မြန်မာ မန်ချက်စတာယူနိုက်တက်ဖန် ဘလော့အား ကွန်မြူနတီ နှင့် ပေါင်း၍ အသစ်ထပ်မံ ဖွင့်လှစ်ထားပါသည် လက်ရှိအချိန်တွင် လိုအပ်သည်များကို ဆက်လက် ဖြည့်ဆည်းနေဆဲ ဖြစ်သော်လည်း ပိုစ့်များကို နောက်အသစ် ဖွင့်လှစ်သော www.manutdmm.com တွင်သာ ဆက်လက် ရေးသား သွားမည် ဖြစ်ကြောင်း မန်ယူဖန် များအား အသိပေးအပ်ပါသည်..။ မြန်မာမန်ချက်စတာဖန်ကလပ် သို့ သွားရန် အပေါ်မှ ပုံကို ကလစ်လုပ်ပါ သရဲနီချစ်မြတ်နိုးသူများအား ဖိတ်ခေါ်ပါတယ်
  • Match Review

  • Highlights

  • Premier League

  • Match Preview

  • Champion League

  • Player News

  • Man U News

  • Transfer News

  • Interview

  • Manchester United Club History

  • Feature

Manchester United vs Porto

ကျနော်တို့ မန်ချက်စတာ ယူနိုက်တက် အသင်းဟာ ၈ ရက်နေ့ မြန်မာစံတော်ချိန် မနက် ၂း ၁၅ မှာ ပေါ်တို အသင်းကို အိမ်ကွင်းမှာ ချန်ပီယံလိဂ် ကွာတား ဖိုင်နယ် ပထမအကျော့ အဖြစ် ဧည့်ခံ ကစားရမှာ ဖြစ်ပါတယ်။ မန်ယူအသင်း အတွက် ပေါ်တိုကို အိမ်ကွင်းမှာ ဧည့်ခံ ကစားရမှာ လွယ်ကူတဲ့ အလုပ် မဟုတ်သလို၊ သိပ်မခက်တဲ့ အလုပ်လည်း ဖြစ်ပါတယ်။


မန်ယူအသင်းဟာ ချန်ပီယံလိဂ်မှာ ၂၁ ပွဲဆက် ရှုံးပွဲ မရှိသေးပါဘူး။ ရှုံးပွဲ မရှိပေမဲ့ သရေပွဲတွေ များခဲ့တာကတော့ သတိထားရမဲ့ အချက် တချက်ပဲ ဖြစ်ပါတယ်။ ဒီပွဲမှာ ဖာဒီနန် နဲ့ ဘာဘာတော့ဖ်ဟာ ဒဏ်ရာကြောင့် ပါဝင်ကစားဖို့ သေချာမှု မရှိသေးပါဘူး။ ဘာဘာတော့ဖ် မရှိတဲ့ အတွက် ဖာဂီ ဘယ်လို ကစားကွက်နဲ့ ကစားမလဲဆိုတာ စိတ်ဝင်စားစရာပါ။ သေချာတာ တခုကတော့ ၄-၅-၁ နဲ့ ကစားမယ်လို့ မထင်ပါဘူး။ တင်ကစားရမဲ့ အိမ်ကွင်းပွဲမှာ ဖာဂီ့ အနေနဲ့ ဘယ်လိုပဲ ဖြစ်ဖြစ် တိုက်စစ်မှူး ၂ ယောက် ထားကစား ပါလိမ့်မယ်။ ကွင်းလယ်မှာတော့ လူစုံပီး နောက်တန်းမှာ ဂယ်ရီနဗီးလ် ပြန်ကစားနိုင်ပါပီ။ နဗီးလ်ဘက်က ပေါက်တတ်တာကတော့ သတိထားရပါမယ်။


ပေါ်တို အနေနဲ့ကတော့ အင်ဂလန် မြေမှာ မန်ယူကို ယှဉ်ပြိုင်ဖို့ ခက်ပါလိမ့်မယ်။ အစဉ်အလာအရ ခြေစွမ်းအရ ဘယ်လိုကြည့်ကြည့် ယှဉ်နိုင်ဖွယ် မရှိပါဘူး။ ပီးခဲ့တဲ့ ပွဲတွေမှာလည်း ပေါ်တိုဟာ မန်ယူကွင်းမှာ အလွန်ဆုံး သရေသာ ကစားခဲ့တာ တွေ့ရပါတယ်။ ဒီပွဲမှာလည်း ပေါ်တို အနေနဲ့ အဝေးကွင်းမှာ သရေ ရအောင်သာ ကစားမှာ သေချာပါတယ်။ မန်ယူအနေနဲ့ ကတော့ ဒီပွဲ အနိုင်ကစား နိုင်သလို သရေလည်း ကျသွားနိုင်ပါတယ်။


ကဲ သရဲနီတွေ အောင်ပွဲ ခံကြစို့ရဲ့ဗျာ။

Filed Under: ,

About the Author

မြန်မာလူမျိုး မန်ချက်စတာယူနိုက်တက် အသင်း အားပေးသူများ ဆုံစည်းရာ နေရာလေး တစ်ခုပါ..။ Myanmar Manchester Fan Club.

Leave a Reply