မြန်မာ မန်ချက်စတာယူနိုက်တက်ဖန် ဘလော့အား ကွန်မြူနတီ နှင့် ပေါင်း၍ အသစ်ထပ်မံ ဖွင့်လှစ်ထားပါသည် လက်ရှိအချိန်တွင် လိုအပ်သည်များကို ဆက်လက် ဖြည့်ဆည်းနေဆဲ ဖြစ်သော်လည်း ပိုစ့်များကို နောက်အသစ် ဖွင့်လှစ်သော www.manutdmm.com တွင်သာ ဆက်လက် ရေးသား သွားမည် ဖြစ်ကြောင်း မန်ယူဖန် များအား အသိပေးအပ်ပါသည်..။ မြန်မာမန်ချက်စတာဖန်ကလပ် သို့ သွားရန် အပေါ်မှ ပုံကို ကလစ်လုပ်ပါ သရဲနီချစ်မြတ်နိုးသူများအား ဖိတ်ခေါ်ပါတယ်
  • Match Review

  • Highlights

  • Premier League

  • Match Preview

  • Champion League

  • Player News

  • Man U News

  • Transfer News

  • Interview

  • Manchester United Club History

  • Feature

Newcastle 1:2 Manchester United Premierleague 04.03.2009

man-u-v-newcastle
ဒီနေ့ပွဲ မှာ မန်ချက်စတာယူနိုက်တက် အသင်းဟာ လူစုံနီးပါး ပွဲထွက်လာခဲ့ပြီး ပွဲဟာ သူတစ်ပြန်ကိုယ်တစ်ပြန်နဲ့ တိုက်စစ်ဆင်ခဲ့ပြီး အတော်လေး ကြည့်ကောင်းတဲ့ ပွဲ တစ်ပွဲဖြစ်ခဲ့ပါတယ်..။

ပွဲစပြီး ၉ မိနစ်မှာ နယူးကာဆယ် အသင်းအတွက် ဦးဆောင်ဂိုးကို နယူးကာဆယ် အသင်းက နံပတ် ၂၄ Løvenkrands က ဗန်ဒါးဆားလက်တွင်းက လွတ်ထွက်လာတဲ့ ဘောလုံးကို ပြေးဝင်ပိတ်၍ သွင်းယူ သွားခဲ့ပြီး မန်ချက်စတာ ယူနိုက်တက် အသင်းဟာ နောက်ကနေ လိုက်ကစားခဲ့ ရပါတယ်..


နောက်ထပ် ၁၁ မိနစ်ခန့်အကြာမှာတော့ ဂျွန်အိုရှေး ဂိုးစည်းအတွင်း ပို့ပေးတဲ့ ဘောလုံးကို ဝိန်းရူနီက တစ်ဖက်နောက်တန်းကစားသမား တွေ ကြားထဲကနေ ချေပဂိုး သွင်းယူပြီး တစ်ဖက် တစ်ဂိုးစီနဲ့ ဆက်လက် ကစားသွားခဲ့ပါတယ်..။


ဒီကနေ့ပွဲမှာ နယူးကာဆယ် အသင်းဟာ မန်ယူကို ယှဉ်ပြိုင်ဖို့ အတွက် အတော်လေး ပြင်ဆင်ထားခဲ့ပုံ ရပြီး မန်ယူအသင်းကို အတော်လေး ဖိအားတွေ ပေးပြီးကစားသွားခဲ့ နိုင်ပါတယ် ဒီလိုနဲ့ပွဲ ဟာ နှစ်ဘက်အသင်းသားတွေ အကြိတ်အနယ်နဲ့ ကစားခဲ့ပြီး ပထမပိုင်း ၄၅ မိနစ် ပြီးဆုံးခဲ့ပါတယ်.။


ဒုတိယပိုင်းပွဲစပြီးလို့ ၅၆ မိနစ်မှာ ကွင်းလယ်က ကန်တင်ပေးလိုက်တာကို ဂျီဆောင်ပတ် က ဂိုးစည်းထဲကနေ ထိုးပေးလိုက်တာကို ဘာဘာတော့ဗ် ကပြေးဝင်ပိတ်ပြီး မန်ယူအတွက် ဒုတိယဂိုးကို ကန်သွင်းသွားခဲ့ပါတယ် ကျွန်တော်တို့ရဲ့ အာရှသားလေး ဂျီဆောင်ပတ် ဟာ အခုဆိုရင် မန်ယူအသင်း အတွက် အတော်ကြီးကို အားကိုးရတဲ့ ကစားသမားအဖြစ်ကို ရောက်ရှိနေပါပြီ သူပါတဲ့ ပွဲတိုင်း သူကနေတစ်ဆင့် ရရှိခဲ့တဲ့ ဂိုးတွေဟာ ဆိုရင် မနည်းတော့ပါဘူး..။



