မြန်မာ မန်ချက်စတာယူနိုက်တက်ဖန် ဘလော့အား ကွန်မြူနတီ နှင့် ပေါင်း၍ အသစ်ထပ်မံ ဖွင့်လှစ်ထားပါသည် လက်ရှိအချိန်တွင် လိုအပ်သည်များကို ဆက်လက် ဖြည့်ဆည်းနေဆဲ ဖြစ်သော်လည်း ပိုစ့်များကို နောက်အသစ် ဖွင့်လှစ်သော www.manutdmm.com တွင်သာ ဆက်လက် ရေးသား သွားမည် ဖြစ်ကြောင်း မန်ယူဖန် များအား အသိပေးအပ်ပါသည်..။ မြန်မာမန်ချက်စတာဖန်ကလပ် သို့ သွားရန် အပေါ်မှ ပုံကို ကလစ်လုပ်ပါ သရဲနီချစ်မြတ်နိုးသူများအား ဖိတ်ခေါ်ပါတယ်
  • Match Review

  • Highlights

  • Premier League

  • Match Preview

  • Champion League

  • Player News

  • Man U News

  • Transfer News

  • Interview

  • Manchester United Club History

  • Feature

Manchester United vs Liverpool

ရပ်တန့်မဲ့သူ မပေါ်သေးတဲ့ ကျနော်တို့ သရဲနီ တွေဟာ ဒီတပတ်အိမ်ကွင်းမှာ လီဗာပူးလ် (ကြိုးကြာနီ) တွေကို ဧည့်ခံရမှာ ဖြစ်ပါတယ်။ ဒီပွဲဟာ မန်ယူအသင်းအတွက် အရေးပါတဲ့ ပွဲတပွဲဖြစ်သလို ကြိုးကြာနီတွေအတွက်လည်း ချန်ပီယံ မျှော်လင့်ခွင့် နောက်ဆုံး အခွင့်အရေးပါ။ ၂သင်းတွေ့တိုင်း ယှဉ်ပြိုင်မှု ပြင်းထန်လွန်းတဲ့ အတွက် ဒီပွဲဟာလည်း ပွဲကောင်းတပွဲ ဖြစ်လာဦးမှာ အမှန်ပါပဲ။


မန်ယူအသင်းဟာ ပထမအကျော့က လီဗာပူးလ် အိမ်ကွင်းမှာ ရှုံးနိမ့်ထားတဲ့ အတွက် ဒီပွဲကို အထူး အာရုံစိုက်ကစားမှာ မလွဲပါဘူး။ လက်ရှိ မန်ယူအသင်း အနေနဲ့ နည်းဗျူဟာ၊ ကစားသမားတွေရဲ့ စိတ်ဓာတ်၊ Team Work တွေဟာ အကောင်းဆုံး အနေအထားမှာ ရှိနေပါတယ်။ ပီးခဲ့တဲ့ အပတ်က အင်တာလို အသင်းကြီး တသင်းကို ၂ ဂိုး ဂိုးမရှိနဲ့ အနိုင်ယူ နိုင်သလို ပွဲစဉ်တော်တော်များများမှာလည်း ရှုံးပွဲ မရှိသေးပဲ အောင်ပွဲ ခံနေတာကို တွေ့ရမှာဖြစ်ပါတယ်။ အစဉ်အလာ အရ ကြည့်ရင်လည်း ပထမအကျော့ အဝေးကွင်းမှာ ရှုံးတာကလွဲလို့ ဒီနှစ်ပိုင်းတွေမှာ လီဗာပူးလ်ဟာ မန်ယူအသင်းကို မယှဉ်နိုင်သေးပါဘူး။ မန်ယူအတွက် အဓိက စိုးရိမ်ရတာက ခုချိန်ထိ ဒဏ်ရာရ ကစားသမားတွေ ရှိနေတာပါပဲ။


လီဗာပူးလ် အနေနဲ့ကတော့ ရီးရဲကို ဂိုးပြတ်အနိုင်ရထားပီး အထူးပဲ စိတ်ဓာတ်တက်ကြွနေတဲ့ အချိန်ပါ။ မန်ယူအသင်း ဒဏ်ရာသမားတွေနဲ့ ပြည့်နေချိန်မှာ လီဗာပူးလ်အသင်းကတော့ နားနေတဲ့ လူတချို့ ပြန်ပါလာနိုင်ဖွယ် ရှိပါတယ်။ ဒါပေမဲ့ ဂျာရတ်နဲ့ တောရက်စ်တို့ ၂ ယောက်သာ ပုံမှန် ခြေမှန်တဲ့ အသင်းမျိုးအနေနဲ့ တသင်းလုံး ညီနေတဲ့ မန်ယူအသင်းကို အနိုင်ရဖို့ ခက်ခဲနိုင်ပါတယ်။ ဘင်နီတက်စ် ဘယ်လို အကွက်ရွှေ့မယ် ဆိုတာကတော့ စောင့်ကြည့်ရမှာပါ။


အချုပ်ဆိုရင် .. ဒီနှစ်မှာ အိမ်ကွင်း ရှုံးပွဲမရှိ အိမ်ကွင်းပေးဂိုး ငါးဂိုးသာ ရှိပီး အိမ်ကွင်း ရလဒ်အထူးကောင်းမွန်နေတဲ့ မန်ယူအသင်း၊ ရပ်တန့် မရနိုင်တော့တဲ့ အသင်းလို့ ဟစ်ကြွေးနေတဲ့ ကျနော်တို့ မန်ယူအသင်းကို ကြိုးကြာနီတွေ ရပ်တန့်နိုင်ပါ့မလား ဆိုတာကို မြန်မာစံတော်ချိန် ၇း၁၅ မှာ စောင့်မျှော်ကြည့်ကြပါစို့။

Filed Under: ,

About the Author

မြန်မာလူမျိုး မန်ချက်စတာယူနိုက်တက် အသင်း အားပေးသူများ ဆုံစည်းရာ နေရာလေး တစ်ခုပါ..။ Myanmar Manchester Fan Club.

Leave a Reply