မြန်မာ မန်ချက်စတာယူနိုက်တက်ဖန် ဘလော့အား ကွန်မြူနတီ နှင့် ပေါင်း၍ အသစ်ထပ်မံ ဖွင့်လှစ်ထားပါသည် လက်ရှိအချိန်တွင် လိုအပ်သည်များကို ဆက်လက် ဖြည့်ဆည်းနေဆဲ ဖြစ်သော်လည်း ပိုစ့်များကို နောက်အသစ် ဖွင့်လှစ်သော www.manutdmm.com တွင်သာ ဆက်လက် ရေးသား သွားမည် ဖြစ်ကြောင်း မန်ယူဖန် များအား အသိပေးအပ်ပါသည်..။ မြန်မာမန်ချက်စတာဖန်ကလပ် သို့ သွားရန် အပေါ်မှ ပုံကို ကလစ်လုပ်ပါ သရဲနီချစ်မြတ်နိုးသူများအား ဖိတ်ခေါ်ပါတယ်
  • Match Review

  • Highlights

  • Premier League

  • Match Preview

  • Champion League

  • Player News

  • Man U News

  • Transfer News

  • Interview

  • Manchester United Club History

  • Feature

ရပ်တန့် မရနိုင်တော့တဲ့ အသင်းလား ..

ဒီနေ့ ဒီပွဲ ကြည့်အပြီးမှာ ကျနော်တို့ အသင်း အောင်မြင်မှု အတွက် ကျနော် တကယ်ပဲ တုန်လှုပ်နေပါပီ။ ခုချိန်ဆို ကျနော်တို့ အသင်းဟာ ချန်ပီယံလိဂ် ဖလားရဲ့ လက်တကမ်း အကွာကို ရောက်ရှိ လာပီ ဖြစ်ပါတယ်။ မန်ယူအသင်းဟာ တကယ်ပဲ အောင်မြင်မှုတွေကို ရပ်တန့်လို့ မရနိုင်တော့တဲ့ အသင်းလား လို့ မေးရပါတော့မယ်။ ဒီနေ့ ဒီပွဲ အတွက် တကယ်ပဲ ဂုဏ်ယူမိသလို အားလဲ ရမိပါရဲ့။


ရူနီ၊ဘာဘာတော့ဖ်၊ ဂစ်စ်၊ စခိုးလ်၊ ကာရစ်၊ ရော်နယ်လ်ဒို၊ အီဗရာ၊ ဗီဒစ်၊ ဖာဒီနန်၊ အိုရှေး တို့နဲ့ ပွဲထွက်ခဲ့တဲ့ မန်ယူဟာ တကယ့်ကိုပဲ လူစုံ တက်စုံပါပဲ။ တကယ့်ကို အောင်မြင်မှုဆီ လှမ်းနေတဲ့ အသင်းတသင်း၊ ဖာဂီကြီး ရွေးတဲ့ လူတွေဟာ ကွက်တိ အသုံးဝင်တယ် ဆိုတာကိုတော့ အင်တာရဲ့ ပေါ့လျော့မှု ကြောင့် လွတ်နေတဲ့ ဗီဒစ်က ၄ မိနစ်မှာပဲ ဂစ်စ်ပေးတဲ့ ထောင့်ကန်ဘောကနေ လှလှပပ ခေါင်းတိုက်ကာ သွင်းယူခဲ့ပါတယ်။ ၁၆ မိနစ်မှာလည်း ဂိုးရနိုင်ခွင့် ရှိခဲ့ပေမဲ့ လွဲချော်ခဲ့ရပါတယ်။ ၂၈ မိနစ်မှာ အိုရှေး အပိုင်ဂိုးကို မသွင်းယူနိုင်ခဲ့သလို ပထမပိုင်းပီးခါနီး ကစားအား တင်ကစား ခဲ့တဲ့ အင်တာရဲ့ မိုဗစ်ခ်ျဟာ တော်တော်လေး အစွမ်းပြခဲ့ပါတယ်။ ၃၈ မိနစ်မှာ ဘာလိုတယ်လီ ထောင်ပေးတဲ့ ပြစ်ဒဏ်ဘောကနေ မိုဗစ်ခ်ျ သွင်းယူတာဟာ မန်ယူအသင်းဂိုးရဲ့ ဘားကို ထိခဲ့လို့သာ မန်ယူ ခြေပဂိုး မပေးခဲ့ရတာဖြစ်ပါတယ်။