ဒီကနေ့ပွဲမှာ နယူးကာဆယ် အသင်းဟာ အတင်းဝင် အတင်းထွက်နဲ့ မန်ယူအသင်းကို အတော်လေးကို ကြမ်းကြမ်းရမ်းရမ်း ကစားသွားခဲ့ပါတယ်..။
၆၇ မိနစ်မှာ နယူးကာဆယ် ဂိုးစည်းအတွင်း ဂျီဆောင်ပတ် ကို နောက်တန်းကစားသမားက ဆွဲလှဲ ချခဲ့ပေမယ့် ဒိုင်လူကြီးက ပြစ်ဒဏ်ဘော မပေးပဲ နယူးကာဆယ် ဘက် ကို အလွတ်တည်ကန်ဘောပဲ ပေးခဲ့ ပါတယ်..။

၆၉ မိနစ်မှာ ဘယ်ဘက် ဂိုးစည်းဒေါင့်ကနေ ဝိန်းရူနီ အပြင်းကန်သွင်းခဲ့ပေမယ့် နယူးကာဆယ် ဂိုးသမား က ဖမ်းမိသွားခဲ့ပါတယ်..။


၇၁ မိနစ်မှာ ဝိန်းရူနီ ဆွဲပြေးလာပြီး ရော်နယ်ဒို ထိုးပေးတာကို ဘာဘာတော့ဗ် ကန်သွင်းပေမယ့် ဂိုးသမားပုတ်ထုတ်လိုက် နိုင်တဲ့ အတွက် ထောင့်ကန်ဘောဖြစ်သွားပါတယ်...


ဒုတိယပိုင်း မိနစ် ခုနှစ်ဆယ်ကျော်လောက်က စပြီး မန်ယူအသင်းဟာ နယူးကာဆယ် အသင်းကို ကစားကွက် ကော ဘောလုံးပိုင်ဆိုင်မှုပါ အထက်စီးက ကစားသွားခဲ့နိုင်ပါတယ်..။


၇၈ မိနစ်မှာ နယူးကာဆယ် ဂိုးသမား ဘောလုံးနောက်လိုက်ရာက ဂိုးသမား ကင်းမဲ့နေတဲ့ ဂိုးပေါက်ထဲကို ဝိန်းရူနီ ကန်သွင်းဖို့ ကြိုးစားပေမယ့် ဂိုးလွန်ဘော ဖြစ်သွားခဲ့ပါတယ် ဒီတစ်လုံးဟာဖြင့် မန်ယူအသင်းအတွက် အလွန်ပဲ နစ်နာတဲ့ ဂိုးတစ်ဂိုး ဖြစ်ခဲ့ရပါတယ်..။


၈၂ မိနစ်မှာ နယူးးကာဆယ် အသင်းသား နံပါတ် ၂၄ ကပဲ မန်ယူဂိုးစည်းဒေါင့်ကနေ အပြင်းကန်သွင်းပေမယ့် ဗန်ဒါးဆား ဖမ်းမိသွားခဲ့လို့ မန်ယူအသင်း ချေပဂိုးပေးရမယ့် အရေးက သက်သာသွားခဲ့ရပါတယ်..။


ပွဲပြီးဖို့ တစ်မိနစ်အလို ၈၉ မိနစ်မှာ ဘာဘာတော့ဗ် အစား ရိုင်ရန်ဂစ် အစားထိုးဝင်ကစား သွားခဲ့ပါတယ်..။


ဒီလိုနဲ့ ပွဲချိန်ပြည့် မိနစ်ကိုးဆယ် အပြင် ဒဏ်ရာရ အချိန်ပို ၃ မိနစ်ကန်အပြီးမှာတော့ မန်ချက်စတာယူနိုက်တက် အသင်းဟာ နယူးကာဆယ် အသင်းကို ၂ ဂိုး ၁ ဂိုးနဲ့ အနိုင်ရရှိခဲ့ပြီး ပရီးမီးယားလိဂ် ဇယားမှာ ထိပ်ဆုံးကနေပြီး ဆက်လက် ဦးဆောင်နေပါတယ် ခင်ဗျာ.။

Filed Under: ,

About the Author

မြန်မာလူမျိုး မန်ချက်စတာယူနိုက်တက် အသင်း အားပေးသူများ ဆုံစည်းရာ နေရာလေး တစ်ခုပါ..။ Myanmar Manchester Fan Club.

Leave a Reply