မြန်မာ မန်ချက်စတာယူနိုက်တက်ဖန် ဘလော့အား ကွန်မြူနတီ နှင့် ပေါင်း၍ အသစ်ထပ်မံ ဖွင့်လှစ်ထားပါသည် လက်ရှိအချိန်တွင် လိုအပ်သည်များကို ဆက်လက် ဖြည့်ဆည်းနေဆဲ ဖြစ်သော်လည်း ပိုစ့်များကို နောက်အသစ် ဖွင့်လှစ်သော www.manutdmm.com တွင်သာ ဆက်လက် ရေးသား သွားမည် ဖြစ်ကြောင်း မန်ယူဖန် များအား အသိပေးအပ်ပါသည်..။ မြန်မာမန်ချက်စတာဖန်ကလပ် သို့ သွားရန် အပေါ်မှ ပုံကို ကလစ်လုပ်ပါ သရဲနီချစ်မြတ်နိုးသူများအား ဖိတ်ခေါ်ပါတယ်
  • Match Review

  • Highlights

  • Premier League

  • Match Preview

  • Champion League

  • Player News

  • Man U News

  • Transfer News

  • Interview

  • Manchester United Club History

  • Feature

ရီးရဲလ်မှာဝတ်ဆင်မယ့်နံပါတ်၉



ခရစ်တီယာနို ရော်နယ်ဒိုသည် ယခင်က CR7 ဟူသည့် ကုန်အမှတ်တံဆိပ်အား မှတ်ပုံတင်ထားခဲ့ပြီး မန်ယူအသင်းတွင် နံပတ် ၇ ၀တ်စုံကို ၀တ်ဆင်ကစားခဲ့ပြီး ထိုကုန်အမှတ်တံဆိပ်ဖြင့် ငွေသန်းပေါင်းများစွာ ရရှိခဲ့ပြီးနောက် ယခုအခါ ရီးယဲမက်ဒရစ်အသင်းနှင့် အပြောင်းအရွှေ့အတွက် လျို့ဝှက်သဘောတူညီမှု ရရှိခဲ့ပြီးပြီဟူသည့်  သတင်းများ ထွက်ပေါ်လာနေချိန်တွင် ရော်နယ်ဒိုက ထိုသတင်းများကို ပိုမိုမြှင့်တက်စေမည့် CR9 ဟူသည့် ကုန်အမှတ်တံဆိပ်ကို ထပ်မံပြီး မှတ်ပုံတင်လိုက်ပြန်ပြီဖြစ်သည်။ သူ့အနေဖြင့် ထပ်မံ ပြောင်းရွှေ့မည့် ရီးယဲမက်ဒရစ်အသင်းတွင် ၀တ်ဆင်ကစားရမည့် နံပတ် ၉ အကျီ အတွက် ယခုကဲ့သို့ မှတ်ပုံတင်ခဲ့ခြင်းဖြစ်သည်ဟု ဆန်းသတင်းစာက ဖေါ်ပြနေသည်။ အသက် ၂၃ နှစ်ရှိ ရော်နယ်ဒိုမှာ မကြာခင်ကမှ ကမ္ဘာ့အကောင်းဆုံး ကစားသမားဆုကို လက်ခံရရှိခဲ့သဖြစ်ပြီး မကြမီမှာပါ CR9 ဆိုသည့် ကုန်အမှတ်တံဆိပ်ကို သူ၏ အေးဂျင့်ဖြစ်သူ Jorge Mendes က ပေါ်တူဂီရှိ National Institute of Industrial Property တွင် ထပ်မံပြီး မှတ်ပုံတင်ခဲ့ခြင်းဖြစ်သည်။ ရီးယဲမက်ဒရစ်အသင်းက ရော်နယ်ဒိုအား လက်ရှိမန်ယူတွင် ရရှိနေသော လစာ၏ နှစ်ဆဖြစ်သည့် တစ်ပတ်လျင် ပေါင် ၂၂၀၀၀၀ ပေးရန်သဘောတူညီမှု ရရှိပြီးဖြစ်ပြီးကြောင်းသတင်းများ ကျယ်ကျယ်လောင်လောင် ထွက်ပေါ်နေသည်။


