မြန်မာ မန်ချက်စတာယူနိုက်တက်ဖန် ဘလော့အား ကွန်မြူနတီ နှင့် ပေါင်း၍ အသစ်ထပ်မံ ဖွင့်လှစ်ထားပါသည် လက်ရှိအချိန်တွင် လိုအပ်သည်များကို ဆက်လက် ဖြည့်ဆည်းနေဆဲ ဖြစ်သော်လည်း ပိုစ့်များကို နောက်အသစ် ဖွင့်လှစ်သော www.manutdmm.com တွင်သာ ဆက်လက် ရေးသား သွားမည် ဖြစ်ကြောင်း မန်ယူဖန် များအား အသိပေးအပ်ပါသည်..။ မြန်မာမန်ချက်စတာဖန်ကလပ် သို့ သွားရန် အပေါ်မှ ပုံကို ကလစ်လုပ်ပါ သရဲနီချစ်မြတ်နိုးသူများအား ဖိတ်ခေါ်ပါတယ်
  • Match Review

  • Highlights

  • Premier League

  • Match Preview

  • Champion League

  • Player News

  • Man U News

  • Transfer News

  • Interview

  • Manchester United Club History

  • Feature

မန်ယူနိုက်တက် vs ဝီဂန် (အိမ်ကွင်း)

နောက်ထပ်အိမ်ကွင်းပွဲရောက်လို့ လာပါပြီ။ ပြီးခဲ့တဲ့ အဝေး ၂ ပွဲဖြစ်တဲ့ စီးတီးနဲ့ ဗီလာပွဲကို သရေကျပြီး ၆ မှတ်မှာ ၂ မှတ်သာယူနိုင်တဲ့အတွက် မကျေနပ်စရာတွေကအများသား။ ဒါပေမဲ့ အဆိုးထဲကအကောင်းထုတ်ပြီး ပြရရင် မနှစ်ကစတဲ့ ပွဲပေါင်း ၂၆ ပွဲ ရှုံးပွဲမရှိတဲ့ စံချိန်ရယ်။ ဒီစံချိန်က ၁၉၉၉ ကတည်းက အကြာဆုံး ရှုံးပွဲမရှိစံချိန်တဲ့ဗျ။ ၂ ဂိုးနဲ့ ရှုံးနေရာကနေ နောက်ဆုံးမိနစ်အထိ ဇွဲမလျော့တဲ့ စိတ်ဓါတ်နဲ့ စုတ်ပြတ်နေအောင်ကစားပစေဦး အရှုံးကိုတော့ လွယ်လွယ်နဲ့ လက်ခံလို့ မရတဲ့ စိတ်ဓါတ်အတွက်ရယ်။ ချဲဆီးအိမ်ကွင်းမှာ ဆန်းဒါးလန်းကို ပိုးဆိုးပက်စက်ရှုံးပြီး မန်ယူအငှားချထားတဲ့ ဝဲဘက် အကောင်းဆုံးဆုရတယ်ရယ်ပေါင်း ပြီး ဒီလောက်တော့ မဆိုးဘူးပာ လို့ ဆိုရပါလိမ့်မယ်။ ပြီးခဲ့တာတွေ ပြန်နွေးမနေတော့ပါဘူး အခုပွဲကို ကြည့်ရအောင်။

ရွန်နီအပြန်လမ်း

ရွန်နီပြဿနာတွေ ဆုံးခန်းတိုင်ပြီလို့ ယူဆရတာပဲ။ ပွဲလဲသေပြီးမီးလဲငြိမ်းပြီမလား။ မိန်းမနဲ့ လဲမကွဲဘူး စာချုပ်လဲချုပ်ဆိုပြီးပြီး အင်္ဂလန်နောက်ဆုံးပွဲ မပါခဲ့ရတဲ့အတွက် မီဒီယာတွေရဲ့ လှည့်ပြီးမဲတာတွေ တဖက်ရောက်ကုန်တဲ့အပြင် နိုက်တောင်းမှာ အလေးချိန်အတော်လေးလျော့လာပြီး ထရိန်နင်ကွင်းမှာ ပေါ့ပါးလန်းဆန်းတက်ကြွနေတယ်ဆိုပဲ။ မန်ယူပရိတ်သတ်အချို့ ရဲ့ မေတ္တာကိုပြန်ရဖို့ ဝီဂန်က အိမ်ကွင်းမှာ အစမ်းသပ်ခံဖြစ်တော့မဲ့ အခြေအနေပါပဲ။ ဒါပေမဲ့ ဖာဂီက ဝိန်းပွဲစကတည်းက မပါလောက်ဘူး လို့ ဆိုလေတော့ အရံခုံကနေ ဝင်ကစားဖို့ များပါတယ်။ ဖာဂီက ရွန်းဂျားနဲ့ ပွဲကိုတော့ သေချာပေါက်ပါဖို့ အာမခံသွားလေရဲ့။

