မြန်မာ မန်ချက်စတာယူနိုက်တက်ဖန် ဘလော့အား ကွန်မြူနတီ နှင့် ပေါင်း၍ အသစ်ထပ်မံ ဖွင့်လှစ်ထားပါသည် လက်ရှိအချိန်တွင် လိုအပ်သည်များကို ဆက်လက် ဖြည့်ဆည်းနေဆဲ ဖြစ်သော်လည်း ပိုစ့်များကို နောက်အသစ် ဖွင့်လှစ်သော www.manutdmm.com တွင်သာ ဆက်လက် ရေးသား သွားမည် ဖြစ်ကြောင်း မန်ယူဖန် များအား အသိပေးအပ်ပါသည်..။ မြန်မာမန်ချက်စတာဖန်ကလပ် သို့ သွားရန် အပေါ်မှ ပုံကို ကလစ်လုပ်ပါ သရဲနီချစ်မြတ်နိုးသူများအား ဖိတ်ခေါ်ပါတယ်
  • Match Review

  • Highlights

  • Premier League

  • Match Preview

  • Champion League

  • Player News

  • Man U News

  • Transfer News

  • Interview

  • Manchester United Club History

  • Feature

ဖူလ်ဟမ်မှာ ဂိုးမိုး ရွာခဲ့သည်

ဖူလ်ဟမ် ၀ - ၄ မန်ချက်စတာယူနိုက်တက်


picsrvmanutdcom4


ဒီပွဲမှာ မန်ယူအသင်းဟာ ချန်ပီယံလိဂ်အတွက် လူချန်တဲ့ အနေနဲ့ အရေးပါတဲ့ ကစားသမား တချို့ကို အနားပေးခဲ့ပါတယ်။ အချို့ကို အနားပေးတယ် ဆိုပေမဲ့ မန်ယူအသင်းဟာ ဒီနှစ်မှာ ဖလားအားလုံးကို ရယူနိုင်တဲ့ အနေအထားထိ ရှိနေတာကြောင့် အက်ဖ်အေဖလားကိုလည်း အာရုံစိုက် ကစား ခဲ့ပါတယ်။ ရော်နယ်လ်ဒို၊ ဂစ်စ်၊ ဘာဘာတော့ဖ် တို့လောက်ကိုသာ အနားပေးခဲ့ပီး ရူနီ၊ တီဗက်စ်၊ အန်ဒါဆင်၊ ဖလက်ချာ၊ ပက်ဂျီဆန် တို့နဲ့ မန်ယူဟာ အထွက်ကောင်းခဲ့ပါတယ်။ မန်ယူအသင်းအတွက် ပထမဦးဆောင်ဂိုးကို တီဗက်စ်က ထောင့်ကန်ဘောကနေ ခေါင်းတိုက်သွင်းခဲ့ တာပဲ ဖြစ်ပါတယ်။ ပထမဂိုးရပိးတာနဲ့ မန်ယူအသင်းဟာ အိမ်ရှင်အသင်းကို တောက်လျှောက်ဆိုသလို ဖိအားပေးကစားနိုင်ခဲ့ပီး နောက်ထပ် ဆယ့်ငါးမိနစ် အကြာ ၃၅ မိနစ်မှာ တီဗက်စ်ကပဲ ဒုတိယဦးဆောင်ဂိုးကို ၁၈ ကိုက်စည်း အပြင်ကနေ လှလှပပ အပြင်းကန်သွင်းယူခဲ့ပါတယ်။


ဒုတိယပိုင်း ပွဲစတော့လည်း ဖူလ်ဟမ်အသင်းဟာ အများမှန်းထားသလို မန်ယူအသင်းကို ထင်သလောက် ဒုတ်ခ မပေးနိုင်ခဲ့ပါဘူး။ တချို့ တလေသာ ခြိမ်းခြောက်ကစား နိုင်ခဲ့ပီး မန်ယူ နောက်တန်းက ဖာဒီနန်နဲ့ ဗီဒစ်က အတွဲညီညီ ဖြတ်ထုတ် ကစားနိုင်ခဲ့တာကို တွေ့ရပါတယ်။ မိနစ် ၅၀ မှာ ရူနီက တတိယဂိုးနဲ့ ၈၁ မိနစ်မှာ အာရှသားလေး ပတ်ခ်ဂျီဆန်က စတုတ္ထမြောက်ဂိုးကို သွင်းယူကာ ဆီမီး အဆင့်ကို တက်သွားနိုင်ပီဖြစ်ပါတယ်။ ဒီနေ့ပွဲမှာ အသင်းသား အကုန်ဟာ အတော်လေး ကြိုးစားကစားခဲ့တာကို တွေ့ရပါတယ်။ ယနေ့ မန်ယူအသင်းကို မြင်ရတာဟာ လူငယ်လူကြီး မျှမျှတတ ပေါင်းစပ်ထားပီး အထူးပဲ အချိတ်အဆက်မိနေတာကို တွေ့ရပါတယ်။ ဒီလို ကစားတာကို မြင်ရတော့ ဟိုးတချိန်က မန်ယူအသင်းသား ဟောင်းတွေကို ပြန်လည် သတိရမိတာတော့ အမှန်ပါပဲခင်ဗျား။

Filed Under: , ,

About the Author

မြန်မာလူမျိုး မန်ချက်စတာယူနိုက်တက် အသင်း အားပေးသူများ ဆုံစည်းရာ နေရာလေး တစ်ခုပါ..။ Myanmar Manchester Fan Club.

Leave a Reply