မြန်မာ မန်ချက်စတာယူနိုက်တက်ဖန် ဘလော့အား ကွန်မြူနတီ နှင့် ပေါင်း၍ အသစ်ထပ်မံ ဖွင့်လှစ်ထားပါသည် လက်ရှိအချိန်တွင် လိုအပ်သည်များကို ဆက်လက် ဖြည့်ဆည်းနေဆဲ ဖြစ်သော်လည်း ပိုစ့်များကို နောက်အသစ် ဖွင့်လှစ်သော www.manutdmm.com တွင်သာ ဆက်လက် ရေးသား သွားမည် ဖြစ်ကြောင်း မန်ယူဖန် များအား အသိပေးအပ်ပါသည်..။ မြန်မာမန်ချက်စတာဖန်ကလပ် သို့ သွားရန် အပေါ်မှ ပုံကို ကလစ်လုပ်ပါ သရဲနီချစ်မြတ်နိုးသူများအား ဖိတ်ခေါ်ပါတယ်
  • Match Review

  • Highlights

  • Premier League

  • Match Preview

  • Champion League

  • Player News

  • Man U News

  • Transfer News

  • Interview

  • Manchester United Club History

  • Feature

အနာဂတ်ရဲ့ ကြယ်တပွင့် ဂျွန်နီအီဗန်


ဆာအဲလက်စ် ဖာဂူဆန်ဟာ လာမဲ့ တနင်္ဂနွေ စတမ်းဖို့ဘရစ်ခ်ျမှာ သွားကန်ရမဲ့ ပွဲအတွက် နောက်ခံအလယ်လူ အဖြစ် လူငယ် မျိုးဆက်သစ် အသက် ၂၀ အရွယ် ဂျွန်နီအီဗန်ကို သုံးမဲ့ အနေအထားမှာ ရှိနေပါတယ်။



နောက်ခံလူ နီဂျာမန်ဗီဒစ် ဟာ လီဗာပူးနဲ့ပွဲမှာ သုံးပွဲပယ် ပြစ်ဒဏ်ရထားတာကြောင့် ဒီနောက်ခံလူနေရာမှာ ဘယ်သူ့ကို အစားထိုးသုံးမလဲ ဆိုတာ ဖာဂီအတွက် ဦးနှောက်ခြောက်စရာ ကိစ္စ တခု ဖြစ်ခဲ့ပါတယ်။ ဒီအချိန်မှာ ဗီလာရီးရဲလ် နှင့် ကန်ခဲ့တဲ့ ပွဲတွင် ထည့်သုံးခဲ့သော ဂျွန်နီအီဗန်ဟာ ဖာဂူဆန်ရဲ့ ပြသနာကို ဖြေရှင်းပေးနိုင်ကြောင်း ချန်ပီယံလိဂ်ပွဲစဉ်မှာ သက်သေပြခဲ့ပါတယ်။ ဗီလာရီးရဲလ်နှင့် ကန်ခဲ့သောပွဲအပါအ၀င် မန်ယူ အသင်းကြီးတွင် အီဗန် ကစားပေးခဲ့သော ပွဲမှာ လေးပွဲမျှသာ ရှိပါသေးတယ်။ ဖာဂူဆန်က " အဲ့ဒီညဟာ အီဗန့်အတွက် သူ့အစွမ်းအရည်ကို ထုတ်ပြခွင့် ရခဲ့တဲ့ ညဖြစ်တယ် " လို့ ပြောကြားခဲ့ပါတယ်။ ထို့အပြင် ဒီနှစ် အပြောင်းအရွှေ့ဈေးကွက်မှာ အီဗန့်ကို ကမ်းလှမ်းလာတဲ့ အသင်း သုံလေးသင်း ရှိပေမဲ့ ကျနော်တို့ သူ့ကို ယုံကြည်ပီး မရောင်းခဲ့ တာဟာ မှန်ကန်တယ်လို့ ဒီအချိန်မှာ သူ့အစွမ်းအရည်က သက်သေပြနေကြောင်း နဲ့ ဂျွန်နီဟာ အနာဂတ်မှာ မန်ယူရဲ့ အဓိက ခံစစ်မှူး ဖြစ်လာမယ် ဆိုတာ ယုံကြည်နေပါတယ်လို့ ပြောခဲ့ပါတယ်။

Filed Under:

About the Author

မြန်မာလူမျိုး မန်ချက်စတာယူနိုက်တက် အသင်း အားပေးသူများ ဆုံစည်းရာ နေရာလေး တစ်ခုပါ..။ Myanmar Manchester Fan Club.

Leave a Reply