မြန်မာ မန်ချက်စတာယူနိုက်တက်ဖန် ဘလော့အား ကွန်မြူနတီ နှင့် ပေါင်း၍ အသစ်ထပ်မံ ဖွင့်လှစ်ထားပါသည် လက်ရှိအချိန်တွင် လိုအပ်သည်များကို ဆက်လက် ဖြည့်ဆည်းနေဆဲ ဖြစ်သော်လည်း ပိုစ့်များကို နောက်အသစ် ဖွင့်လှစ်သော www.manutdmm.com တွင်သာ ဆက်လက် ရေးသား သွားမည် ဖြစ်ကြောင်း မန်ယူဖန် များအား အသိပေးအပ်ပါသည်..။ မြန်မာမန်ချက်စတာဖန်ကလပ် သို့ သွားရန် အပေါ်မှ ပုံကို ကလစ်လုပ်ပါ သရဲနီချစ်မြတ်နိုးသူများအား ဖိတ်ခေါ်ပါတယ်
  • Match Review

  • Highlights

  • Premier League

  • Match Preview

  • Champion League

  • Player News

  • Man U News

  • Transfer News

  • Interview

  • Manchester United Club History

  • Feature

ကျနော်ချစ်သော မန်ယူ

သူလေးနဲ့ စသိခဲ့တာ အခုဆိုရင် ဘာလိုလိုနဲ့ ၈ နှစ်ကျော်လာပါပြီ။ သူလေးကို စတွေ့တုန်းကတော့ သွက်လတ်တဲ့ အသွင်၊ မြင့်မြတ်တဲ့ စိတ်ဓါတ်လေးတွေနဲ့ပေါ့.. သူလေးဟာ ကျနော်နှလုံးသားရဲ့ တစ်နေရာမှာ တဖြည်းဖြည်း နေရာယူလာခဲ့ပါတယ်.. သူလေးရှိတဲ့နေ့ဆိုရင် ကျနော်စိတ်မှာ ပျော်ရွှင်လို့ပေါ့… သူလေးဆိုလို့ တခြားမထင်နဲ့ ဦးနော့် ကျနော်ရဲ့ အသဲစွဲ မန်ယူ ကိုပြောတာဗျ..

ကျနော် မန်ယူအသင်းကို စတင်သိခွင့်ကြုံတာက ၂၀၀၀ ခုနှစ်လောက်မှပါ.. သူများတွေပြောသလို ဖလား ၃ လုံးရတာလည်း ကျနော်မမီလိုက်ပါဘူး.. ဒါပေမဲ့ ကျနော် အကြိုက်ဆုံးကတော့မန်ယူ.. ဘာလို့ဒီအသင်းကို ကြိုက်ပါသလဲဆိုရင်တော့ အသင်းစိတ်ဓါတ် အပြည့်အ၀ရှိလို့ပါပဲ.. ဒီလိုပြောလို့ ကျနော်တခြားအသင်းတွေကို ထိခိုက်စော်ကားတာမဟုတ်ပါဘူး.. ဒါပေမဲ့ ကျနော်တို့ မန်ယူ အသင်းရဲ့ သရဲနီ စိတ်ဓါတ်ကိုတော့ အခြားအသင်းတွေ ဘယ်အသင်းမှ လိုက်မီမယ်မှာမဟုတ်ဘူးလို့ ကျနော်ယုံကြည်ပါတယ်


မန်ယူရဲ့ မလျှော့သော ဇွဲ၊ လုံ့လတွေကြောင့် ဒီအသင်းကို တဖြည်းဖြည်းသံယောဇဉ် တွဲမိခဲ့ပါတယ်.. ကျနော်အကြိုက်ဆုံးကတော့ ကိုယ်အသင်းအနိုင်ရနေပြီးဆိုရင် ဘောလုံးကိုထောင့်နားမှာ ယူသွားပြီး အချိန်ဆွဲတတ်တဲ့ အသင်းမျိုးမဟုတ်လို့ပါပဲ.. ဒါဟာ အားကစားစိတ်ဓါတ်၊ အခြားအသင်းပေါ်မှာထားတတ် လေးစားမူရှိတဲ့ စိတ်ဓါတ်.. ဒီစိတ်ဓါတ်တွေဟာ မန်ယူအသင်းမှာ အပြည့်အ၀ကို ရှိပါတယ်..


