မြန်မာ မန်ချက်စတာယူနိုက်တက်ဖန် ဘလော့အား ကွန်မြူနတီ နှင့် ပေါင်း၍ အသစ်ထပ်မံ ဖွင့်လှစ်ထားပါသည် လက်ရှိအချိန်တွင် လိုအပ်သည်များကို ဆက်လက် ဖြည့်ဆည်းနေဆဲ ဖြစ်သော်လည်း ပိုစ့်များကို နောက်အသစ် ဖွင့်လှစ်သော www.manutdmm.com တွင်သာ ဆက်လက် ရေးသား သွားမည် ဖြစ်ကြောင်း မန်ယူဖန် များအား အသိပေးအပ်ပါသည်..။ မြန်မာမန်ချက်စတာဖန်ကလပ် သို့ သွားရန် အပေါ်မှ ပုံကို ကလစ်လုပ်ပါ သရဲနီချစ်မြတ်နိုးသူများအား ဖိတ်ခေါ်ပါတယ်
  • Match Review

  • Highlights

  • Premier League

  • Match Preview

  • Champion League

  • Player News

  • Man U News

  • Transfer News

  • Interview

  • Manchester United Club History

  • Feature

We're the CHAMPION!

မန်ယူအသင်းဟာ ပထမဆုံး ဖလား အဖြစ် ကားလင်းကပ်ကို စပါးအသင်းနဲ့ ယှဉ်ပြိုင်ကစားပြီး ရယူသွားနိုင်ခဲ့ပြီ ဖြစ်ပါတယ်။ ဒီပွဲစဉ်ကို ၀င်ဘလေကွင်း ကြီးမှာ ကျင်းပခဲ့တာဖြစ်ပါတယ်။ စပါးအသင်းဟာ ဒီဖလားကို အရယူဖို့အတွက် လူစုံနီးပါး ထွက်ကစားခဲ့တာကို တွေ့ရပါတယ်။ မန်ယူအသင်းကတော့ အရေးပါတဲ့ ကစားသမား တချို့ကို အနား ပေးထားပီး လူငယ်အများစုကိုသာ ထုတ်သုံးခဲ့တာ တွေ့ရပါတယ်။


ပွဲစဉ်တလျှောက် စပါးအသင်းဟာ အပေါ်စီးက ဖိကစားခဲ့တာကိုတွေ့ရပါတယ်။ မန်ယူအသင်းရဲ့ ထိုးဖောက် သွင်းယူမှုတွေကို စပါးဂိုးသမား ကာကွယ်နိုင်ခဲ့ပီး အပိုင်လုံးတချို့ဟာလည်း တိုင်ထိ ဘေးထွက်နဲ့မို့ မန်ယူအသင်း အခွင့်အရေးများ ဆုံးရှုံး ခဲ့ရပါတယ်။ ပွဲစစချင်း ခြောက်မိနစ် အတွင်း ရော်နယ်လ်ဒိုဟာ တဖက်ဂိုးသမားကို အလုပ်များစေခဲ့ပြီး ဒီနေ့ ပွဲမှာ နာနီနဲ့ တီဗက်စ်ဟာလည်း အတွဲမိမိ ကစားနိုင်ခဲ့တာကို တွေ့ရပါတယ်။ နှစ်ဖက် အသင်းဟာ ပွဲချိန်အတွင်း တဖက်နဲ့ တဖက် ဂိုးသွင်းနိုင်ခဲ့ခြင်း မရှိပဲ ပင်နယ်တီ အဆုံးအဖြတ် ထိ ကစားခဲ့ကာ မန်ယူအသင်းက ၄ - ၁ ဖြင့် အနိုင်ရရှိပီး ကားလင်းဖလားကို ဒီရာသီအတွက် ပထမဆုံး ဖလား အဖြစ် သိမ်းယူနိုင်ခဲ့ပါတယ်။



picsrvmanutdcom1

ဆုဖလားယူအပြိးမန်ယူအသင်းအောင်ပွဲခံနေစဉ်



picsrvmanutdcom-4

စပါးအသင်း၏ပင်နယ်တီဘောလုံးကို မန်ယူဂိုးသမားဖော်စတာကာကွယ်လိုက်စဉ်



picsrvmanutdcom6

ကားလင်းဖလားဗိုလ်လုပွဲအပြီးအဝတ်လဲခန်းအတွင်းသရဲနီတို့အောင်ပွဲခံနေပုံ



Filed Under: , ,

About the Author

မြန်မာလူမျိုး မန်ချက်စတာယူနိုက်တက် အသင်း အားပေးသူများ ဆုံစည်းရာ နေရာလေး တစ်ခုပါ..။ Myanmar Manchester Fan Club.

Leave a Reply