မြန်မာ မန်ချက်စတာယူနိုက်တက်ဖန် ဘလော့အား ကွန်မြူနတီ နှင့် ပေါင်း၍ အသစ်ထပ်မံ ဖွင့်လှစ်ထားပါသည် လက်ရှိအချိန်တွင် လိုအပ်သည်များကို ဆက်လက် ဖြည့်ဆည်းနေဆဲ ဖြစ်သော်လည်း ပိုစ့်များကို နောက်အသစ် ဖွင့်လှစ်သော www.manutdmm.com တွင်သာ ဆက်လက် ရေးသား သွားမည် ဖြစ်ကြောင်း မန်ယူဖန် များအား အသိပေးအပ်ပါသည်..။ မြန်မာမန်ချက်စတာဖန်ကလပ် သို့ သွားရန် အပေါ်မှ ပုံကို ကလစ်လုပ်ပါ သရဲနီချစ်မြတ်နိုးသူများအား ဖိတ်ခေါ်ပါတယ်
  • Match Review

  • Highlights

  • Premier League

  • Match Preview

  • Champion League

  • Player News

  • Man U News

  • Transfer News

  • Interview

  • Manchester United Club History

  • Feature

Manchester United 1 - 4 Liverpool

မန်ယူအသင်းဟာ ဒီနေ့ပွဲကို တီဗက်စ်၊ ရူနီ၊ ပတ်ခ်၊ အန်ဒါဆင်၊ ကာရစ်၊ ရော်နယ်လ်ဒို၊ အီဗရာ၊ ဗီဒစ်၊ ဖာဒီနန်၊ အိုရှေး တို့နဲ့ ၄-၄-၂ ကစားကွက် ခင်းကာ ကစားခဲ့ပါတယ်။ လီဗာပူးလ်အသင်းကတော့ ရစ်သမ်မိနေတဲ့ မန်ယူအသင်း ကွင်းလယ်ကို ချုပ်ကစားဖို့ရာ တောရက်စ် တယောက်တည်းကို အထောင် ထားပီး ၄-၅-၁ နဲ့ ကစားခဲ့တာကို တွေ့ရပါတယ်။ ဒီပွဲဟာ ပရီးမီးယားအတွက် ဖိုင်နယ်ပွဲစဉ်လို့ ပြောရလောက်အောင်ပဲ ဒီပွဲ အပြီးမှာ ချန်ပီယံသေချာတာနဲ့ ချန်ပီယံ မျှော်လင့်ချက်ဆိုတာ သေချာသလောက် ဖြစ်နိုင်တဲ့ ပွဲမို့ ၂ ဖက်အသင်းဟာ သေချာ ပြင်ဆင်ကစားခဲ့ပါတယ်။


ပွဲစတာနဲ့ ၂ဘက်အသင်း အပြန်အလှန်ကစားခဲ့ကြပီး .. မန်ယူအသင်းဟာ တဖက်အသင်းကို အိမ်ရှင်ပီပီ ဖိအားပေး ကစားခဲ့တာကို တွေ့ရပါတယ်။ ၃ မိနစ်မှာ ဒိုလေး ချပေးတဲ့အလုံးကို ပတ်ခ် အပိုင် ပိတ်ခွင့်ရပေမဲ့ နောက်ခံလူနှင့် ထိကာ ထောင့်ကန်ဘော ဖြစ်ခဲ့ရပါတယ်။ လီဗာပူးလ်အသင်းဟာ အဝေးကွင်းမှာ မန်ယူအသင်းကို ပိတ်ကစားခြင်းမဟုတ်ပဲ သူတပြန်ကိုယ်တပြန် တိုက်စစ်ဆင် ကစားခဲ့တာကြောင့် ပွဲဟာ အတော်လေး မြိုင်ခဲ့ပါတယ်။ မကြာခဏဆိုသလို တောရက်စ်ဟာ အခွင့်အရေး ရပေမဲ့ အပိုင် အသုံးချနိုင်ခြင်းတော့ မရှိခဲ့ပါဘူး။ ၂၃ မိနစ်မှာတော့ ပတ်ခ်ဂျီဆန်ကို ဂိုးဧရိယာအတွင်း ရိန်နာက ပတ်ခ်ကို ဆွဲလှဲသလို ဖြစ်ခဲ့တာကြောင့် ပင်နယ်တီ ပေးခဲ့ရပါတယ်။ ဒီပင်နယ်တီကိုတော့ ရော်နယ်ဒိုလ်က အပိုင်ကန် သွင်းပီး မန်ယူအတွက် ဦးဆောင်ဂိုး ရယူခဲ့ပါတယ်။ သိပ်မကြာခင်မှာပဲ လီဗာပူးနောက်တန်းမှ ပေးပို့တဲ့ အမြင့်ဘောမှ တဆင့် တောရက်စ်ဟာ နောက်ခံလူ ဗီဒစ်ကို ကျော်ပီး လှလှပပ ပြန်လည် ခြေပဂိုးသွင်းယူခဲ့ပါတယ်။  အဲဒီနောက်မှာတော့ ၂ ဖက်အသင်းဟာ တိုက်စစ်အဟုန်ကို ပိုမြင့်တင် ကစားခဲ့ပါတယ်။ ၄၁ မိနစ်မှာ ကာရစ် ၁၈ ကို အပြင်က အပြင်း ကန်သွင်းခဲ့ပေမဲ့ ဂိုးဘားပေါ် ကျော်ထွက်သွားခဲ့ပါတယ်။ ၄၃ မိနစမှာ ဂျာရတ် ဆွဲလာတဲ့ ဘောလုံးကို အီဗရာ ဖြတ်တာကြမ်းတဲ့အတွက် ဒိုင်က ပင်နယ်တီ ပြန်ပေးခဲ့ပါတယ်။ ဒီပင်နယ်တီကို ဂျာရတ်က ပဲ ပြန်သွင်းယူပီး ၂ - ၁ နဲ့ ပထမပိုင်း အပီးမှာ ဦးဆောင်နေခဲ့ပါတယ်။


