မြန်မာ မန်ချက်စတာယူနိုက်တက်ဖန် ဘလော့အား ကွန်မြူနတီ နှင့် ပေါင်း၍ အသစ်ထပ်မံ ဖွင့်လှစ်ထားပါသည် လက်ရှိအချိန်တွင် လိုအပ်သည်များကို ဆက်လက် ဖြည့်ဆည်းနေဆဲ ဖြစ်သော်လည်း ပိုစ့်များကို နောက်အသစ် ဖွင့်လှစ်သော www.manutdmm.com တွင်သာ ဆက်လက် ရေးသား သွားမည် ဖြစ်ကြောင်း မန်ယူဖန် များအား အသိပေးအပ်ပါသည်..။ မြန်မာမန်ချက်စတာဖန်ကလပ် သို့ သွားရန် အပေါ်မှ ပုံကို ကလစ်လုပ်ပါ သရဲနီချစ်မြတ်နိုးသူများအား ဖိတ်ခေါ်ပါတယ်
  • Match Review

  • Highlights

  • Premier League

  • Match Preview

  • Champion League

  • Player News

  • Man U News

  • Transfer News

  • Interview

  • Manchester United Club History

  • Feature

Manchester United 3 - 2 Aston Villa

ဒီပွဲမှာ မန်ယူဟာ Macheda ရဲ့ နောက်ကျဂိုးနဲ့ အနိုင်ရ ရှိခဲ့ပါတယ်။ မိနစ် ၉၀ အထိ ၂ - ၂ သရေ ဖြစ်ခဲ့လို့ မန်ယူအသင်း ဒီတပွဲတော့ သရေလို့ ထင်မှတ် ထားချိန်မှာ နာနီ အစား လူစား ၀င်လာတဲ့ ကစားသမား အသစ်လေး Macheda က မန်ယူအတွက် အနိုင်ဂိုးကို သွင်းပေးခဲ့ပါတယ်။ ဒီဂိုး နဲ့ ဒီပွဲဟာ Macheda အတွက် ပရီးမီးယားလိဂ် ပထမဆုံးပွဲနဲ့ ဂိုးပဲ ဖြစ်ပါတယ်။


ရူနီ၊ စခိုးလ်၊ ဗီဒစ်တို့ အနီကဒ်နဲ့ ပွဲပယ်ခံရပီး ဘာဘာတော့ဖ် နဲ့ ဖာဒီနန် ဒဏ်ရာကြောင့် နားနေရတဲ့ ဒီပွဲဟာ မန်ယူအတွက် ဒီတနှစ်ထဲ အင်အား အနည်းဆုံးပါပဲ။ ရှေ့တန်းကို တီဗက်စ်နဲ့ ဂစ်စ်ကို တွဲဖက်ကာ ကစားစေခဲ့ပါတယ်။ အလယ်တန်းမှာတော့ ရော်နယ်ဒို၊ ကာရစ်၊ ဖလက်ချာ နောက်တန်းမှာ နဗီးလ်၊ အိုရှေး၊ အီဗန် နဲ့ အီဗရာ တို့ ပါဝင်ကစားခဲ့တာကို တွေ့ရပါတယ်။ အက်စတွန်ဗီလာ အသင်းမှာတော့ လူစုံနီးပါး ပါဝင်ခဲ့ပါတယ်။ ပွဲစစချင်း မန်ယူအသင်းဟာ ဗီလာကို ပြတ်ပြတ်သား ဖိမကစားနိုင်ခဲ့သလို ကွင်းလယ်မှာပဲ ဆုံးရှုံးမှု များနေတာ တွေ့ခဲ့ရပါတယ်။ ၁၄ မိနစ်ကျမှ ဗီလာ အသင်းက ဧရိယာအတွင်း လက်ထိဘော ပေးခဲ့ရပါတယ်။ ထိုဘောလုံးကို ဂစ်စ် ပေးပို့တာကို ရော်နယ်ဒိုက သွင်းယူပီး ဦးဆောင်ဂိုး သွင်းယူခဲ့ပါတယ်။ အဲ့နောက် ဗီလာက ခြေပဂိုးရရန် တော်တော်လေး ဖိကစားခဲ့ပါတယ်။ ၃၀ မိနစ်မှာ ကာရူးက ခေါင်းတိုက်ကာ ခြေပဂိုး ပြန်သွင်းယူ ခဲ့ပါတယ်။


ဒုတိယပိုင်းမှာလည်း မန်ယူအသင်း တဖက်အသင်းကို ထိထိရောက်ရောက် တိုက်စစ်မဆင်နိုင်ခဲ့ပဲ ဗီလာကသာ ဖိကစားသွားကာ ၅၇ မိနစ်မှာတော့ Agbonlahor က ဒုတိယ ဦးဆောင်ဂိုးကို သွင်းယူခဲ့ပါတယ်။ အဲ့နောက်မှာတော့ ၂ ဖက်အသင်းဟာ လူစားလဲသုံးမှုတွေနဲ့ မန်ယူအသင်း ပြန်လည် ကစားအား တက်လာခဲ့ပီး ၈၀ မိနစ်မှာ ရော်နယ်ဒိုကပဲ ခြေပဂိုးကို ပြန်လည် သွင်းယူပေးခဲ့ပါတယ်။ ပွဲဟာ သရေ နဲ့ ပြီးမလို ဖြစ်ပီးမှ အချိန်ပို ရတဲ့ ၅ မိနစ်မှာ နာနီအစား ၀င်ခဲ့တဲ့ Macheda က အနိုင်ဂိုးကို သွင်းယူကာ မန်ယူကို ချန်ပီယံလမ်းကြောင်း ပေါ်သို့ ပြန်လည် တင်ပေးခဲ့ပါတယ်။

Filed Under: ,

About the Author

မြန်မာလူမျိုး မန်ချက်စတာယူနိုက်တက် အသင်း အားပေးသူများ ဆုံစည်းရာ နေရာလေး တစ်ခုပါ..။ Myanmar Manchester Fan Club.

Leave a Reply