စပိန်သားဂျာနယ်လစ် ဂူလီယမ်ဘလာဂူးက သူ၏၀က်ဘ်ဆိုက်တွင် မန်ယူစတားရော်နယ်ဒို၏ အေးဂျင့် ဂျော့ခ်ျမန်ဒက်စ်မှာ ရီးရဲလ်မက်ဒရစ်ဥက္ကဋ္ဌ ရာမွန်ကယ်လ်ဒါရွန်နှင့် လာမည့်နွေရာသီတွင် အပြောင်းအရွှေ့ကိစ္စအပြီးသတ်ရန် သဘောတူထားကြောင်း အသေအချာပင် ဖော်ပြလိုက်သည်။ အစောပိုင်းသတင်းများက အလားတူသဘောတူညီချက်တစ်ခုကို ရီးရဲလ်ဥက္ကဋ္ဌဟောင်း ဖလောရင်တီနို ပီရက်ဇ်နှင့် ပြုလုပ်ထားခဲ့ကြောင်း၊ ပီရက်ဇ်က ၄င်းအချက်ဖြင့် ရီးရဲလ်ဥက္ကဋ္ဌနေရာ ပြန်လည်ယှဉ်ပြိုင်ရာတွင် အသုံးချဖွယ်ရှိကြောင်း ရေးသားဖော်ပြခဲ့ကြသည်။ သို့ရာတွင် ဖီဖာ အကောင်းဆုံးကစားသမား ဆုချီးမြှင့်ပွဲအခမ်းအနားမတိုင်မီက သတင်းသမားများနှင့်တွေ့ဆုံရာတွင် ရော်နယ်လ်ဒိုက "ကျွန်တော့်အေးဂျင့်နဲ့ ဖလောရင်တီနိုပီရက်ဇ်တို့ သဘောတူညီမှု မရရှိခဲ့ကြပါဘူး။"ဟု ပြောကြားလိုက်ခြင်းမှာ ကယ်လ်ဒါရွန်နှင့်သာ သဘောတူထားသလို ယူဆစရာဖြစ်လာသည်။ ယခုရာသီတွင် မန်ယူအတွက် ၂၅ပွဲကစားပြီး ၁၀ဂိုးသွင်းပေးထားသူ ပေါ်တူဂီသားမှာ အိုးထရက်ဖို့ဒ်တွင် လုံးဝမရွှင်မပျ ဖြစ်နေပုံရကြောင်းလည်း သတင်းများက သုံးသပ်ထားကြသည်။ ဆာအဲလက်စ်ဖာဂူဆန်ကမူ မည်သည့်နည်းနှင့်မျှ ရော်နယ်လ်ဒို၏ အပြောင်းအရွှေ့ကို သဘောမတူနိုင်ဟု နောက်ဆုံးစကားပြောကြားထားသည်။ သို့သော်လည်း ဘလာဂူးက သဘောတူညီချက်နှင့်ပတ်သက်သော ငွေကြေးကိစ္စအပါအ၀င် အသည်းစိတ်အချက်အလက်များအရလည်းကောင်း၊ ကုန်အမှတ်တံဆိပ်ကို မှတ်ပုံတင်ခဲ့ခြင်းမရလည်းကောင်း ရော်နယ်ဒိုတစ်ယောက် ရီးယဲအသင်းသို့ ယခုနှစ်အတွင်း ပြောင်းရွှေ့တော့မည်မှာ အသေအခြာပင်ဖြစ်သည်ဟု သတင်းများက ဖေါ်ပြခဲ့ကြသည်။

Filed Under: ,

About the Author

မြန်မာလူမျိုး မန်ချက်စတာယူနိုက်တက် အသင်း အားပေးသူများ ဆုံစည်းရာ နေရာလေး တစ်ခုပါ..။ Myanmar Manchester Fan Club.

Leave a Reply