မြန်မာ မန်ချက်စတာယူနိုက်တက်ဖန် ဘလော့အား ကွန်မြူနတီ နှင့် ပေါင်း၍ အသစ်ထပ်မံ ဖွင့်လှစ်ထားပါသည် လက်ရှိအချိန်တွင် လိုအပ်သည်များကို ဆက်လက် ဖြည့်ဆည်းနေဆဲ ဖြစ်သော်လည်း ပိုစ့်များကို နောက်အသစ် ဖွင့်လှစ်သော www.manutdmm.com တွင်သာ ဆက်လက် ရေးသား သွားမည် ဖြစ်ကြောင်း မန်ယူဖန် များအား အသိပေးအပ်ပါသည်..။ မြန်မာမန်ချက်စတာဖန်ကလပ် သို့ သွားရန် အပေါ်မှ ပုံကို ကလစ်လုပ်ပါ သရဲနီချစ်မြတ်နိုးသူများအား ဖိတ်ခေါ်ပါတယ်
  • Match Review

  • Highlights

  • Premier League

  • Match Preview

  • Champion League

  • Player News

  • Man U News

  • Transfer News

  • Interview

  • Manchester United Club History

  • Feature

မန်ယူပရိတ်သတ်တွေ အားပေးမှုကို အရင်အတိုင်းပဲရဖို့ ရွှေဖိနပ်ဆုရှင် စီရော်နယ်ဒို မျှော်လင့်

ခရစ်စတီယာနို ရော်နယ်ဒိုက သဘက်ခါ ချန်ပီယံလိဂ်ပွဲမှာ ပြန်ကစားတဲ့အခါ မန်ယူ ပရိတ်သတ်တွေက အရင်တုန်းက အတိုင်း သူရဲကောင်း တစ်ယောက်လိုပဲ ကြိုဆိုလိမ်မယ်လို့ မျှော်လင့်နေပါတယ်။

ဥရောပ ရွှေဖိနပ်ဆုရှင် စီရော်နယ်ဒို

ဒဏ်ရာကနေ ကောင်းလာတဲ့ ပေါ်တူဂီစတားဟာ ဗီလာရီရဲလ်နဲ့ ကစားမဲ့ ချန်ပီယံလိဂ်ပွဲမှာ မန်ယူအတွက် ပြန်ကစားနိုင်ဖို့ မျှော်လင့် နေပါတယ်။သဘက်ခါည ချန်ပီယံလိဂ်ပွဲမှာ ရော်နယ်ဒို ကစားခွင့်ရရင် နွေရာသီတုန်းက ရီရဲလ်ကိုပြောင်းဖို့ ကြိုးစာတာ မအောင်မြင်တဲ့နောက်ပိုင်းမှာ အိုးထရက်ဖို့ဒ်အတွက် ပထဆုံး ပြန်ကစားတဲ့ပွဲ ဖြစ်ပါလိမ့်မယ်။ “ကျနော် မန်ယူ တီရှပ်ကို ၀တ်လိုက်တဲ့အခါမှာ ကျနော့်မှာ ရှိသလောက် ပေးဆပ် သွားမှာပါ။ ဒီအသင်းရဲ့ သမိုင်းမှတ်တိုက် စိုက်ထူနိုင် ပြီးပါပြီ။ ကျနော် ကစားတဲ့အခါမှာလည်း ပရိတ် သတ်တွေရဲ့ အချစ်တွေကို ပြန်ရမှာပါ” လို့ ရော်နယ်ဒိုက ပြောပါတယ်။ မန်ချက်စတာစီးတီးက ပေါင်သန်း (၁၃၅)နဲ့ ကမ်းလှမ်းဖို့ ပြင်ဆင်နေတယ်ဆိုတဲ့ အပေါ်မှာ ရော်နယ်ဒိုက “ကျနော့်အနေနဲ့ နောက်ထပ် မန်ချက်စတာစီးတီးအသင်းရဲ့ တီရှပ်ကို ၀တ်ပြီး ကစားဖို့ အကြောင်းမရှိပါဘူး” လို့ ပြောပါတယ်။



“ကျနော့်ကိုယ် ကျနော် အဲဒီလောက်အထိ တန်ဖိုးရှိလိမ့်မယ်လို့ မထင်ပါဘူး”

အသက် (၂၃)နှစ်အရွယ် စီရော်နယ်ဒိုဟာ ပြီးခဲ့တဲ့ ရာသီအတွင်းမှာ ဂိုးပေါင်း (၄၂)ဂိုး သွင်း ယူနိုင်လို့ ဥရောပရဲ့ ဂိုးသွင်းအများအဆုံး ရွှေဖိနပ်ဆုကို ရရှိခဲ့ပါတယ်။မန်ယူနည်းပြ ဖာဂူဆန်ကလည်း စနေနေ့တုန်းက လီဗာပူးကို ရှုံးတဲ့ပွဲအပြီးမှာ ရော်နယ်ဒိုကို တမ်းတ နေပါတယ်။



ပုံကို Click ပြီး စိတ်ကြိုက် သုံးသပ်ကြည့်ရှုနိုင်ပါတယ်။









Filed Under: ,

About the Author

မြန်မာလူမျိုး မန်ချက်စတာယူနိုက်တက် အသင်း အားပေးသူများ ဆုံစည်းရာ နေရာလေး တစ်ခုပါ..။ Myanmar Manchester Fan Club.

Leave a Reply