မြန်မာ မန်ချက်စတာယူနိုက်တက်ဖန် ဘလော့အား ကွန်မြူနတီ နှင့် ပေါင်း၍ အသစ်ထပ်မံ ဖွင့်လှစ်ထားပါသည် လက်ရှိအချိန်တွင် လိုအပ်သည်များကို ဆက်လက် ဖြည့်ဆည်းနေဆဲ ဖြစ်သော်လည်း ပိုစ့်များကို နောက်အသစ် ဖွင့်လှစ်သော www.manutdmm.com တွင်သာ ဆက်လက် ရေးသား သွားမည် ဖြစ်ကြောင်း မန်ယူဖန် များအား အသိပေးအပ်ပါသည်..။ မြန်မာမန်ချက်စတာဖန်ကလပ် သို့ သွားရန် အပေါ်မှ ပုံကို ကလစ်လုပ်ပါ သရဲနီချစ်မြတ်နိုးသူများအား ဖိတ်ခေါ်ပါတယ်
  • Match Review

  • Highlights

  • Premier League

  • Match Preview

  • Champion League

  • Player News

  • Man U News

  • Transfer News

  • Interview

  • Manchester United Club History

  • Feature

Fulham 2 - 0 Manchester United

မန်ယူအသင်းအတွက် ဒုတိယအကြိမ် ကံဆိုးတဲ့ နေ့ တနေ့ပါပဲ။ မန်ယူအသင်းဟာ ဒီနေ့ပွဲကို ဗီဒစ်ကလွဲလို့ လူစုံနီးပါး ပါဝင် ကစားခဲ့ပါတယ်။ ပွဲစကတည်းက မန်ယူအသင်း ဖိကစားနိုင်ခဲ့တာကို တွေ့ရပါတယ်။ ဒါပေမဲ့ မထင်မှတ်ပဲ ၁၇ မိနစ်မှာ ပေါလ်စခိုးလ်ဟာ မိမိအသင်း ဂိုးဧရိယာထဲမှာ တဖက်အသင်းဆီက ထွက်လာတဲ့ ဘောလုံးကို ခေါင်းခုန်တိုက်ရင်း လက်နဲ့ပုတ်သလို ဖြစ်ခဲ့တဲ့ အတွက် ဒိုင်က အနီကဒ်တန်းပြပီး ဖူလ်ဟမ် အသင်းကို ပင်နယ်တီ ပေးခဲ့ပါတယ်။ ဒီပင်နယ်တီကို မာဖီက ကန်သွင်းယူပီး ဖူလ်ဟမ် ဂိုးစရခဲ့ပါတယ်။ ပထမပိုင်းမှာတော့ ကစားကွက် အရွှေ့အပြောင်းနဲ့ ပီးဆုံး သွားခဲ့ပါတယ်။


ဒုတိယပိုင်း စတာနဲ့ မန်ယူအသင်းဟာ တယောက်လျော့နေပေမဲ့ ဖူလ်ဟမ်အသင်းက ရထားတဲ့ ဂိုးကို ကာကွယ်ဖို့ ပိတ်ကစားခဲ့တာကြောင့် တိုက်ဆစ် ဆင်ဖို့ အခွင့်အရေးရခဲ့ပါတယ်။ နောက်ခံလူတောင် သိပ်မထားပဲ တသင်းလုံး နီးပါး တက်ဖိကစားခဲ့ကြပါတယ်။ တော်တော်များများ ဂိုးရဖို့ နီးစပ်ခဲ့ပေမဲ့ ကံဆိုးလှစွာပဲ ဒီနေ့အတွက် ဂိုးကံမပါခဲ့ပါဘူး။ အဲ့အချိန်မှာပဲ တဖက်အသင်းက လူစား ၀င်လာတဲ့ ဂီယာက ၈၇ မှာ ကောင်တာ ပေါက်လာတဲ့ ဘောလုံးကို လှလှပပ သွင်းယူသွားခဲ့ပါတယ်။ ကျနော်တို့ အသင်းအတွက် ပိုဆိုးတာက ၀ိန်းရူနီဟာလည်း ၈၁ မိနစ်မှာ အ၀ါကဒ် ၈၉ မှာ အ၀ါနောက်တကဒ်နဲ့ အနီ ထိပီး ထွက်သွားခဲ့ရပါတယ်။ ဒီနေ့ ပွဲ ကိုင်တဲ့ ဒိုင်ဟာ ကြောက်မက်ဖွယ်ရာပဲ အ၀ါတွေ အနီတွေ သုံးသွားခဲ့ပါတယ်။ ၂ သင်းပေါင်း အ၀ါ ခြောက်ကဒ်နဲ့ အနီ ၂ ကဒ်ထုတ်သုံးခဲ့ပါတယ်။ တခု ခံသာတာက ဒုတိယနေရာမှာလိုက်နေတဲ့ ချဲလ်ဆီးအသင်းဟာ စပါးအသင်းကို အဝေးမှာ ရှုံးနိမ့်သွားခဲ့ပါတယ် .. ဒါကြောင့် ဒီနေ့ လီဗာပူးလ်ပွဲကို ဆက်စောင့်ကြည့်ရပါဦးမယ်။ မန်ယူအသင်းဟာ ခြေချော်လို့ မရတဲ့ အခြေအနေဖြစ်နေပါပီ။


ဖူလ်ဟမ် - J.Pantsil, C.Dempsey


မန်ယူ - Evan, Evra, Ronaldo, Roony (၂၀ါ တနီ)၊ Scholes(red)

Filed Under: ,

About the Author

မြန်မာလူမျိုး မန်ချက်စတာယူနိုက်တက် အသင်း အားပေးသူများ ဆုံစည်းရာ နေရာလေး တစ်ခုပါ..။ Myanmar Manchester Fan Club.

Leave a Reply