မြန်မာ မန်ချက်စတာယူနိုက်တက်ဖန် ဘလော့အား ကွန်မြူနတီ နှင့် ပေါင်း၍ အသစ်ထပ်မံ ဖွင့်လှစ်ထားပါသည် လက်ရှိအချိန်တွင် လိုအပ်သည်များကို ဆက်လက် ဖြည့်ဆည်းနေဆဲ ဖြစ်သော်လည်း ပိုစ့်များကို နောက်အသစ် ဖွင့်လှစ်သော www.manutdmm.com တွင်သာ ဆက်လက် ရေးသား သွားမည် ဖြစ်ကြောင်း မန်ယူဖန် များအား အသိပေးအပ်ပါသည်..။ မြန်မာမန်ချက်စတာဖန်ကလပ် သို့ သွားရန် အပေါ်မှ ပုံကို ကလစ်လုပ်ပါ သရဲနီချစ်မြတ်နိုးသူများအား ဖိတ်ခေါ်ပါတယ်
  • Match Review

  • Highlights

  • Premier League

  • Match Preview

  • Champion League

  • Player News

  • Man U News

  • Transfer News

  • Interview

  • Manchester United Club History

  • Feature

ကျွန်တော်တို့ရဲ့ မန်ယူ။။။

click to comment


ကဲ ချန်ပီယံလိဒ်အဖွင့်ပွဲကိုတော့ သရေ၁မှတ်တော့ ယူလိုက်ပါပီ။ အေးဆေးပါ အဲဒီအတွက်မပူပါဘူး။ အုပ်စုဗိုလ်ရမှာလို့ မျှော်လင့်ပီးသားပါ။ ကြိုးကြာပဲ့တွေကို ရှုံးသွားတာကိုဘဲ ခုထိ အခဲမကြေသေးတာပါ။ ကျွန်တော် အရင်ပိုစ်မှာပြောဖူးပါတယ်။ ဒီနှစ်အဓိက ပြိုင်ဘက်က ကြိုးကြာတို့ ဖြစ်မယ်ဆိုတာ။ ချက်စိက ဒုတိယပေါ့။ပီးမှ အာကြီးပေါ့။ ဒီနှစ်ကျွန်တော် နောက်တန်းကို အရမ်းလိုချင်ခဲ့တာပါ။ အလယ်တန်းမှာ ဒိုလေးမသွားရင် မလိုပါဘူး။ ဒိုလေးသာ ထွက်သွားရင် မန်ယူ တကယ်ကို ခံရမှာပါ ဒီနှစ်။ ဒေးဗစ်ထွက်သွားတုန်းကလည်း ကျွန်တော်တို့ မန်ယူ ၂နှစ်လောက် ကွဲလိုက်ရသေးတာဘဲလေ။



ကဲ အဲဒါတွေ မေ့လိုက်ရအောင်။ ခုဝစ်ခမ်းမှာ ကစ်မဲ့ ချက်စိနဲ့ ပွဲကြရင်ဘဲ အားကိုးပါတယ် မန်ယူရေ။ အိုးထရက်ဖိုဒ်ဆိုတော့ အားတော့ တာသာပေါ့လေ။ ချက်စိကလည်း တခြားအသင်းတွေကို ဂိုးပြတ်တွေဘဲ တွယ်ထားတော့ ရှိန်တာပေါ့။ ဟီးးး ချက်စိ လာစမ်း။ ဂုတ်ချိုးသတ်ပလိုက်မယ်။ မုန်းတယ်ဗျ ချက်စိဆိုရင် တကယ်ဗျာ။ အပြင်မှာ ချက်စိဖန် သူငယ်ချင်းတွေနဲ့ တွေ့ရင် အဲဗားဖိုက်နေတာဘဲ။ မနှစ်ကလောက် ချိုမြိန်တဲ့အောင်ပွဲ မရှိဘူးဗျာ။ ချန်ပီယံ ၂ခုလုံးကို ချက်စိကို ဂုတ်ချိုးပီးရတာဆိုတော့ ပျော်လိုက်တာဗျာ အရမ်းဘဲ။ နောက်တနေ့မှာ မန်ယူ ဂျာစီနဲ့ စလုံးတမြို့လုံးကို ပတ်လိုက်တာပေါ့…ဟီးး တယောက်တည်းတော့ မဟုတ်ဘူး မန်ယူ သူငယ်ချင်းအဖွဲ့တွေနဲ့။ ၁ယောက်တည်းဆိုရင် မလေးချက်စိတွေက ရိုက်ရင် ကြောက်ရတယ်လေ။ဟီးးး မန်ယူကွင်းဘဲဗျာ ချက်စိကို ဖဲ့နိုင်မှာ အသေအချာပါ။ အေးဆေးပါ… ဖလားတလုံးရပီးပီဘဲ… ဟဲဟဲ ကွန်မြူနတီဒိုင်းလေ။ ဒီနှစ် ချန်ပီယံလိဒ် ထပ်မရရင်တောင် ပရီးမီးယားချန်ပီယံထပ်ဖြစ်ရင်တော့ ကျွန်တော့် အပျော်ဆုံးနေ့တစ်ခုဖြစ်လာမှာ အသေအချာပါဘဲ ခင်ဗျာ….. Manchester United is champions again ဆိုတဲ့ အသံကို စောင့်စားနေပါ၏။


Filed Under:

About the Author

မြန်မာလူမျိုး မန်ချက်စတာယူနိုက်တက် အသင်း အားပေးသူများ ဆုံစည်းရာ နေရာလေး တစ်ခုပါ..။ Myanmar Manchester Fan Club.

2 comments

Trackback URL | Comments RSS Feed

  1. မိုးသောက်ယံ says:

    hello ကို zaonoik ရေ ခုလို ဘလော့လေး ပြန်စည် လာအောင် ပို့စ်တွေ တင်ပေးခြင်းအတွက် အထူး ကျေးဇူး တင်ရှိပါတယ် ခင်ဗျာ။ မန်ယူ မနေ့ညက ပွဲမှာ နိုင်သင့်လျှက် သရေ ၁ မှတ်နဲ့ပဲ ကျေနပ်လိုက်ရတာပေါ့။ ဒါပေမဲ့ လာမဲ့ ပွဲမှာ မန်ယူဟာ ချဲဆီးရဲ့ စတမ်းဖို့ဘရစ်ခ်ျ မှာ သွားကန်ရမယ်လို့ ထင်ပါတယ် ကို zaonoik များ အမှတ်မှား သလားမသိဘူး။ လီဗာပူး အဝေးပွဲ ချန်ပီယံ လိဂ် ပီးတာနဲ့ ချဲဆီး အဝေးမှာ သွားကန်ရမှာ မန်ယူ အသင်းအတွက် အန္တရာယ်များလှပါတယ်။ ဒဏ်ရာ၊ ပွဲပယ် လူတွေရှိနေတော့ ပိုဆိုးတာပေါ့။ ဘာပဲ ဖြစ်ဖြစ် ကျနော်တို့ အတတ်နိုင်ဆုံး အကောင်းဆုံး မျှော်လင့် ကြတာပေါ့ ။

     
  2. စောနွဲ့ says:

    ဟာ ဟုတ်လား။ ကျွန်တော်က မန်ယူကွင်းထင်နေတာ။ ဟီးးး ဆောရီးပါဗျာ... အီး မလွယ်ပါလား ဟူးးးး နိုင်အောင်ကန်ပေးပါလားကွယ်

     

Leave a Reply