ဒုတိယပိုင်းမှာတော့ လီဗာပူးလ်အသင်းဟာ တိုက်စစ်ထက် ရထားတဲ့ ဂိုးကို ထိန်းဖို့အတွက် ခံစစ်ကို ဦးစားပေးကစားခဲ့ပါတယ်။ ဒီအတွက် မန်ယူအသင်း ထိုးဖောက်ခွင့်၊ ဂိုးသွင်းခွင့်တွေ ရခဲ့ပေမဲ့ တဖက် ဂိုးသမား ကောင်းလွန်းနေတာကြောင့် ခြေပဂိုးသွင်းယူနိုင်ခြင်း မရှိခဲ့ပါဘူး။ ၇၃ မိနစ်မှာတော့ ဖာဂီဟာ ဂစ်စ်၊ စခိုးလ်၊ ဘာဘာတော့ဖ်တို့ကို အစားထိုးသွင်းကာ ခြေပဂိုးသွင်းနိုင်ဖို့ ကြိုးစားခဲ့ပါတယ်။ သို့ပေမဲ့ မထင်မှတ်ပဲ ၇၅ မိနစ်မှာ နီဂျာမန်ဗီဒစ်ဟာ ဂျာရတ်ကို ဆွဲလှဲ တဲ့အတွက်အနီကဒ်ဖြင့် အထုတ်ခံရပီး ဆက်တိုက်ဆိုသလို ၇၇ မိနစ်မှာ Aurelio က ဖရီးကစ်မှ တဆင့် လီဗာပူးလ်အတွက် တတိယဂိုးကို သွင်းယူခဲ့ပါတယ်။ ၈၀ မှာ လီဗာပူးလ်ဟာ တောရက်စ် နဲ့ ဘာဘယ်ကို အစားထိုးခဲ့ပါတယ်။ ၈၅ မိနစ်မှာ ဘာဘယ် ချပေးတဲ့ ဘောလုံးကို ဂျာရတ်ဟာ လွဲချော်ခဲ့ပါတယ်။ အချိန်ပိုပေးတဲ့ ၂ မိနစ်မှာ ဒိုစီအာ ဟာ ပထမဆုံး တောရက်စ်သွင်းယူသလိုပဲ မန်ယူနောက်ခံလူတွေ အရှေ့ရောက်နေတာ အခွင့်ကောင်းယူပီး ဟိုးနောက်က ပို့ပေးတဲ့ ဘောလုံးကို အပိုင် ပိတ်သွင်းသွားပါတယ်။ ဒီလိုနဲ့ပဲ မန်ယူအသင်းဟာ ခြေပဂိုး သွင်းယူနိုင်ခြင်း မရှိပဲ အိမ်ကွင်းမှာ လီဗာပူးလ် အသင်းကို ထပ်မံ အရှုံးပေးလိုက်ရပါတယ်။


ကျနော့အမြင်


ဒီပွဲဟာ တကယ့်ကိုပဲ မထင်မှတ်စရာကောင်းပါတယ်။ အိမ်ကွင်းမှာ ဒီလို ဂိုးပြတ်ရှုံးဖို့ဆိုတာ လုံးဝ မမျှော်လင့်ခဲ့ပါဘူး။ လီဗာပူးလ်ဟာ မန်ယူရဲ့ စံချိန်ကို ရပ်တန့်ခဲ့တာပဲ ဖြစ်ပါတယ်။ ဒါပေမဲ့ ဒါဟာ ကျနော်တို့အတွက် ဖလား ဆုံးရှုံးသွားရတာ မဟုတ်သေးပါဘူး။ ခုချိန်ထိ တပွဲလျော့ လေးမှတ် သာနေပါသေးတယ်။ ဒါကြောင့် နောက်ပိုင်းပွဲတွေ အမှားအယွင်းမထပ်မလုပ်ပဲ ကစားနိုင်မယ်ဆိုရင် ဒီရာသီ ဖလားဟာ ကျနော်တို့ အတွက်ပါပဲ။ ဒီပွဲအတွက် ကျနော်ကတော့ စိတ်ပျက်တယ်ဟေးးးးးးးးးးးးးးးးး ..


Filed Under: ,

About the Author

မြန်မာလူမျိုး မန်ချက်စတာယူနိုက်တက် အသင်း အားပေးသူများ ဆုံစည်းရာ နေရာလေး တစ်ခုပါ..။ Myanmar Manchester Fan Club.

Leave a Reply