မြန်မာ မန်ချက်စတာယူနိုက်တက်ဖန် ဘလော့အား ကွန်မြူနတီ နှင့် ပေါင်း၍ အသစ်ထပ်မံ ဖွင့်လှစ်ထားပါသည် လက်ရှိအချိန်တွင် လိုအပ်သည်များကို ဆက်လက် ဖြည့်ဆည်းနေဆဲ ဖြစ်သော်လည်း ပိုစ့်များကို နောက်အသစ် ဖွင့်လှစ်သော www.manutdmm.com တွင်သာ ဆက်လက် ရေးသား သွားမည် ဖြစ်ကြောင်း မန်ယူဖန် များအား အသိပေးအပ်ပါသည်..။ မြန်မာမန်ချက်စတာဖန်ကလပ် သို့ သွားရန် အပေါ်မှ ပုံကို ကလစ်လုပ်ပါ သရဲနီချစ်မြတ်နိုးသူများအား ဖိတ်ခေါ်ပါတယ်
  • Match Review

  • Highlights

  • Premier League

  • Match Preview

  • Champion League

  • Player News

  • Man U News

  • Transfer News

  • Interview

  • Manchester United Club History

  • Feature

Manchester Utd Vs Villa Real



သမိုင်းကြောင်း

မန်ယူ ၀ - ၀ ဗီလာရီးရဲ (၂၀၀၅ ချန်ပီယံလိဂ်)
ဗီလာရီးရဲ ၀ - ၀ မန်ယူ (၂၀၀၅ ချန်ပီယံလိဂ်)

တွေ့နေကျ ၂ သင်း ပြန်တွေ့တာ ဖြစ်လို့ ဒီပွဲဟာ စိတ်ဝင်စား စရာ အထူးကောင်းမွန်မှာ သေချာပါတယ်။ နောက်ဆုံး တွေ့ဆုံခဲ့တဲ့ ၂ပွဲ မှာ(အထက်ပါ သမိုင်း) ၂ဘက် အသင်းဟာ တသင်းနဲ့ တသင်း ဂိုးသွင်းယူ နိုင်မှုမရှိ ခဲ့ပါဘူး။ ဒါပေမဲ့ ဖာဂီရဲ့ မန်ယူဟာ ချန်ပီယံလိဂ်သမိုင်းမှာ စပိန်အသင်းတွေနဲ့ တွေ့ရင် ကံကောင်းတတ်ပါတယ်။ ပီးခဲ့တဲ့ ချန်ပီယံလိဂ် မှာလည်း ရှုံးပွဲမရှိ ချန်ပီယံလိဂ်ဖလားကို သိမ်းယူခဲ့တာပါ။ ဖာဂီဟာ ဒီချန်ပီယံဖလားရဲ့ ဂုဏ်သိက္ခာကို အကျခံမယ် မထင်ပါဘူး။ ဗီလာရီးရဲဟာ အရင်နှစ်က စပိန်လိဂ်မှာ ခြေစွမ်းပြခဲ့တာကြောင့် ဒီအသင်းကို တော်ရုံတွက်ရင်တော့ ဖာဂီ အတွက် လွယ်မယ်မထင်ပါဘူး။ မန်ယူအတွက် နောက်ဆုံးပွဲစဉ် ပရီးမီးယားလိဂ်မှာ ပြိုင်ဘက် လီဗာပူးကို ရှုံးထားပေမဲ့ ခုပွဲမှာ ကာရစ် တယောက်ကလွဲလို့ အီဗရာ၊ စီရော်နယ်ဒို တို့ ပြန်ပါဝင်နိုင်ဖွယ် ရှိတာကြောင့် မန်ယူ လူစုံတယ် ပြောရပါမယ်။ ကျနော်ကတော့ လက်ရှိချန်ပီယံ မျက်နှာလေးကို မော့ပီး စပိန်အသင်းကို အိမ်ကွင်းမှာ ဧည့်ခံလိုက် ချင်ပါတယ်။

ဒီပွဲအတွက် ကျနော့ ခန့်မှန်းချက်က မန်ယူ ၂:၀ ဗီလာရီးရဲ ပါ။

Filed Under:

About the Author

မြန်မာလူမျိုး မန်ချက်စတာယူနိုက်တက် အသင်း အားပေးသူများ ဆုံစည်းရာ နေရာလေး တစ်ခုပါ..။ Myanmar Manchester Fan Club.

Leave a Reply