မြန်မာ မန်ချက်စတာယူနိုက်တက်ဖန် ဘလော့အား ကွန်မြူနတီ နှင့် ပေါင်း၍ အသစ်ထပ်မံ ဖွင့်လှစ်ထားပါသည် လက်ရှိအချိန်တွင် လိုအပ်သည်များကို ဆက်လက် ဖြည့်ဆည်းနေဆဲ ဖြစ်သော်လည်း ပိုစ့်များကို နောက်အသစ် ဖွင့်လှစ်သော www.manutdmm.com တွင်သာ ဆက်လက် ရေးသား သွားမည် ဖြစ်ကြောင်း မန်ယူဖန် များအား အသိပေးအပ်ပါသည်..။ မြန်မာမန်ချက်စတာဖန်ကလပ် သို့ သွားရန် အပေါ်မှ ပုံကို ကလစ်လုပ်ပါ သရဲနီချစ်မြတ်နိုးသူများအား ဖိတ်ခေါ်ပါတယ်
  • Match Review

  • Highlights

  • Premier League

  • Match Preview

  • Champion League

  • Player News

  • Man U News

  • Transfer News

  • Interview

  • Manchester United Club History

  • Feature

Manchester United vs Inter Milan

မန်ယူအသင်းဟာ ဒီတပတ် ၁၁ ရက်နေ့ မြန်မာစံတော်ချိန် နံနက် ၂း၁၅ မှာ အင်တာမီလန်အသင်းကို အိမ်ကွင်းမှာ ဧည့်ခံကစားရမှာ ဖြစ်ပါတယ်။ ပထမ အကျော့ အင်တာကွင်းမှာ ကစားစဉ်က သရေ ကျခဲ့တာကြောင့် ဒီပွဲဟာ မန်ယူအသင်းအနေနဲ့ အသာရရှိနေတာကို တွေ့ရပါတယ်။ ဒါ့အပြင် မန်ယူအသင်းဟာ ဒီပွဲမှာ အင်တာကို သရေ ကစားနိုင်ခဲ့လျှင် ချန်ပီယံလိဂ် အကြာဆုံး ရှုံးပွဲမရှိတဲ့ အသင်းအနေနဲ့ စံချိန်တင် နိုင်မှာ ဖြစ်တယ်လို့ သိရပါတယ်။


၎င်းတို့ ၂ သင်း ပထမ ကစားခဲ့စဉ်က အင်တာကွင်းမှာ ကစားခဲ့ပေမဲ့ မော်ရင်ဟိုရဲ့ အင်တာအသင်းဟာ မန်ယူကို အသာစီးမရခဲ့တာကို တွေ့ရမှာပါ။ ဒုတိယပိုင်းကျမှ မော်ရင်ဟိုရဲ့ လူစားလဲ မှန်မှုနဲ့ ဂိုးသမား လက်စွမ်းပြနိုင်မှုတို့ ကြောင့်သာ မရှုံးခဲ့ရခြင်း ဖြစ်ပီး ခြေစွမ်းအရ မန်ယူက အသာစီးရခဲ့ပါတယ်။ မန်ယူအသင်းဟာ မထင်မှတ်နိုင်လောက်အောင် ဒီနှစ်မှာ အထူးပဲ ကစားကွက် ခင်းကျင်းမှု တည်ညိမ်မှု ရှိနေတာကို တွေ့ရမှာ ဖြစ်ပါတယ်။ တခု အခြေအနေဆိုးတာဟာ ဒဏ်ရာရ လူစာရင်းကြောင့် ဖာဂူဆန်တယောက် ခေါင်းခြောက်ရမှာတော့ အမှန်ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ဖူလ်ဟမ်နဲ့ ပွဲမှာ ခြေကျင်းဝတ် ဒဏ်ရာ ရရှိခဲ့တဲ့ ဖာဒီနန်ဟာ ဒီပွဲမှာ ပါနိုင်ခြေ နည်းတာကြောင့် ဖာဒီနန်အစား အီဗန်၊ ဗီဒစ်၊ အီဗရာ နဲ့ အိုရှေးတို့ ပွဲထွက် လာနိုင်ဖွယ်ရှိပါတယ်။ အလယ်တန်းမှာတော့ ရိုင်ယန်ဂစ်စ်ထက် ခြေစွမ်း ပြနေတဲ့ ပတ်ခ်ဂျီဆန်ကို အသုံးပြုနိုင်ပီး ရှေ့တန်းကိုတော့ ရူနီ၊ ဘာဘာတော့ဖ် အတွဲကို သုံးမယ်လို့ ထင်ပါတယ်။


ဒါကြောင့် ဒီတခေါက် တွေ့ရမယ့် ပွဲမှာ အင်တာထက် ခြေစွမ်းအရ၊ ကွင်းအရ၊ စံချိန်တွေအရ အသာရနေတဲ့ မန်ယူအသင်းကိုပဲ အနိုင်ရမယ့် အသင်း အဖြစ် ရွေးမိပါတယ်။ ကဲ ဖန်သားပြင်မှာ ဆက်အားပေးရအောင်။

Filed Under: ,

About the Author

မြန်မာလူမျိုး မန်ချက်စတာယူနိုက်တက် အသင်း အားပေးသူများ ဆုံစည်းရာ နေရာလေး တစ်ခုပါ..။ Myanmar Manchester Fan Club.

Leave a Reply