မြန်မာ မန်ချက်စတာယူနိုက်တက်ဖန် ဘလော့အား ကွန်မြူနတီ နှင့် ပေါင်း၍ အသစ်ထပ်မံ ဖွင့်လှစ်ထားပါသည် လက်ရှိအချိန်တွင် လိုအပ်သည်များကို ဆက်လက် ဖြည့်ဆည်းနေဆဲ ဖြစ်သော်လည်း ပိုစ့်များကို နောက်အသစ် ဖွင့်လှစ်သော www.manutdmm.com တွင်သာ ဆက်လက် ရေးသား သွားမည် ဖြစ်ကြောင်း မန်ယူဖန် များအား အသိပေးအပ်ပါသည်..။ မြန်မာမန်ချက်စတာဖန်ကလပ် သို့ သွားရန် အပေါ်မှ ပုံကို ကလစ်လုပ်ပါ သရဲနီချစ်မြတ်နိုးသူများအား ဖိတ်ခေါ်ပါတယ်
  • Match Review

  • Highlights

  • Premier League

  • Match Preview

  • Champion League

  • Player News

  • Man U News

  • Transfer News

  • Interview

  • Manchester United Club History

  • Feature

Manchester United vs Blackburn Rover

ကျနော်တို့ မန်ယူအသင်းဟာ ဒီတပတ် ပရီးမီးယားလိဂ်ပွဲစဉ် အနေနဲ့ဒီတပတ် စနေမှာ ဘလက်ဘန်းကို အိမ်ကွင်းမှာ ဧည့်ခံကစား ရမှာ ဖြစ်ပါတယ်။ အချိန်ကတော့ မြန်မာစံတော်ချိန် ၁၂း၀၀ မှာပါ။ ကျနော်တို့ ပီးခဲ့တဲ့ ဖူလ်ဟမ်နဲ့ ကစားခဲ့တဲ့ပွဲအပီးမှာ ပြိုင်ဘက် အာဆင်နယ် အသင်း မန်နေဂျာ အာဆင်ဝင်းဂါး က ဘာပြောခဲ့သလဲဆိုတော့ "မန်ယူ အသင်းဟာ အောင်မြင်မှုဆီကို သွားနေတဲ့ အသင်း .. ရပ်တန့်လို့ မရနိုင်တဲ့ အသင်းလို့" ပြောကြား ခဲ့ပါတယ်။ မန်ယူ ရဲ့ ဗန်ဒါးဆားဟာလည်း စံချိန်အသစ်တွေနဲ့ အောင်မြင်မှုရရှိနေပါတယ်။


ဘလက်ဘန်းနဲ့ ပထမကျော့ အတွေ့တုန်းက မန်ယူအသင်းဟာ ၂ ဂိုး ဂိုးမရှိနဲ့ အနိုင်ရယူခဲ့ပါတယ်။ ပြီးခဲ့တဲ့ အစဉ်အလာတွေ အရ မန်ယူအသင်းဟာ ဘလက်ဘန်းနဲ့ ကစားရတိုင်း ဂိုးများများနဲ့ အနိုင်ရလေ့ ရှိပါတယ်။ ဒါပေမဲ့ ဂိုးများများ သာ ရရှိတတ်ပေမဲ့ ကစားရတိုင်း ခက်ခက်ခဲခဲ ယှဉ်ပြိုင် ကစား ရလေ့ ရှိပါတယ်။ ဖာဂူဆန့်အနေနဲ့ အင်္ဂါနေ့မှာ အင်တာမီလန်နဲ့ အဝေးကွင်းမှာ သွားကစားရမှာကြောင့် ဘယ်ပုံ ဘယ်နည်း လူရွေးကစားမလဲ ဆိုတာ စဉ်းစား စရာဖြစ်ပါတယ်။ မန်ယူအထာ သိနေတဲ့ ဆမ်အလာဒွိုက်စ်အနေနဲ့ ကတော့ ထုံးစံအတိုင်း မန်ယူအသင်းကိုဒုက္ခပေးသွားဦးမယ် ဆိုတာ မမှားပါဘူး။ ဘလက်ဘန်းအသင်းဟာ ခံကန်မယ်ဆို ကန်နိုင်တဲ့ အနေအထားမှာ ရှိတာကြောင့် ယခု ကန်မဲ့ ပွဲဟာ မန်ယူ သရေ ကျသွားနိုင်သလို ကပ်နိုင်သွားတာမျိုးလည်း ဖြစ်နိုင်ပါတယ်။



ပွဲစဉ်ခန့်မှန်းချက် အနေနဲ့ကတော့ မန်ယူ ၁ - ၀ ဘလက်ဘန်းပါ။

Filed Under:

About the Author

မြန်မာလူမျိုး မန်ချက်စတာယူနိုက်တက် အသင်း အားပေးသူများ ဆုံစည်းရာ နေရာလေး တစ်ခုပါ..။ Myanmar Manchester Fan Club.

Leave a Reply