မြန်မာ မန်ချက်စတာယူနိုက်တက်ဖန် ဘလော့အား ကွန်မြူနတီ နှင့် ပေါင်း၍ အသစ်ထပ်မံ ဖွင့်လှစ်ထားပါသည် လက်ရှိအချိန်တွင် လိုအပ်သည်များကို ဆက်လက် ဖြည့်ဆည်းနေဆဲ ဖြစ်သော်လည်း ပိုစ့်များကို နောက်အသစ် ဖွင့်လှစ်သော www.manutdmm.com တွင်သာ ဆက်လက် ရေးသား သွားမည် ဖြစ်ကြောင်း မန်ယူဖန် များအား အသိပေးအပ်ပါသည်..။ မြန်မာမန်ချက်စတာဖန်ကလပ် သို့ သွားရန် အပေါ်မှ ပုံကို ကလစ်လုပ်ပါ သရဲနီချစ်မြတ်နိုးသူများအား ဖိတ်ခေါ်ပါတယ်
  • Match Review

  • Highlights

  • Premier League

  • Match Preview

  • Champion League

  • Player News

  • Man U News

  • Transfer News

  • Interview

  • Manchester United Club History

  • Feature

Chelsea Vs Manchester Utd (Premier League)


Barclays Premier League
Chelsea Vs Man Utd
Venue - Stamford Bridge
Kick Off -14:00
Sunday 21st September

မန်ယူ အသင်းဟာ လာမဲ့ တနင်္ဂနွေမှာ လက်ရှိ ရေပန်းစားနေတဲ့ ချဲလ်ဆီး အသင်းနဲ့ အဝေးကွင်းမှာ ယှဉ်ပြိုင် ကစား ရမှာ ဖြစ်ပါတယ်။ လက်ရှိ အနေအထား အကောင်းဆုံး ချဲလ်ဆီးအသင်းဟာ လူမစုံတဲ့ မန်ယူအသင်းအတွက် အန္တရာယ်ရှိတဲ့ အသင်းတသင်းဆိုတာ မမှားပါဘူး။



ချဲလ်ဆီးဟာ ဒီနှစ် ရာသီ စစခြင်းမှာပဲ ပို့စ်မောက်အသင်းကို လေးဂိုး ဂိုးမရှိ၊ ၀ီဂန်အသင်းကို တဂိုး ဂိုးမရှိ၊ စပါးနဲ့ သရေ၊ မန်ချက်စတာ စီးတီးကို သုံးဂိုး တဂိုး၊ ဘော်ဒိုး အသင်းကို လေးဂိုး ဂိုးမရှိနဲ့ ကစားနိုင်ခဲ့တာ တွေ့ရမှာပါ။ စကိုလာရီရဲ့ အသင်းဟာ ဒီအချိန်မှာ အကောင်းဆုံး အနေအထားကို ရောက်ရှိနေပါတယ်။ မန်ယူ အသင်း လူမစုံ မှုတွေနဲ့ ပြည့်နေချိန်မှာ ချဲလ်ဆီးဟာ တတ်နိုင်သလောက် အမှတ်ယူမဲ့ အနေအထားမှာ ရှိနေပါတယ်။ သြဂတ်စ် လအတွက် အကောင်းဆုံး ဘောလုံးသမားဆုကို ရရှိထားတဲ့ ဒေကိုဟာလည်း ဒီအချိန်မှာ အကောင်းဆုံး အနေအထား ရောက်ရှိနေတယ်ဆိုတာ ငြင်းမရပါဘူး။

မန်ယူအနေနဲ့ကတော့ ဗီဒစ် ဒဏ်ရာရပီး အစားထိုး သုံးထားရတဲ့ ဂျွန်အီဗန်နဲ့ အသားမကျနိုင်သေးတဲ့ ဖာဒီနန် အတွက် အနည်းငယ် ဒုက္ခ ရောက်နေပါတယ်။ ဘာဘာတော့ဖ်၊ ရူနီ၊ တီဗက်စ်၊ ရော်နယ်လ်ဒိုတို့ဂိုးသွင်းဖို့ကိုပဲ မျှော်လင့်ရမှာပါ။

Source : Machester Utd Official Site

Filed Under:

About the Author

မြန်မာလူမျိုး မန်ချက်စတာယူနိုက်တက် အသင်း အားပေးသူများ ဆုံစည်းရာ နေရာလေး တစ်ခုပါ..။ Myanmar Manchester Fan Club.

2 comments

Trackback URL | Comments RSS Feed

  1. စောနွဲ့ says:

    အေးဆေးပါဗျာ။ ဘာလို့ မနိုင်ရမှာလဲ။ ကြည့်ထား ချက်စိရဲ့ ပွဲ ၁၀၀ နီးပါး အိမ်ကွင်းရှုံပွဲမရှိ စံချိန်ကို ချိုးလိုက်မှာ။ မောင်ရွန်နီက အဲလိုမျိုးဆို ဝါသနာပါတယ်လေ။ ဟီးးး မှန်တယ်နော်။ မန်ယူကွ။။။ အဲကောင်တွေ အသေဇွတ်ပြေးနေတာ။ အလယ်နားရောက်ရင် ခွာလိပ်တော့မှာ။ ကြည့်ထား။။။

     
  2. ကိုတိုးလေး says:

    မန်ယူဟာ မန်ယူပါပဲဗျာ
    အခုမှာပွဲစဉ်က အစပဲရှိပါသေးတယ် ချယ်ဆီးရှေ့ကသာ ပြေးနေပါစေ အချိန်တန်ရင် ချန်ပီယံဟာ မန်ယူပါပဲဗျာ။
    မန်ယူ........... မန်ယူ

     

Leave a Reply