ဒုတိယပိုင်းမှာ ၂ဘက်အသင်းဟာ ကစားအားကို ပိုမြှင့်တင်ကာ ကစားခဲ့ပါတယ်။ ၄၉ မိနစ်မှာ ရူနီ လှလှပပ ပေးပို့တဲ့ ဖြတ်ဘောကနေ ရော်နယ်လ်ဒို က အပိုင် ခေါင်းတိုက်ကာ ဒုတိယမြောက် ဦးဆောင်ဂိုးကို သွင်းယူခဲ့ပါတယ်။ ဒီဂိုးဟာ တကယ့်ကိုပဲ လှပ ခဲ့ပါတယ် ရူနီရဲ့ လှပတဲ့ ဖြတ်ဘော ဒိုလေးရဲ့ အပိုင်တိုက်သွင်းမှုတွေဟာ ဒီတပတ်အတွက် အကောင်းဆုံး ဂိုးတဂိုး ဖြစ်လာမှာပါ။ အဲ့နောက်မှာတော့ မော်ရင်ဟိုဟာ အက်ဒရီယာနိုကို ထည့်သွင်းကာ ပိုမို တိုက်စစ်အားမြင့်တင်ခဲ့ပါတယ်။ အက်ဒရီယာနိုဟာ သူ့ကို စောစောထည့်သုံးသင့်တယ်ဆိုတာ ၀င်လာပီး သိပ်မကြာခင်မှာ ကမ်ဘီယာဆို ပို့ပေးတဲ့ ဘောလုံးကို ရရာအနေအထားကနေ ကန်သွင်းခဲ့ရာမှာ ဘောလုံးဟာ မန်ယူဂိုးတိုင်ကို ထိကာ မန်ယူအသင်းကို ခြိမ်းခြောက်ကာ သက်သေပြခဲ့ပါတယ်။ ၆၉ မိနစ်မှာတော့ စခိုးလ်အစား အန်ဒါဆင် ၀င်လာခဲ့သလို တဘက်အသင်းကလည်း လူးဝစ်စ်ဖီဂို ၀င်လာခဲ့ပါတယ်။ ဒါပေမဲ့ပွဲဟာ သိသိသာသာ မပြောင်းလဲသွားပဲ မန်ယူအသင်းဟာ အိမ်ကွင်းမှာ အင်တာကို ၂ ဂိုး ဂိုးမရှိနဲ့ အနိုင်ရရှိကာ နောက်တဆင့် ကို တက်ရောက်သွားပီ ဖြစ်ပါတယ်။


ကဲ ကျတော်တို့အသင်းဟာ တကယ်ပဲ ရပ်တန့်လို့ မရတော့ဘူးလား။ စကားမစပ် သင်္ဘောပေါ်မှာ ဒီနေ့ပွဲဟာ Mess Room အပြည့်နီးပါး အားပေး ခဲ့ ကြပါတယ်။ မနေ့က ပွဲကန်တုန်းက ခြောက်ကပ်နေတဲ့ mess room ဟာ ဒီနေ့ပြည့်လာတာ မန်ယူအသင်းဟာ ပရိတ်သတ် ဘယ်လောက်များလဲ ဆိုတာ ဖော်ပြခဲ့တာပါပဲ :P။ ဘာပဲ ဖြစ်ဖြစ် မိုးသောက်ယံကတော့ သိပ်ပျော်နေပါတယ် :)။

Filed Under: , ,

About the Author

မြန်မာလူမျိုး မန်ချက်စတာယူနိုက်တက် အသင်း အားပေးသူများ ဆုံစည်းရာ နေရာလေး တစ်ခုပါ..။ Myanmar Manchester Fan Club.

Leave a Reply