မြန်မာ မန်ချက်စတာယူနိုက်တက်ဖန် ဘလော့အား ကွန်မြူနတီ နှင့် ပေါင်း၍ အသစ်ထပ်မံ ဖွင့်လှစ်ထားပါသည် လက်ရှိအချိန်တွင် လိုအပ်သည်များကို ဆက်လက် ဖြည့်ဆည်းနေဆဲ ဖြစ်သော်လည်း ပိုစ့်များကို နောက်အသစ် ဖွင့်လှစ်သော www.manutdmm.com တွင်သာ ဆက်လက် ရေးသား သွားမည် ဖြစ်ကြောင်း မန်ယူဖန် များအား အသိပေးအပ်ပါသည်..။ မြန်မာမန်ချက်စတာဖန်ကလပ် သို့ သွားရန် အပေါ်မှ ပုံကို ကလစ်လုပ်ပါ သရဲနီချစ်မြတ်နိုးသူများအား ဖိတ်ခေါ်ပါတယ်
  • Match Review

  • Highlights

  • Premier League

  • Match Preview

  • Champion League

  • Player News

  • Man U News

  • Transfer News

  • Interview

  • Manchester United Club History

  • Feature

မန်ချက်စတာယူနိုက်တက် ၃:၀ ဖူလ်ဟမ် ပရီးမီးယားလိဂ် ၁၈.၀၂.၀၉

scholes-350-copyဒီကနေ့ မန်ချက်စတာယူနိုက်တက် အသင်းရဲ့အိမ်ကွင်း အိုးထရက်ဖိုဒ့်မှာ လက်ကျန်ပွဲ အဖြစ်နဲ့ မန်ယူအသင်းနဲ့ ဖူလ်ဟမ် အသင်းတို့ ယှဉ်ပြိုင် ကစားသွားခဲ့ ကြပါတယ် ...


ဒီပွဲမှာ မန်နေဂျာ ဆာအဲလက်စ်ဖာဂူဆန်ဟာ အသင်းငယ် ဆိုပြီး လျှော့မတွက်ပဲ နောက်က လိုက်လာတဲ့ အသင်းတွေကို အမှတ် ဖြတ်ထားနိုင်ဖို့ အတွက် ပြီးခဲ့တဲ့ တနင်္ဂနွေနေ့ကလို မဟုတ်ပဲ လူသစ်တွေ ကို ထုတ်မကစားပဲ သမ္ဘာရင့် လူဟောင်းတွေကို အင်အားပြည့် ထုတ်ကစား သွားခဲ့ သလို သူဖြစ်စေချင်သလိုပဲ ဂိုးမိုးရွာ ပြီး သက်တောင့် သက်သာနဲ့ပဲ ဖူလ်ဟမ် အသင်းကို အနိုင် ကစား သွားနိုင်ခဲ့ ပါတယ်..


ပထမပိုင်း ပွဲစလို့ ၁၂ မိနစ်မှာ ထောင့်ကန်ဘော ကနေ လျှံထွက်လာတဲ့ ဘောလုံးကို သမ္ဘာရင့် လူဟောင်း ကစားသမား ပေါလ်စခိုလ်းကနေ ပြီး သူ့ရဲ့မူပိုင် ကန်သွင်းတဲ့ စတိုင် အတိုင်း ဘီးကုတ် စက်ဝိုင်း အလွန်နားကနေပြီး မနားတန်း ကန်သွင်းလိုက်ရာ ဂိုးသမားဖမ်းသော်လည်း ကန်ချက်ပြင်းသည့် အတွက် ဂိုးသမားလက်မှ လွတ်ထွက်သွားပြီး မန်ယူအတွက် အဖွင့်ဂိုး ကို ရရှိခဲ့ ပါတယ် ဒီဂိုးဟာ ပေါလ်စခိုလ်းအတွက်လဲ ပရီးမီးယားလိဂ် အတွက် ၉၇ ဂိုးမြောက်ဂိုးလဲ ဖြစ်ခဲ့ပါတယ်...။


