မြန်မာ မန်ချက်စတာယူနိုက်တက်ဖန် ဘလော့အား ကွန်မြူနတီ နှင့် ပေါင်း၍ အသစ်ထပ်မံ ဖွင့်လှစ်ထားပါသည် လက်ရှိအချိန်တွင် လိုအပ်သည်များကို ဆက်လက် ဖြည့်ဆည်းနေဆဲ ဖြစ်သော်လည်း ပိုစ့်များကို နောက်အသစ် ဖွင့်လှစ်သော www.manutdmm.com တွင်သာ ဆက်လက် ရေးသား သွားမည် ဖြစ်ကြောင်း မန်ယူဖန် များအား အသိပေးအပ်ပါသည်..။ မြန်မာမန်ချက်စတာဖန်ကလပ် သို့ သွားရန် အပေါ်မှ ပုံကို ကလစ်လုပ်ပါ သရဲနီချစ်မြတ်နိုးသူများအား ဖိတ်ခေါ်ပါတယ်
  • Match Review

  • Highlights

  • Premier League

  • Match Preview

  • Champion League

  • Player News

  • Man U News

  • Transfer News

  • Interview

  • Manchester United Club History

  • Feature

အီဗရာ ကွင်းပြင်ထပ်ထိုင်ရပြန်ပြီ


ခြင်္သေ့ပြာတွေဘက်ကို Wayne Rooney’s သွင်းတဲ့ ဂိုးအတွက် ဖြတ်တင်ပေးပို့ခဲ့သူ ပြင်သစ် နောက်တန်းကစားသမားဟာ ခြေထောက် ကြွက်သားထိခိုက်ခံ ခဲ့ရပါတယ်။

ဒဏ်ရာက မပြင်းထန်ဘူး ဆိုရင်လဲ သုံးလေးပတ် အနားယူရမှာဖြစ်တဲ့ အတွက် နှစ်သစ်ပွဲစဉ်တွေမှာ ပါဝင်ခွင့်ရမှာ မဟုတ်ဘူး သူဟာ ပွဲစဉ် ခုနှစ်ခုနဲ့ အထက် လွဲနိုင်တယ်လို့ သိရပါတယ်..။

Sir Alex က ဒီအဖြစ်အပျက်က ၀မ်းနဲစရာကောင်းတဲ့နှစ်နာမှု ဖြစ်တယ်လို့ပြောခဲ့တယ်။ သူခြေဖေါးမှာရခဲ့တဲ့ ဒဏ်ရာကနေ နလံထူလာခါစဖြစ်ပြီ သူ့ရဲ့ဒဏ်ရာက အရမ်းကိုရိုးရှင်းတဲ့ ဒဏ်ရာလို့ပြောခဲ့တယ်။

ရောင်ကိုင်းနေတဲ့ ဒဏ်ရာ ထဲမှာသွေးပုပ်တွေ အများကြီးရှိနေတဲ့ အတွက် အဲဒီသွေးတွေ ရှင်းပစ်ဖို့ ၈-၁၀ ရက်အချိန်ယူရှင်းရမယ်။ အဲဒီနောက်မှာတော့ လေ့ကျင့်မှုတွေ ပြန်လုပ်နိုင်မှာ ဖြစ်တယ်။

ငါတို့မှာ ကစားရာမှာ အထူးကျွမ်းကျင်တဲ့ John O'Shea လို ကစားသမားကိုရထားတယ်။ သူ့ကို ကြိုက်တဲ့နေရာမှာ ကစားခိုင်းလို့ရတယ်။ သူသင့်ရဲ့ မျော်လင့်ချက်တွေကို စိတ်ပျက်စေမှာ မဟုတ်ဘူး လို့လဲ ဆာအဲလက်စ်က သူ့ကို အားပေးခဲ့ပါတယ်..။

Rio Ferdinand’s ဒဏ်ရာရပြန်တယ်။ စာချုပ် သက်တမ်းတိုးဖို့ကို မဆုံးဖြတ်ရသေးဘူး။

အလယ်ခံစစ်မူး ကသူ့ရဲ့ပြဿနာတွေအတွက် ကျွမ်းကျင်သူနဲ့တွေ့ခဲ့တယ်။ ဒါပေမယ့် အသေးစိပ်ဘာတွေ ဆွေးနွေးခဲ့တာတော့ မသိရဘူး။

ကျွန်ုပ်တို့ မျှော်လင့်တာက တော့ အက်ဖ်အေဖလား ရဲ့ အဆုံးအဖြတ် ပွဲစဉ်တွေ မှာ သူပြန်လာနိုင် မှာကိုပါပဲ..။
သူဟာ အခုဆိုရင် လေ့ကျင့်ခဏ်းတွေ စဉ်ဆက်မပြတ် ပြုလုပ်နေပြီ ဒါဟာ သူ့ကျန်းမာရေး ပြန်ကောင်းလာမယ့် မျှော်လင့်ချက်တစ်ခု ဖြစ်ပါတယ်..။

မန်ချက်စတာယူနိုက်တက်ရဲ့ နည်းပြ ဖြစ်သူက ဝက်စ်ဘရောင်း ဟာဆိုရင်လဲပဲ နှစ်ပါတ်ခန့် အကြာမှာ လေ့ကျင့်ခန်း ပြန်ဆင်းနိုင်မယ်လို့ မျှော်လင့်ရကြောင်းပြောကြားသွားပါတယ်..အသက်၂၉ နှစ်ရှိပြီဖြစ်တဲ့ နောက်တန်း ခံစစ် ကစားသမားဟာ လွန်ခဲ့သော နိုဝင်ဘာလက ခြေကျင်းဝတ် ကို ခွဲစိတ်ကုသမှု ခံယူခဲ့ရပါတယ် ဒါပေမယ့် သူကတော့ နောက်တစ်ပါတ်မှာ လေ့ကျင့်ခန်း အပြည့်ပြန်ဆင်းနိုင်ဖို့ မျှော်လင့်ထားပါတယ်..။

Patrice Evra ကွင်းဘေးထွက်ထိုင်နေရနိုင်တဲ့ ပွဲစဉ်တွေကတော့

14 Jan - Wigan (h) - Premier League
17 Jan - Bolton (a) - Premier League
20 Jan - Derby (h) - Carling Cup
24 Jan - Tottenham (h) - FA Cup
27 Jan - WBA (a) - Premier League
2 Feb - Everton (h) - Premier League
8 Feb - West Ham (a) - Premier League

Filed Under:

About the Author

မြန်မာလူမျိုး မန်ချက်စတာယူနိုက်တက် အသင်း အားပေးသူများ ဆုံစည်းရာ နေရာလေး တစ်ခုပါ..။ Myanmar Manchester Fan Club.

Leave a Reply