Manchester Utd vs Wigan
လင်းထက်
|
13 January, 2009
|
2 comments
ဒီကြာသာပတေးမှာ မန်ယူအသင်းဟာ ပွဲကျန်တပွဲဖြစ်တဲ့ ၀ီဂန်ကို အိမ်ကွင်းမှာ ဧည့်ခံရမှာ ဖြစ်ပါတယ်။ ဒီနှစ်သင်းရဲ့ နောက်ကြောင်းကို ပြန်ကြည့်တဲ့အခါမှာ ၀ီဂန်ဟာ မန်ယူအသင်းကို အိမ်ကွင်း/အဝေးကွင်း ၂ကွင်းစလုံးမှာ ဘယ်လိုမှ မယှဉ်နိုင်ပဲ အရှုံးတွေသာ ရှိခဲ့တဲ့ အသင်းတသင်းသာ ဖြစ်ပါတယ်။ ခုတလော ၀ီဂန်အသင်း ပရီးမီးယား လိဂ်မှာ အစွမ်းပြနေတာကတော့ တကယ်ပဲ ဖြစ်ပါတယ်။ ဒါပေမဲ့ စတိဘရုစ်ရဲ့ ၀ီဂန်အသင်းဟာ မန်ယူအသင်းကို အိုးထရတ်တ်ဖို့ဒ်မှာ ယှဉ်ပြိုင်နိုင်ဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။ မန်ယူဟာ ချဲလ်ဆီးနဲ့ပွဲမှာလည်း ချန်ပီယံအသင်း တသင်းရဲ့ ခြေဟာ ဘယ်လိုဆိုတာ ထုတ်ပြနိုင်ခဲ့ပါတယ်။ ဒါကြောင့် လက်ရှိ အချိန် ခြေစွမ်းအကောင်းဆုံး ဖြစ်နေတဲ့ မန်ယူအသင်းသာ အနိုင်ရရှိသွားမဲ့ ပွဲဖြစ်ပါတယ်။ ဂိုးပြတ်မပြတ်သာ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။ ရူနီ၊ ဘာဘာတော့ဖ်၊ ရော်နယ်လ်ဒို တို့ ဘယ်သူတွေ ဂိုးသွင်းကြမလဲဆိုတာတော့ ဒီည ဖန်သားပြင်မှာ အားပေးရင်း စောင့်ကြည့် ကြစို့ဗျာ။ မန်ယူ .. မန်ယူ .. မန်ယူ ...
Filed Under: Match Preview



မန်ယူ .. မန်ယူ.. မန်ယူ..
ဘယ်နှစ်ဂိုးပြတ်မလဲ.. စောင့်ကြည့်လိုက်ဦးမယ်... :P
ခေါင်ခေါင်. ပဲ.. အပေါ်က.. ဟီးဟီး.... ဘွာစတေး.. နော်...