မန်ယူအသင်မှာ ကျနော် အကြိုက်ဆုံးကစားသမားကတော့ ဒေးဗစ်ဘက်ခမ်းပါပဲ သူနဲ့ ကျနော်တို့ ဆရာကြီး ဖာဂီနဲ့ ဘယ်လိုပဲ အဆင်မပြေဖြစ်ဖြစ် သူရဲ့ အသင်းပေါ်ထားတဲ့ စိတ်ဓါတ်၊ချစ်စိတ် ကိုတော့လေးစား အားကျမိပါတယ်… သူမရှိတော့ပေမဲ့ ကျနော်ရဲ့ မန်ယူအသင်းဟာ ဟန်ချက်မပျက်အောင်ဆက်သွားနိုင်ခဲ့ပါတယ်.. ဒါဟာ နည်းပြဖာဂီရဲ့ အရည်အသွေးကို ထုတ်ပြလိုက်တာပါပဲ…

ကျနော်ဒီ မန်ယူအသင်းကို ဘယ်လောက်ထိ ကြိုက်သလဲဆိုရင် မန်ယူအသင်းကန်တဲ့ ပွဲစဉ်တိုင်း နီးပါးကို ကြည့်ဖြစ်ပါတယ်… တခါတလေ မန်ယူပွဲကို မကြည့်ဖြစ်လိုက်လို အသင်းရှုံးသွားခဲ့ရင် အားမပေးဖြစ်တဲ့ အတွက်ရှုံးသွားရခြင်းလို့ စိတ်ကခံယူမိပါတယ်… မှန်တာပြောရရင် ကျနော် စီရိုနယ်ဒိုရဲ့ ကစားဟန်တွေကို ကြိုက်နှစ်သက်ပါတယ်.. ဒါပေမဲ့ သူရဲ့ အသင်းပေါ်ထားတဲ့ စိတ်ဓါတ်ကိုတော့ သိပ်မကြိုက်ပါဘူး… သူဟာတသင်းအတွက် အရေးကြီးတဲ့ သူတစ်ယောက်ဖြစ်ပေမဲ့ တခါတလေ တကိုယ်ကောင်းစိတ်များပါတယ်.. ကျနော်အကြိုက်ဆုံးကတော့ ရူနီပါပဲ… သူဟာ ကျနော်တို့ မန်ယူရဲ့ ဂန္တ၀င်ကစားသမားတွေဖြစ်တဲ့ ကန်တိုနာ၊ ရွိင်းကိန်းတို့လို့ အသင်းအပေါ် စိတ်ဓါတ်အပြည့်အ၀ ထားနိုင်တဲ့သူတစ်ယောက်ပါ..

ဒီရာသီမန်ယူအသင်းရဲ့ အစပွဲစဉ်တွေဟာ စွဲမက်ဖွယ်မဟုတ်ဘူးဆိုတာ ကျနော်ဝန်ခံပါတယ်.. ဒါပေမဲ့ ဘယ်သူတွေ ဘယ်လိုပြောပြော ကျနော်ကတော့ ကျနော်ချစ်တဲ့ မန်ယူ အသင်းသာ နောက်ဆုံးကြရင် ဗိုလ်စွဲနိုင်မယ်လို့ ယူဆထားပါတယ်…

ဒီပိုစ့်လေးရေးဖြစ်အောင် ကျနော်ဆီကို မေးလ်ပို့လာတဲ့ reddevillover@gmail.comကို ကျေးဇူးအထူးတင်ပါတယ်.. ဘာပဲပြောပြော မန်ယူဟာ မန်ယူ ပါပဲလို့……….. :)

တောင်ပေါ်သား

Filed Under:

About the Author

မြန်မာလူမျိုး မန်ချက်စတာယူနိုက်တက် အသင်း အားပေးသူများ ဆုံစည်းရာ နေရာလေး တစ်ခုပါ..။ Myanmar Manchester Fan Club.

1 comment

Trackback URL | Comments RSS Feed

  1. မိုးသောက်ယံ says:

    ကိုစိုးမင်းထက် ရေ ပို့စ်အတွက် ကျေးဇူးတင်ကြောင်း အရင် ပြောပါရစေ။ အကို့ရဲ့ မန်ယူအသင်းပေါ် ချစ်ခင်တဲ့ စိတ်ကိုလည်း လေးစားရပါတယ်။ ကျနော်တို့ အသင်းဝင် တိုင်းဟာ ဒီလိုစိတ်ဓာတ်မျိုးတွေပါပဲ အားရမိပါရဲ့။ ဆက်လက်ပီး ပို့စ်များ တင်ပါဦးလို့ .. သိထားတဲ့သတင်း လေးများ ရှိရင်လည်း မျှဝေပါဦးလို့ .. ချဲလ်ဆီးနဲ့ပွဲ အတွက် စောင့်မျှော်ရ အောင်ဗျာ ..

     

Leave a Reply