မြန်မာ မန်ချက်စတာယူနိုက်တက်ဖန် ဘလော့အား ကွန်မြူနတီ နှင့် ပေါင်း၍ အသစ်ထပ်မံ ဖွင့်လှစ်ထားပါသည် လက်ရှိအချိန်တွင် လိုအပ်သည်များကို ဆက်လက် ဖြည့်ဆည်းနေဆဲ ဖြစ်သော်လည်း ပိုစ့်များကို နောက်အသစ် ဖွင့်လှစ်သော www.manutdmm.com တွင်သာ ဆက်လက် ရေးသား သွားမည် ဖြစ်ကြောင်း မန်ယူဖန် များအား အသိပေးအပ်ပါသည်..။ မြန်မာမန်ချက်စတာဖန်ကလပ် သို့ သွားရန် အပေါ်မှ ပုံကို ကလစ်လုပ်ပါ သရဲနီချစ်မြတ်နိုးသူများအား ဖိတ်ခေါ်ပါတယ်
  • Match Review

  • Highlights

  • Premier League

  • Match Preview

  • Champion League

  • Player News

  • Man U News

  • Transfer News

  • Interview

  • Manchester United Club History

  • Feature

Manchester United 2 - 1 Blackburn Rover

u138p200t1d202444f8dt20081203191209-copy

မန်ယူအသင်းဟာ ဒီနေ့ ဘလက်ဘန်းနဲ့ပွဲကိုလည်း အရေးကြီးပွဲ တပွဲမို့ လူတော်တော်များများကို ဦးစားပေး ၁၁ ယောက်အနေနဲ့ ကစားစေခဲ့ပါတယ်။ နောက်တန်းမှာ ဖာဒီနန်၊ အီဗန်၊ ရာဖေးလ်၊ အီဗရာ အလယ်တန်း နာနီ၊ ဒိုလေး၊ ပေါလ်စခိုး၊ ကာရစ် နဲ့ နာနီ ရှေ့တန်း ရူနီနဲ့ ဘာဘာတော့ဖ်တို့ကို ကစားစေခဲ့ကာ ဂိုးသမားကိုတော့ ဗန်ဒါးဆားကို အနားထားပီး ကုစ်ရှက်စ် ကို ကစားစေခဲ့ပါတယ်။ ၁၆ မိနစ်မှာ ဒိုလေး ချပေးတဲ့ ဘောလုံးဟာ မန်ယူ ဂိုးရလု နီးနီးပါပဲ။ ၂၃ မိနစ်မှာတော့ နာနီ တောင်ပံမှ ခင်ပေးတဲ့ ဘောလုံးကို ရူနီက ပိတ်သွင်းယူပီး ဦးဆောင်ဂိုး ရရှိခဲ့ပါတယ်။ ဒီဂိုးဟာ ရူနီ ဒဏ်ရာမှ ပြန်လာပီ သွင်းယူတဲ့ ဒုတိယဂိုးပဲ ဖြစ်ပါတယ်။ ၃၂ မိနစ်မှာတော့ ကောင်တာ ပေါက်လာတဲ့ ဘောလုံးကနေ စန်တာခရုစ်က ဖာဒီနန် ကပ်ထားတဲ့ကြားက လွတ်ကာ ခြေပဂိုးသွင်းယူခဲ့ပါတယ် ၁၄ ပွဲကြာ ဂိုးမပေးခဲ့ရတဲ့ မန်ယူနောက်တန်းဟာ ဒီပွဲမှာ ပြန်စပေးလိုက်ရတာဖြစ်ပါတယ်။ အဲ့နောက်ပိုင်းတော့ ဂိုးဆက်သွင်းနိုင်ခြင်း မရှိပဲ မန်ယူက ဘောလုံးပိုင်ဆိုင်မှု ခပ်များများနဲ့ ပထမပိုင်း ပီးဆုံးခဲ့ပါတယ်။



ဒုတိယပိုင်းစတာနဲ့ မန်ယူအသင်းဟာ ဂိုးရရှိဖို့အတွက် တိုက်စစ်မြှင့်ကစားခဲ့ပါတယ် ၅၆ မိနစ်မှာတော့ ဒိုလေး အ၀ါကဒ်ရရှိခဲ့ပါတယ်။ ၅၇ မိနစ်မှာ ကော်နာကနေ ရရှိခဲ့တဲ့ တလုံးဟာ မန်ယူဂိုးတိုင်ကို ပြန်ထိပီး ထွက်လာခဲ့တာကြောင့် မန်ယူသက်သာရာ ရခဲ့ပါတယ်။ မိနစ်ခြောက်ဆယ်မှာတော့ ရရှိခဲ့တဲ့ ဖရီးကစ်ကနေ ဒိုလေးက မန်ယူအတွက် ဦးဆောင်ရမဲ့ဂိုးကို လှလှပပ ထပ်သွင်းယူနိုင်ခဲ့ပါတယ်။ ၆၁ မိနစ်မှာ ဗီဒစ်နဲ့ အီဗန်၊ နာနီနဲ့ တီဗက်စ်ကို လူစားထိုး ကစားစေခဲ့ပီး ၆၂ မိနစ်မှာတော့ ဘာဘာတော့ဖ် အ၀ါကဒ် ရရှိခဲ့ပါတယ်။ နောက်ပိုင်းမှာတော့ မန်ယူက အနိုင်ကို ထိန်းကစားရင်း ၈၁ မိနစ်မှာ ပေါလ်စခိုးနဲ့ ဂစ်စ်ကို အစားထိုးကစား ခဲ့ပါတယ်။ ၈၇ မိနစ်မှာ ဘာဘာတော့ဖ် အပိုင် ခေါင်းတိုက်သွင်းခွင့် ရရှိခဲ့ပေမဲ့ လွဲချော်ခဲ့ပါတယ်။  အဲဒီနောက်ပိုင်းမှာတော့ ဘလက်ဘန်းဟာ ဂိုးရရှိဖို့ထက် ဂိုးထပ်မပေးရဖို့သာ ကာကွယ်ခဲ့ရပီ ပွဲအပီးမှာ မန်ယူအသင်းဟာ ၂ - ၁ နဲ့ အနိုင်ရရှိခဲပါတယ်။

Filed Under: ,

About the Author

မြန်မာလူမျိုး မန်ချက်စတာယူနိုက်တက် အသင်း အားပေးသူများ ဆုံစည်းရာ နေရာလေး တစ်ခုပါ..။ Myanmar Manchester Fan Club.

Leave a Reply