မြန်မာ မန်ချက်စတာယူနိုက်တက်ဖန် ဘလော့အား ကွန်မြူနတီ နှင့် ပေါင်း၍ အသစ်ထပ်မံ ဖွင့်လှစ်ထားပါသည် လက်ရှိအချိန်တွင် လိုအပ်သည်များကို ဆက်လက် ဖြည့်ဆည်းနေဆဲ ဖြစ်သော်လည်း ပိုစ့်များကို နောက်အသစ် ဖွင့်လှစ်သော www.manutdmm.com တွင်သာ ဆက်လက် ရေးသား သွားမည် ဖြစ်ကြောင်း မန်ယူဖန် များအား အသိပေးအပ်ပါသည်..။ မြန်မာမန်ချက်စတာဖန်ကလပ် သို့ သွားရန် အပေါ်မှ ပုံကို ကလစ်လုပ်ပါ သရဲနီချစ်မြတ်နိုးသူများအား ဖိတ်ခေါ်ပါတယ်
  • Match Review

  • Highlights

  • Premier League

  • Match Preview

  • Champion League

  • Player News

  • Man U News

  • Transfer News

  • Interview

  • Manchester United Club History

  • Feature

အောင်မြင်ခဲ့သောပထမပန်းတိုင်



ဖလားလေးလုံးလမ်းကြောင်းအတွက် မန်ယူအသင်းကတော့ ပထမပန်းတိုင်ကို အခက်အခဲတွေကြားထဲက

နေ အောင်မြင်ခဲ့ပါပြီ။ ပထမပန်းတိုင်အောင်မြင်မှုအတွက် လစ်လျှူရှုလို့ မရတဲ့ကစားသမားတွေကတော့

မန်ယူရဲ့ ပထမကစားသမားတွေမဟုတ်တဲ့ လူငယ်ကစားသမားတွေပါပဲ။ လိဂ်ဖလားလမ်းကြောင်းတစ်

လျှောက်မှာ မန်ယူအသင်းဟာ အသင်းရဲ့ပထမပွဲထွက်ကစားသမားတွေကို အသုံးမပြုခဲ့ပဲ လူငယ်

ကစားသမားတွေကို ၀ါရင့်ကစားသမားများနဲ့ တွဲဖက်လို့ ဟန်ချက်ညီညီ အသုံးပြုကစားသွားပါတယ်။

အဲဒီလို ဟန်ချက်ညီခဲ့တာကြောင့်လည်း မန်ယူအသင်းဟာ ပထမပန်းတိုင်ကို အောင်မြင်ခဲ့ရတယ်ဆို

တာ ငြင်းလို့ မရအောင်ပါပဲ။ တနင်္ဂနွေနေ့က ကစားသွားတဲ့လူငယ်တွေထဲက ဂိုးသမား ဘင်းဖော်

စတာဟာ ပထမဖလားအတွက် သူရဲကောင်းတစ်ဦးပါပဲ။ ပွဲချိန်အတွင်းမှာ စပါးတောင်ပံကစားသမား

အာရွန်လန်နွန်ရဲ့ အပိုင်ကန်သွင်းချက်ကို အံ့ဖွယ်ကာကွယ်သွားသလို ပင်နယ်တီကန်သွင်းချိန်မှာလဲ

အိုဟားရားရဲ့ ကန်သွင်းချက်ကို i-pod ရဲ့ အကူအညီ ဂိုးနည်းပြရဲ့ အကူအညီနဲ့ ကာကွယ်သွားနိုင်

လို့ မန်ယူအသင်းရဲ့ ပထမဖလားဟာ မန်ယူရဲ့အောင်မြင်မှုစင်မြင့် ဘီရိုထဲကို ရောက်ရှိလာခဲ့ပါတယ်။

ဖော်စတာလိုပဲ အစွမ်းပြသွားသူတွေကတော့ ကွင်းလယ်က ဂစ်ဘဆင်၊ နောက်တန်းက အီဗန်တို့

ပဲဖြစ်ပါတယ်။ လူငယ်ကစားသမားတွေလို ထင်သလောက် အားမကိုးရသေးတာကတော့ မန်ယူရဲ့

တောင်ပံကစားသမား နာနီပဲဖြစ်ပါတယ်။ နာနီဟာ အမှားအယွင်းတွေ များနေသလို မလိုအပ်ပဲ လိမ်

တာတွေများနေတဲ့အတွက် တောင်ပံတိုက်စစ်ဟာ လုံးဝမထိရောက်ခဲ့ပဲ ဘယ်တောင်ပဲသေနေခဲ့ပါ

တယ်။ ဒါပေမဲ့ မန်ယူကတော့ အခက်အခဲတွေကြားကပဲ ပထမပန်းတိုင်ကို အောင်မြင်စွာ ဆွတ်ခူး

နိုင်ခဲ့ပါပြီ။ နောက်ထပ်ဆွတ်ခူးရတော့မဲ့ ပန်းတိုင်သုံးခုဟာ ပထမပန်းတိုင်ထက် ခက်ခဲမယ်ဆိုတာ

မန်ယူအသင်းသားတွေ သိထားပေမဲ့ ပထမဖလားနဲ့ စိတ်ဓါတ်ကိုမြင့်တင်ထားတဲ့ မန်ယူအသင်းက

တော့ လာမဲ့ စိန်ခေါ်မှုတွေအတွက် အဆင်သင့်ဖြစ်နေမှာ မလွဲဧကန်ပါပဲ။

Filed Under:

About the Author

မြန်မာလူမျိုး မန်ချက်စတာယူနိုက်တက် အသင်း အားပေးသူများ ဆုံစည်းရာ နေရာလေး တစ်ခုပါ..။ Myanmar Manchester Fan Club.

Leave a Reply