်အတွင်း ဒူးဒဏ်ရာကြောင့် ၀င်လိုက် ထွက်လိုက်နဲ့ အတော်လေးကို  ဒုက္ခ ရောက်ခဲ့တာ။ ၁၀ ရက်တွင်းမှာ ၁ ပွဲလောက် ကစားနိုင်တာပဲ ကြည့်။


ဒါ ကို သူများတွေအတွက်က အဆင်ပြေပြီး ဆက်ကစားဖို့ ဖြစ်နိုင်ပေမဲ့ ကျွန်တော့်အတွက်တော့ မပာုတ်ဘူးဗျာ။


 


လို့ သူကဆိုထားပါတယ်။ ပေါစကိုးက မန်ယူနိုက်တက်အတူ ပြည်တွင်းအမှတ်ပေးလိဂ်ဖလား ၉ ခု၊ အက်ဖ်အေဖလား ၃ ခု၊ လိဂ်ဖလား ၂ ခု၊ ကောမြူနတီရှီး ၅ ခု၊ ချန်ပီယံလိဂ်ဖလား ၂ ခု (မနက်ဖြန်အထိ)၊ အင်တာနေရှင်နယ် ဖလား ၁ ခု နဲ့ ဖီဖာ ကမ္ဘာ့  ကလပ် ဖလား ၁ ခု၊ စုစုပေါင်း ဖလားအရေအတွက် ၂၃ ခု ရယူခဲ့ ပြီး PFA Team Of The Year ဆုနဲ့ English Football Hall of Fame ကိုလည်း မန်ယူနိုက်တက်ကစား သမားအနေနဲ့ ရခဲ့သူပါ။


၁၉၉၁ ခုနှစ်က ယူနိုက်တက်မှာ စတင်ကစားခဲ့ ပြီး သူ ရဲ့သပ်ရပ်လှပတဲ့  လူပေးဘောတွေ ကြောင့် ဂျင်ဂျာ မင်းသား (Ginger Prince) ဆိုပြီး ပရိတ်သတ်အကြားနာမည်ရခဲ့တဲ့ စကိုးလီဆေး (Scholesy) တယောက် ထွက်ခွာဖို့ စကားစတင်နေပြီ ဖြစ်တဲ့အတွက် စိတ်မကောင်းစရာ သတင်းပါပဲ။


 မန်ဂျာအနေနဲ့ ဘောလုံးလောကမှာ ဆက်လှုပ်ရှားဖို့ ဆန္ဒရှိပေမဲ့ နည်းပြ နေနဲ့ ဘာဆက်ဖြစ်မလဲဆိုတာကို အရင် အာရုံထားဖို့ သူကဆိုပါတယ်။


အနည်းဆုံတော့ ကျွန်တော်တို့ ချစ်တဲ့ စကိုးလ်တစ်ယောက် မန်ယူနိုက်တက်နဲ့ အတူဆက်ရှိ နေအုံးမှာဆိုတာ သိရလို့ ဖြေသာတယ်လို့ .


 

Filed Under:

About the Author

မြန်မာလူမျိုး မန်ချက်စတာယူနိုက်တက် အသင်း အားပေးသူများ ဆုံစည်းရာ နေရာလေး တစ်ခုပါ..။ Myanmar Manchester Fan Club.

Leave a Reply