မြန်မာ မန်ချက်စတာယူနိုက်တက်ဖန် ဘလော့အား ကွန်မြူနတီ နှင့် ပေါင်း၍ အသစ်ထပ်မံ ဖွင့်လှစ်ထားပါသည် လက်ရှိအချိန်တွင် လိုအပ်သည်များကို ဆက်လက် ဖြည့်ဆည်းနေဆဲ ဖြစ်သော်လည်း ပိုစ့်များကို နောက်အသစ် ဖွင့်လှစ်သော www.manutdmm.com တွင်သာ ဆက်လက် ရေးသား သွားမည် ဖြစ်ကြောင်း မန်ယူဖန် များအား အသိပေးအပ်ပါသည်..။ မြန်မာမန်ချက်စတာဖန်ကလပ် သို့ သွားရန် အပေါ်မှ ပုံကို ကလစ်လုပ်ပါ သရဲနီချစ်မြတ်နိုးသူများအား ဖိတ်ခေါ်ပါတယ်
  • Match Review

  • Highlights

  • Premier League

  • Match Preview

  • Champion League

  • Player News

  • Man U News

  • Transfer News

  • Interview

  • Manchester United Club History

  • Feature

Fulham vs Manchester United

ပြီးခဲ့တဲ့ လီဗာပူးလ်နဲ့ပွဲမှာ မန်ယူအသင်းဟာ ရှုံးနိမ့်ခဲ့ ရတာမို့ ဒီအရှုံးဟာ ချန်ပီယံဖလား ကိုင်မြောက်ရေး အတွက် အပြောင်းအလဲ တရပ်အဖြစ် မီဒီယာ တွေက ဖွနေကြပြီ ဖြစ်ပါတယ်။ ဒါကြောင့် မန်ယူအသင်းဟာ ဒီပွဲမှာ သေချာ အာရုံစိုက် ကစားလိမ့်မယ်လို့ မျှော်လင့်ရပါတယ်။ နောက်ပြီး ယခု အခြေအနေဟာ ဘယ်နှစ်တွေကမှနဲ့ မတူ ဖလား အားလုံး ရနိုင်ဖွယ် ရှိနေတာမို့ ဖာဂူဆန်နဲ့ သရဲနီ အသင်းသားတွေ ပေါ့ပျက်ပျက် လုပ်မယ်လို့ မထင်မိပါဘူး။


မန်ယူအသင်းအနေနဲ့ ခု နှစ်ပိုင်း နောက်ဆုံး ဆယ်ကြိမ် ဖူလ်ဟမ်အသင်းနဲ့ တွေ့ရမှာ အနိုင်ရရှိထားတာကို တွေ့ရပါတယ်။ ပြီးခဲ့တဲ့ အကျော့ အိမ်ကွင်းမှာ ကစားခဲ့တုန်းက ဂိုးပြတ် အနိုင်ရထားသလို အက်ဖ်အေမှာလည်း ဖူလ်ဟမ်ကို နှိပ်ကွပ်ထားပါတယ်။ နောက်ခံလူသမားတွေ ဒဏ်ရာရ အနားယူ နေရတဲ့ အချိန်မှာ ဗီဒစ်ပွဲပယ်ခံရတာဟာ ဖာဂီအတွက် ခေါင်းခြောက်စေမှာ ဖြစ်ပါတယ်။ တခုက ဖူလ်ဟမ်ရဲ့ အိမ်ကွင်း ရလဒ်ကောင်းတာ သတိထားရပါမယ်။ မန်ယူပဲ အနိုင်ယူသွားပါလိမ့်မယ်လို့ ထင်ပါတယ်။

Filed Under: ,

About the Author

မြန်မာလူမျိုး မန်ချက်စတာယူနိုက်တက် အသင်း အားပေးသူများ ဆုံစည်းရာ နေရာလေး တစ်ခုပါ..။ Myanmar Manchester Fan Club.

Leave a Reply