မြန်မာ မန်ချက်စတာယူနိုက်တက်ဖန် ဘလော့အား ကွန်မြူနတီ နှင့် ပေါင်း၍ အသစ်ထပ်မံ ဖွင့်လှစ်ထားပါသည် လက်ရှိအချိန်တွင် လိုအပ်သည်များကို ဆက်လက် ဖြည့်ဆည်းနေဆဲ ဖြစ်သော်လည်း ပိုစ့်များကို နောက်အသစ် ဖွင့်လှစ်သော www.manutdmm.com တွင်သာ ဆက်လက် ရေးသား သွားမည် ဖြစ်ကြောင်း မန်ယူဖန် များအား အသိပေးအပ်ပါသည်..။ မြန်မာမန်ချက်စတာဖန်ကလပ် သို့ သွားရန် အပေါ်မှ ပုံကို ကလစ်လုပ်ပါ သရဲနီချစ်မြတ်နိုးသူများအား ဖိတ်ခေါ်ပါတယ်
  • Match Review

  • Highlights

  • Premier League

  • Match Preview

  • Champion League

  • Player News

  • Man U News

  • Transfer News

  • Interview

  • Manchester United Club History

  • Feature

Manchester Utd 0 - 0 Villareal (Champion League)

ဂယ်ရီနဗီလ်း ဦးဆောင်တဲ့ မန်ယူမှာ ခန့်မှန်း ထားတဲ့အတိုင်း ကာရစ်နဲ့ ဘဘာတော့ဖ်တို့ ပွဲစမှာ မပါဝင် နိုင်ခဲ့ပါဘူး။ ရော်နယ်ဒိုကတော့ အရံမှာ ပြန်ပါဝင်ခဲ့ပါတယ်။ နောက်တန်းဟာ လူမရှိတာမို့ အတော့်ကို ဖာဂီခေါင်းစားခဲ့မယ် ထင်ပါတယ်။ လူငယ်အရံ ဂျွန်နီအီဗန်ကို ထုတ်သုံး ထားပါတယ်။ အလယ်တန်းမှာ ဟားဂရီဖ်၊ ဖလက်ချာ၊ နာနီ နဲ့ ပတ်ခ်ဂျီဆန်တို့ ပါဝင်ကစားကြသလို ရှေ့တန်းကတော့ ရူနီ နဲ့ တီဗက်စ်တို့ အတွဲက လူစုံလှပါတယ်။ ဖာဂီရဲ့ အသင်းဟာ ပထမပိုင်းမှာ စပိန်အသင်းကို တသင်းလုံးနီးပါး ဖိကစားနိုင်ခဲ့ပေမဲ့ အပိုင် ဂိုးသွင်းခွင့်တွေကိုတော့ ဆုံးရှုံးခဲ့ပါတယ်။ ပင်နယ်တီ ရနိုင်တဲ့ အခွင့်အရေး တခုလည်း ဆုံးရှုံးခဲ့ ရပါတယ်။


ဒုတိယပိုင်း ပြန် အစမှာတော့ ဗီလာရီးရဲဟာ တိုက်စစ်ဆင် ကစားခဲ့ပီး မိနစ်ခြောက်ဆယ် ၀န်းကျင်မှာ မန်ယူရဲ့ ဂိုးကို ခြိမ်းခြောက်နိုင်တာ တွေ့ခဲ့ ရပါတယ်။ အဲ့နောက်မှာ ဖာဂီဟာ ဟားဂရိဖ်နဲ့ ပတ်ခ်ဂျီဆန်ကို ထုတ်ကာ ရော်နယ်ဒိုနဲ့ အန်ဒါဆင်ကို ထည့်ကာ တိုက်စစ် အားဖြည့် ခဲ့ပါတယ်။ ၇၁ မိနစ်မှာ ရော်နယ်ဒို ခင်းပေးတဲ့ အလုံးကနေ တီဗက်စ်ဟာ အပိုင်ဂိုးသွင်းခွင့် ရပါလျှက် ဆုံးရှုံးခဲ့တာ နစ်နာလှပါတယ်။ မိနစ် ရှစ်ဆယ်မှာ တီဗက်စ် အစား ရိုင်ယန်ဂစ်စ် ၀င်လာခဲ့ပါတယ်။ နောက်ပွဲဟာ ပရီးမီးယားလိဂ်မှာ ချဲလ်ဆီးနဲ့ ကန်ရမှာ ဖြစ်တဲ့အတွက် လူကို ကြည့်သုံးနေရတဲ့ ဖာဂီအစား ခေါင်းရှုပ်မိပါတယ်။ ၈၂ မှာ ဂျွန်အီဗန် ရဲ့ ခေါင်းတိုက်ဘော တိုင်ထိခဲ့တာလည်း ဆုံးရှုံးမှု တခုဖြစ်ခဲ့ပါတယ်။


ပွဲသိမ်းတော့ အရင်နှစ် ရလဒ် တွေလိုပဲ သရေနဲ့ ပီးဆုံးခဲ့ပါတယ်။ ဒီပွဲမှာ ဦးဆောင်ခွင့် အသာစီးရမှု တွေ ရှိခဲ့ပေမယ့် သရေ ကျသွားခဲ့ပါတယ်။ ဘာပဲ ပြော ပြော ဒီသရေ ရလဒ်ကိုလည်း ကျေနပ် ရမှာဖြစ်ပါတယ်။

Whatever Gool Luck Devil ..

Filed Under:

About the Author

မြန်မာလူမျိုး မန်ချက်စတာယူနိုက်တက် အသင်း အားပေးသူများ ဆုံစည်းရာ နေရာလေး တစ်ခုပါ..။ Myanmar Manchester Fan Club.

3 comments

Trackback URL | Comments RSS Feed

  1. စောနွဲ့ says:

    ကဲ ကျေနပ်ပါတယ်ဗျာ ၁ မှတ်ပေါ့။ အရမ်းအရေးမကြီးပါဘူး။ ကြိုးကြာပဲ့တွေကို ရှုံးသွားတာကိုဘဲ ခုထိ ဆွေးနေရတာပါ။ ကဲ ဒီတပတ်ချက်စိကိုတော့ နိုင်အောင်ကန်ဗျာ။ ကျွန်တော်တို့တွေ အတွက်။ ဂုဏ်သိက္ခာအတွက်... မန်ယူ မန်ယူ....

     
  2. မိုးသောက်ယံ says:

    ဟုတ်ပါတယ် ကိုစောနွဲ့ရေ .. ဘယ်တတ်နိုင်ပါ့မလဲ ရသလောက်ပေါ့နော့ .. ပထမဆုံးတပွဲပါ ကျန်ပါသေးတယ် အဟက် အဟက် ..

     
  3. Vangie says:

    Well written article.

     

Leave a Reply