မြန်မာ မန်ချက်စတာယူနိုက်တက်ဖန် ဘလော့အား ကွန်မြူနတီ နှင့် ပေါင်း၍ အသစ်ထပ်မံ ဖွင့်လှစ်ထားပါသည် လက်ရှိအချိန်တွင် လိုအပ်သည်များကို ဆက်လက် ဖြည့်ဆည်းနေဆဲ ဖြစ်သော်လည်း ပိုစ့်များကို နောက်အသစ် ဖွင့်လှစ်သော www.manutdmm.com တွင်သာ ဆက်လက် ရေးသား သွားမည် ဖြစ်ကြောင်း မန်ယူဖန် များအား အသိပေးအပ်ပါသည်..။ မြန်မာမန်ချက်စတာဖန်ကလပ် သို့ သွားရန် အပေါ်မှ ပုံကို ကလစ်လုပ်ပါ သရဲနီချစ်မြတ်နိုးသူများအား ဖိတ်ခေါ်ပါတယ်
  • Match Review

  • Highlights

  • Premier League

  • Match Preview

  • Champion League

  • Player News

  • Man U News

  • Transfer News

  • Interview

  • Manchester United Club History

  • Feature

Manchester United vs Aston Villa

ဒီတပတ် ဆန်းဒေးဟာ မန်ယူအသင်းအတွက် ခက်ခဲ ကြမ်းတမ်းတဲ့ တပတ်ပဲ ဖြစ်ပါတယ်။ လီဗာပူးလ်ကို ဂိုးပြတ် ရှုံးနိမ့်ပြီး ဖူလ်ဟမ်ကို ဆက်ရှုံးခဲ့တဲ့ မန်ယူရဲ့ အနေအထားကတော့ စဉ်းစား စရာပါပဲ။ ခု ဒီတပတ်မှာ အနီကဒ်ထိထားကြတဲ့ ရူနီ၊ ဗီဒစ်၊ ပေါလ်စခိုးတို့ မပါဝင်နိုင်တာကြောင့် မန်ယူအသင်း အနေနဲ့ အားနည်းတာတော့ အမှန်ပဲ ဖြစ်ပါတယ်။ ဘာဘာတော့ဖ်ကလည်း ဒဏ်ရာက ပြန်ကောင်း မကောင်းဆိုတာ မသေချာနိုင်ပါဘူး။


ဗီလာဘက်ကြည့်တော့လည်း ဗီလာဟာ နောက်ဆုံး ငါးပွဲမှာ လေးပွဲ ရှုံးပီး ၁ ပွဲသာ သရေကျ ထားတာ တွေ့ရပါတယ်။ ဒီလို အနေအထားကြောင့် အဆင့်လေးကနေ ဆင်းပေးလိုက်ရပီ ဖြစ်ပါတယ်။ ရစ်သမ် ပျက်နေတာချင်း တူပေမဲ့ ကွင်းလယ် နောက်တန်း အားအရ မန်ယူက အသာရ နေပါ သေးတယ်။ တခု သတိထားရမှာက မန်ယူက ကစားသမား အများစုဟာ နိုင်ငံတကာပွဲတွေနဲ့  ပွဲပမ်းနေဖွယ် ရှိတာပါပဲ။


အစဉ်လာတွေနဲ့ စကားပြောမယ်ဆိုရင်တော့ မန်ယူကို ဗီလာ အိုးထရတ်ဖို့ဒ်မှာ မယှဉ်နိုင်ပါဘူး။ မန်ယူအတွက် အနိုင်ရနိုင်သလို သရေကျသွားနိုင်တဲ့ တပွဲလည်း ဖြစ်ပါတယ်။

Filed Under: ,

About the Author

မြန်မာလူမျိုး မန်ချက်စတာယူနိုက်တက် အသင်း အားပေးသူများ ဆုံစည်းရာ နေရာလေး တစ်ခုပါ..။ Myanmar Manchester Fan Club.

Leave a Reply