ပထမ ဂိုးရအပြီး ၁၈ မိနစ်အကြာ ပထမပိုင်း မိနစ်သုံးဆယ် မှာ ဂျွန်အိုရှေး နဲ့ ပေါစခိုလ်း တို့အပေးအယူလုပ်ပြီး ပေါစခိုလ်း ချပေးတာကိုပဲ ဂျွန်အိုရှေးက ထပ်တို့ပေးလိုက်တာ ဘောလုံးက လိမ့်ကာ လိမ့်ကာ ဂိုးရှေ့ကို အသွား ဂိုးသမား လှမ်းဖမ်းသော်လည်းပဲ အသင့်ပြေးဝင်လာတဲ့ ဘာဘာတော့ဗ် က အသာအယာ ဖမ်းပိတ် ပြီး ဒုတိယ အနိုင်ဂိုး ကို မန်ချက်စတာယူတိုက်တက် အတွက် သွင်းပေးနိုင်ခဲ့ပါတယ် ဒီဂိုးဟာ ဆိုရင် ဘာဘာတော့ဗ် အတွက် ဒီရာသီမှာ မန်ယူအတွက် ၁၂ ဂိုးမြောက်သွင်းယူပေးခဲ့တာ ဖြစ်ပါတယ်...


ဒုတိယပိုင်း ပြန်စပြီးတဲ့ အချိန် ၁၈မိနစ်ကြာပီးနောက် ပွဲကစားချိန် ၆၃ မိနစ်မှာ ဂျေဆောင်ပတ်ခ် ထောင့်ဖြတ် ကန်လိုက်တဲ့ အလုံးကို ဒဏ်ရာ ရပြီး နားနေရာက ပထမ ဦးဆုံးပြန်လည် ဝင်ရောက် ကစားတဲ့ ဝိန်းရူနီက ပိတ်ကန်သွင်းပြီး တတိယ ပွဲသိမ်း အနိုင်ဂိုးကို သွင်းယူ သွားခဲ့ပါတယ်..


မန်ချက်စတာဂိုးသမား ဗန်ဒါးဆားကတော့ ပရီးမီးယားလိဂ် ၁၄ ပွဲ ၁,၃၀၂ မိနစ် တိတိ ဂိုးမပေး ရတဲ့ ဂိုးသမား အဖြစ် စံချိန်တင် သွားခဲ့ သလို လာမည့် စနေနေ့ အိုးထရက်ဖိုဒ့် ကွင်းမှာ ကန်မယ့် ဘလက်ဘန်း နဲ့ပွဲစဉ်မှာ ၈၉ မိနစ်ထိ ဂိုးမပေးအောင် ကာကွယ် ခဲ့နိုင်မယ် ဆိုလို့ ရှိရင် ဥရောပ ကလပ် အသင်းများရဲ့ ၁,၃၉၀ မိနစ် ဂိုးမပေး ရတဲ့ စံချိန် ဟောင်းကို ၁၉၉၀ ခုနှစ် ကတဲက မချိုးနိုင်တာကို သူဟာ ဥရောပ စံချိန်ချိုးမယ့် ဂိုးသမား အဖြစ်ထွက်ပေါ်လာနိုင်ပါတယ်..


မန်ချက်စတာ ယူနိုက်တက် အသင်း ဟာ ဖူလ်ဟမ်အသင်းကို သုံးဂိုး ဂိုးမရှိနဲ့ အနိုင်ကစားပြီး ပရီးမီးယားလိဂ် ရဲ့ ဇယားထိပ်မှာ ဒုတိယနေရာ က လီဗာပူးလ် အသင်းကို ငါးမှတ် အကွာ ဖြတ်ပြီး ရှေ့ဆုံးက ဦးဆောင်နေပါပြီခင်ဗျာ..။


ဂိုးသွင်းသွားပုံ ဗွီဒီယို များကို highlight ခေါင်းစဉ် အောက်မှာ သွားရောက်ကြည့်ရှုနိုင်ပါတယ်..။

Filed Under: ,

About the Author

မြန်မာလူမျိုး မန်ချက်စတာယူနိုက်တက် အသင်း အားပေးသူများ ဆုံစည်းရာ နေရာလေး တစ်ခုပါ..။ Myanmar Manchester Fan Club.

Leave a Reply