မြန်မာ မန်ချက်စတာယူနိုက်တက်ဖန် ဘလော့အား ကွန်မြူနတီ နှင့် ပေါင်း၍ အသစ်ထပ်မံ ဖွင့်လှစ်ထားပါသည် လက်ရှိအချိန်တွင် လိုအပ်သည်များကို ဆက်လက် ဖြည့်ဆည်းနေဆဲ ဖြစ်သော်လည်း ပိုစ့်များကို နောက်အသစ် ဖွင့်လှစ်သော www.manutdmm.com တွင်သာ ဆက်လက် ရေးသား သွားမည် ဖြစ်ကြောင်း မန်ယူဖန် များအား အသိပေးအပ်ပါသည်..။ မြန်မာမန်ချက်စတာဖန်ကလပ် သို့ သွားရန် အပေါ်မှ ပုံကို ကလစ်လုပ်ပါ သရဲနီချစ်မြတ်နိုးသူများအား ဖိတ်ခေါ်ပါတယ်
  • Match Review

  • Highlights

  • Premier League

  • Match Preview

  • Champion League

  • Player News

  • Man U News

  • Transfer News

  • Interview

  • Manchester United Club History

  • Feature

သရဲနီ စိတ်ဓာတ် ဘာလဲ

ဒီ ဆိုဒ်လေးကို ကြိုးစား ပမ်းစားလုပ်ထားတဲ့ လူအားလုံးကို အထူးပဲ ကျေးဇူးတင်မိပါတယ်။ ဟိုးအရင်တည်းက တခြား အသင်းဖန် တွေရဲ့ ဘလော့တွေ တက်လာတိုင်း သွားသွားကြည့်ရင်း ပြိုင်ဘက် အသင်းဖန်တွေရဲ့ အသင်းပေါ် ချစ်စိတ်ကို အရမ်းပဲ မနာလိုဖြစ်ခဲ့ ရပါတယ်။ ဟော အခု ကျနော်တို့ရဲ့ သရဲနီ ဘလော့လေး ပေါ်လာခဲ့ပါပီ။ သို့ပေမဲ့ကာ အားလုံး ကျနော့ကို ၀ိုင်းဆဲလည်း ခံရမှာပါပဲ ကျနော်ဟာ အသင်းဝင်အဖြစ် နောက်ဆုံးမှ ၀င်ခဲ့သလို ဘာမှလည်း လုပ်ပေးနိုင်ခဲ့တဲ့ ကောင်မဟုတ်ပါဘူး။ ဒါပေမဲ့ အသင်းကို ချစ်တဲ့စိတ်ကတော့ တအားထက်သန်ပါတယ်။ ကျတော်တို့ မန်ယူ သရဲနီဖန်တွေဟာ အသင်းကိုချစ်ရာမှာ တခြား အသင်းတွေထက် သာပါတယ် ဘာကြောင့်များ ကျနော်တို့ ဘလော့မှာ သူများတွေလောက် စုံအောင် မလုပ်နိုင်ကြတာပါလဲ။ အားလုံး တယောက်တလက် ညီညီညာညာ ၀ိုင်းလုပ်ကြရင် စိုပြေလာမှပါ။ ခုတော့ ပို့စ်တွေကကျဲ အသင်းရဲ့ သတင်းတွေ က မစုံ။ ပြိုင်ဘက် အသင်း သား တယောက်ယောက်ကများ လာ ကြည့်ပီး ဝေဖန်ရင်ခံရမှာပါ။ ကျနော်က ကျနော့အသင်းကို သေးသေးတင်တောင် မခံချင်ပါဘူး။ အားလုံးဟာလည်း ကျနော့်စိတ်လိုပဲ ဆိုတာ အကြွင်းမဲ့ ယုံကြည်ပါတယ်။ အားလုံး ကိုယ့်အလုပ်နဲ့ကိုယ် မအားနိုင်ကြပေမဲ့ ကျနော်တခုတောင်းဆိုချင်တယ်ဗျာ တူတူကြိုးစားကြရအောင်လို့။ ခုအောင်မြင်နေတာ လီဗာပူး ဘလော့နဲ့ ချဲလ်ဆီးဘလော့ပါ အားလုံးဟာ တကယ့်ကို ၀ိုင်းလုပ်နေကြပါတယ် တကယ်ချီးကျူးမိပါတယ်။ ကျနော်ဟာ ဒီဘလော့ ပညာဘက်ပိုင်းဆိုင်ရာ မကျွမ်းကျင်ပေမဲ့ တခုခု ခိုင်းရင် ဖြစ်အောင် ကြိုးစားမှာပါ။ ကျေးဇူးပြုပီး သရဲနီတွေ စိတ်ဓာတ်ကို စုစည်းကြရအောင်ဗျာ။
အားလုံးကို စော်ကားမိတယ်ဆို အနူးအညွတ်တောင်းပန်ပါတယ်ဗျာ ဒီဘလော့လေးကို အောင်မြင်စေချင်လို့ပါ။

Filed Under:

About the Author

မြန်မာလူမျိုး မန်ချက်စတာယူနိုက်တက် အသင်း အားပေးသူများ ဆုံစည်းရာ နေရာလေး တစ်ခုပါ..။ Myanmar Manchester Fan Club.

Leave a Reply