ပေါင်တွင်းကြောဒဏ်ရာကြောင့်နားနေတဲ့ ရွိုင်ရန်ဂစ် ပြန်ပါပြီးတစိတ်တပိုင်းကစားနိုင်ပါတယ်။ ဘရာဇီးသား ရာဖာရဲ နဲ့ အန်ဒါဆင်လည်း အခြေအနေတိုးတက်လာတဲ့အတွက် အရံခုံမှာ ပြန်မြင်နိုင်သလို နောက်ဆုံး ပွဲပယ်ခံထားရတဲ့ စကိုးလ် ကိုတော့ ပွဲစကတည်းကပါဝင်နိုင်ပါတယ်။

ဝီဂန်အတွက် မပါနိုင်တဲ့ကလဲဗားလေး


ပြီးခဲ့တဲ့ သူတို့ အနိုင်ဖြစ်တဲ့ လီဗာပွဲနဲ့ ဝက်စ်ဘရွန်း ပွဲ ပွဲလုံး ခြေစွမ်းပြပြီးကစားပေးသွားတဲ့ မန်ယူအငှားချထားတဲ့ ကလဲဗားလေး မိခင်ကလပ်နဲ့ ပွဲပယ်တဲ့အတွက် ပါဝင်ကစားပေးနိုင်မယ်မပာုတ်ပါဘူး။ ပြီးခဲ့တဲ့ ၂ ပွဲကြောင့် စိတ်ပိုင်းတက်ကြွနေတဲ့ ဝီဂန်မန်ယူကို လှန်နိုင်မလား ဆိုရင် မနှစ်က ပွဲပေါင်းအရ မန်ယူက ၁၀ ဂိုးနဲ့ ဝီဂန်က ဂိုးမရှိပဲ ဆက်တိုက်ရှုံးခဲ့တဲ့အတွက် ဒီနှစ်အဖို့  အိုးထရပ်ဖို့ ဒ်မှာ သိပ်တော့မထင်ပါဘူး။ မနှစ်က အိုးထရပ်ဖို့ ဒ် အရကတော့ ၅ ဂိုးမန်ယူကသွင်းပြီး ရွန်နီ၊ ကဲရစ်၊ ရာဖာရဲ၊ ဗာဘာတော့ နဲ့ ဗလန်စီယာတို့ သွင်းယူပေးခဲ့တာပါ။

ဖြစ်နိုင်ချေ လိုင်းအပ်

Football Fans Know Better

အရံ - ကူးချက်၊ ရွန်နီ၊ ဂစ်၊ ဘီဘီ၊ အိုဘာတန်၊ ရာဖာရဲ၊ ပတ်ကျိဆန်

စနေပွဲမှာ အာကြီးတို့ စပါးကိုကျော်နိုင်မလား နောက်တန်းမရှိတဲ့ ချယ်ဆီးတို့ ဘာမင်ဂမ်ကို အနိုင်ယူမလား ဆိုတဲ့ သံသယတွေကြားမှာ ယူနိုက်တက်အဖို့ ပြတ်ပြတ်သားသားအနိုင်ယူပြပြီး အကောင်းဆုံးအခြေအနေရယူဖို့ ၃ မှတ်ယူရမဲ့ပွဲပါပဲ။

ခန့် မန်းရလဒ်ကတော့ ၃-၀ နဲ့ မန်ယူအနိုင်ဗျာ!



Filed Under: , , ,

About the Author

မြန်မာလူမျိုး မန်ချက်စတာယူနိုက်တက် အသင်း အားပေးသူများ ဆုံစည်းရာ နေရာလေး တစ်ခုပါ..။ Myanmar Manchester Fan Club.

Leave a Reply